စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးအတွင်းတို့ရှိ စစ်ရှောင်များနှင့်ကလေးငယ် များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် PRAဆေးအဖွဲ့ ဆေးဝါးမလုံလောက်မှုကြောင့် လူနာများကို ဆေးချွေတာပေးနေရသည်ဟု သိရသည်။
စစ်ဘေးရှောင်များ၊ လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့်ကျန်းမာရေးအလှမ်းဝေးသည့်ဒေသများနှင့် NUG ပညာရေးစနစ်ဖြင့် သင် ကြားပေးနေသည့် သင်တန်းကျောင်းများရှိ ကလေးငယ်များကို အခြေခံကျန်းမာရေးစောင့် ရှောက်မှုပေးနေသောကြောင့် ဆေးဝါးလိုအပ်ချက်များစွာရှိနေသည်ဟု People Revolution Army PRA တပ်ရင်း (၉) ဆေးမှူးကပြောသည်။
၎င်းက” စခန်းမှာရှိနေတဲ့ဆေးဝါးနဲ့ ကုသပေးဖို့လိုအပ်နေတဲ့ရွာနဲ့ကမမျှဘူးဖြစ်နေတာ။ ကုပေးရမယ့်လူနာကရှိသေးတယ်။ ဆေးကပြတ်သွားရင်အရမ်းစိတ်မကောင်းဖြစ်ရတယ်။ တခါတလေမှာ များများပေးချင်ပေမယ့် ဆေးကိုချွေတာပေးလိုက်ရတာတွေရှိတယ် “ဟု ဆိုသည်။
PRA ဆေးအဖွဲ့သည် တစ်လလျင်ကျေးရွာ ၄ရွာခန့်အထိသွားရောက်၍ ဆေးကုသမှုပေနေပြီး ရွေ့လျားစနစ် Mobile Clinicဖြင့် သွားလာကုသပေးနေသောကြောင့် ဆိုင်ကယ်လိုအပ်ချက် များလည်းရှိနေသည်ဟု သိရသည်။
” PRA Medical Team အနေနဲ့က ယခုအချိန်အထိ တကျပ်တပြားမယူဘဲ အခမဲ့ကုသပေးနေတာဆိုတော့အခက်ခဲကအရမ်းများတယ်။ Mobile Clinic အနေနဲ့လဲလှုပ်ရှားနေတာဆိုတော့ ဆိုင်ကယ်လိုအပ်ချက်ရှိနေတယ်”ဟု ဆေးမှူးကပြောသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဇွန်လကတည်းက ဆေးဝါးကုသမှုပေးနေသည့် PRA ဆေးအဖွဲ့ကို Logistic Force Mandalay(LFM)၊လူထုသပိတ် လှုပ်ရှားမှုများပြုလုပ်နေသည့်အညာပစ်တိုင်း ထောင်လေးများ အဖွဲ့၊ ပြည်ပမှကူညီထောက်ပံ့ပေးနေသည့်အဖွဲ့နှင့်အလှူရှင်တချို့က ဆေးဝါးများထောက်ပံ့ပေးနေသည်။
“လစဉ်လူဦးရေ ၃၀၀ ဝန်းကျင်လောက်ကုသ ပေးရတယ်။ ဆီးချိုရောဂါကတော့ ၁၀ ယောက် ကို ၃ ယောက်လောက်ဖြစ်တာတွေ့ရတယ်။ သွေးတိုးကျတော့ ၁၀ ယောက်ကို ၈ ယောက် လောက်ဖြစ်တယ် “ဟု ဆေးမှူးကပြောသည်။
စစ်ရှောင်ကျေးရွာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အာရုံကြောအားနည်းသည့် ရောဂါနှင့်ရာသီတုတ်ကွေးရောဂါများက အဖြစ်များနေပြီး ထိုရောဂါများအတွက်ဆေးများက အမြဲလိုအပ်လျက်ရှိသည်ဟု သိရသည်။
” စစ်ရှောင်ဒေသတွေသွားရောက်ကုသရင်လေ အများစုကဘာတွေဖြစ်လဲဆိုရင် အလန့်တကြားပြေးလာရတော့ ထိခိုက်မိတာတွေ အိမ်မီးရှို့ခံရလို့ ဝမ်းနည်းပြီး သွေးပေါင်တွေအရမ်းတက်လာတာတွေ ကလေးသူငယ်လေးတွေ ဖျားနာကုန်တာတွေ သက်ကြီးရွယ်အိုတွေအာဟာရပြတ်လပ်တာတွေက အများစုကြုံရတယ် “ဟု ဆေးမှူးကပြောသည်။
သွေးတိုးရောဂါနှင့်ဆီးချိုရောဂါကဲ့သို့သော နာတာရှ ည်ရောဂါများအတွက်အနည်းဆုံး ဆေး ၁၀ရက်စာပေးရသော်လ ည်း ဆေးမလုံလောက် ၍ ဆေးဝါးများမပေးနိုင်သည့် အခြေအနေ၌ ဆေးကတ်ပြ၍ ဒေသခံများကို ဝယ်ခိုင်းရာတွင် လည်း ဝယ်ယူမရရှိသည့် အခက်အခဲများလည်းရှိနေသည်ဟု သိရသည်။
ပုံ- People Revolution Army (၉) PRA Medical Team
ပုံစာ-စစ်ရှောင်နှင့်အနီးအနားကျေးရွာရှိဒေသခံများကိုဆေးပေးနေသည့်မြင်ကွင်း