ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်သော အာဇာနည်နေ့အခမ်းအနားကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ ဒေသခံများနှင့် သပိတ်အင်အားစုတွေစုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။
၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးသွားခဲ့သည် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦးနှင့် ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက်တွင် ကျဆုံးခဲ့ရသော သူရဲကောင်းများနှင့် အတူ နွေဦးတော်လှန်ရေးအတွင်းတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းများကိုလည်း ဦးညွတ်ဂါဝရပြုခဲ့ကြသည်ဟု ချင်းတွင်းမြစ် ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်ဒေသနှင့် ကရင်ပြည်နယ်တို့တွင်လည်း အာဇာနည်အခမ်းအနားကို အလေးပြုခြင်းအပြင် လုထုလှုပ်ရှားမှုများ၊ စစ်ကောင်စီကို ဆန့်ကျင်သော ဆန္ဒပြပွဲများကိုပါ ပူးတွဲ လုပ်ဆောင်ခဲ့ကြသည်။