• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
  • ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး
  • လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်
  • မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်
  • အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
  • အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို
  • ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ယမန်နေ့ ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး
တိုက်ပွဲသတင်း

ယမန်နေ့ ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

thanlwinkhetBy thanlwinkhetDecember 28, 2022No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်တွင် တစ်နေကုန် နီးပါးတိုက်ပွဲပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့များထံမှသိရှိရသည်။

ကော့ကရိတ်မြို့အနီးရှိ ကော့နွဲကျေးရွာနှင့်ရွာသစ်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့်KNLA ပူးပေါင်းတပ်တို့အကြား ယမန်နေ့ နံနက် ၇နာရီမှစ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

” ၇ နာရီကနေ ညနေ၃ နာရီအထိပစ်တယ်။ နားပြီးတဲ့အခါကျတော့ လက်နက်ကြီးတွေနဲ့ ထုနေတုန်းပဲပေါ့နော် ။နာရီဝက်ကြားတစ်ခါ၊ တစ်နာရီကြားတစ်ခါ အဲလိုမျိုးထုနေတာ “ဟု ကျားဖြူစစ်ကြောင်းတပ်ခွဲ ၁မှ ဗိုလ်မှူးဝင်းဇော်လေးက သံလွင်ခက်ကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း၌ နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး၍ ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ ၅ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကပြောသည်။

“  တပ်ရင်း ၂၇ က တစ်ယောက်ကျတယ် ။ နောက်ထိခိုက်ဒဏ်ရာရသူတွေက မစိုးရိမ်ရဘူးပေါ့။ ရန်သူဘက်ကတော့ ၂၀ နဲ့အထက်သေဖို့များတယ်။ အလောင်းတွေ သူတို့မကောက်နိုင် သေးဘူး “ဟု ဗိုလ်မှူးဝင်းဇော်လေးကသံလွင်ခက်ကိုပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက် ၁၁နာရီနှင့် နေ့လည် ၁နာရီခွဲခန့်တို့၌ ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၆နာရီတွင် ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့ပြင်ယနေ့ နံနက်အစောပိုင်း ၂နာရီကျော်အချိန်တွင်လည်း စစ်ကောင်စီတပ်မှလေယာဉ်ဖြင့်လာရောက်ဗုံးကြဲခဲ့သည်ဟု ကော့ကရိတ်တိုက်ပွဲတွင်းရောက်ရှိနေသည့် PDF ရဲဘော်တစ်ဦးကပြောသည်။

၎င်းက” မနေ့ကနဲ့ဒီမနက်ထိကို ဂျက်ကနှစ်ခါ ။ တိုက်လေယာဥ်နဲ့က သုံးခါရှိပြီ “ဟု စစ်ကောင်စီတပ်က ယမန်နေ့နှင့်ယနေ့နံနက်အစောပိုင်းတို့၌ လေကြောင်းမှ လာရောက်တိုက်ခိုက်သည့် အကြိမ်ရေကိုပြောသည်။

ယမန်နေ့ ကော့ကရိတ်တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေယာဥ်ပစ်ကူများဖြင့်တိုက်ခို က်ခဲ့သည့်အပြင် ကရင်နယ်ခြားစောင့်တပ် BGF မှလည်း စစ်ကားအစီး ၂၀ဖြင့် စစ်ကူပေးခဲ့သည်ဟု သိရသည်။

” မနေ့က တစ်နေ့ကုန်လုံးပစ်နေကြတာ။ BGF က ကားအစီး၂၀နဲ့ စစ်ကူလာတယ်။ သူတို့ (စစ်ကောင်စီတပ်များ)ကအင်အားနဲ့လာဖိတာ “ဟု KNLA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူ ထောက်ပို့ PDF ရဲဘော်တစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၁၆ရက်နေ့ကတည်း တိုက်ပွဲများဖြစ်ပွားနေ့သည့် ကော့ကရိတ်တိုက်ပွဲ၌ ယမန်နေ့တွင်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ပြန်ဆုတ်ခဲ့ရသည်ဟု သိရသည်။

” ကော့ကရိတ်တိုက်ပွဲသို့ နေ့စဉ်ရက်ဆက် လက်နက်ကြီးများ၊ ရဟတ်ယာဉ်ပစ်ကူများဖြင့် ထိုးစစ်ဆင်နေသော်လည်း အထိနာနေသော စကစသည် ရှေ့ဆက်မတိုးနိုင်သည့်အပြင် တပ်ဆုတ်​နေရသည့်အတွက် ယနေ့တွင်တိုက်လေယာဉ်များပါ အသုံးပြုပြီး ဝေဟင်မှ ဗုံးကြဲ တိုက်ခိုက်နေသည်။ တပ်ဆုတ်ရာတွင် ကျေးရွာများက်ို မီးရှို့ဖျက်ဆီးသွားရန်အမိန့်ပေးထားကြောင်း သိရသည်“ဟု ယမန်နေ့တွင် ကျားဖြူစစ်ကြောင်းက ဖော်ပြထားသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့နွဲကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၁၀ ရက်ကျော်ကြာလာသည့်ကော့ကရိတ်တိုက်ပွဲတွင်း၌ လက်န က်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများကြောင့် သံဃာတော်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုများရှိနေကာ နေအိမ်အဆောက်အဦးများစွာလည်း ပျက်စီးနေသည်ဟု သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleယနေ့ ကော့ကရိတ်တိုက်ပွဲ၌ ကော်ဘရာစစ်ကြောင်း ၏ CDM ဒေါက်တာစနိုက်ပါရဲဘော် ကျဆုံး
Next Article မြင်းခြံမြို့နယ်ရှိ ပျူရွာကို မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်
thanlwinkhet
  • Website

Related Posts

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

June 13, 2025

ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ

June 12, 2025

Leave A Reply Cancel Reply

Recent Posts

  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
  • ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး
  • လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်
  • မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး

ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး

လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

June 14, 2025

ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး

June 14, 2025

ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး

June 13, 2025

လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်

June 13, 2025

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

June 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.