


ထိုင်းစံတော်ချိန် ည ၈ နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်ခြမ်းမှ ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင်၊ မဲ့ရမတ်မြို့နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၁ ဦးကို နယ်စပ်ဒေသလုံခြုံရေး ထိုင်းတပ်ဖွဲ့ဝင်များကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများကို တရားဥပဒေအတိုင်းဆောင်ရွက်နိုင်ရန်အတွက် မဲ့ရမတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။