• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး
  • လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်
  • စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်
  • စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပြည်တွင်းသတင်း»မြင်းခြံမြို့နယ်ရှိ ပျူရွာကို မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်
ပြည်တွင်းသတင်း

မြင်းခြံမြို့နယ်ရှိ ပျူရွာကို မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်

thanlwinkhetBy thanlwinkhetDecember 28, 2022No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မြင်းခြံမြို့နယ်ရှိ ပျူရွာကို မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်
**************************

ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ဆုံရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့နံနက် အစောပိုင်း ၁ နာရီခွဲခန့်က မြင်းခြံမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့ရာ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီတပ်က လက်နက်များ တပ်ဆင်ပေးထားပြီး အဆိုပါ ပျုစောထီးအဖွဲ့ဝင်များသည် ထိုလက်နက်များဖြင့် ဆက်ကြေးကောက်လေ့ရှိသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၂ ၏ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။

” ပျူဘက်က တစ်ယောက်သေတယ်၊ ကျန်တာတော့ အတိအကျမသိရသေးဘူး။ သူတို့က အဲဒီ့လက်နက်တွေနဲ့ သူတို့ရွာကို မလာရဘူး မဖြတ်ရဘူးပြောတယ်။ လာရင် ပစ်သတ်မှာဆိုပြီး ခြိမ်းခြောက်မှုတွေရှိတယ် ဆက်ကြေးတောင်းတာတွေရှိတယ် ” ဟုပြောသည်။

တိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးလည်း ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာအခြေအနေပြင်းထန်သောကြောင့် တပ်ဆုတ်ခဲ့ကြသည်ဟု ၎င်းက ဆက်ပြောသည်။

မဟာမိတ် ရဲဘော်များတပ်ဆုတ်စဉ် ဆုံရွာသို့ နဘူးအိုင်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကူလာရာ နံနက် ၂ နာရီခန့်တွင် ပင်လယ်ကျေးရွာနှင့် ကန်ရွာကျေးရွာကြား၌ စစ်ကောင်စီတပ်သားများ စီးနှင်လာသည့် ကားကို အဆိုပါ ရဲဘော်များ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ၏ ကားပျက်စီးကာ တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၂ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို myingyan 21 guerrilla force အပါအဝင် မဟာမိတ် ၇ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောင်မြို့နယ် ကျောက်ရစ်အထိုင်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့နယ် ရွှေဘုံသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ချိန် ဒီဇင်ဘာ ၆ ရက်နေ့ကလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
တိုက်ပွဲသတင်း နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleယမန်နေ့ ကော့ကရိတ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး
Next Article စစ်ကောင်စီတပ် နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်း ကြည်ဘုရားထွက် ကျေးရွာနေအိမ် ၇၀၀ခန့် မီးလောင်ပြာကျ
thanlwinkhet
  • Website

Related Posts

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

စစ်ကော်မရှင်ရွေးကောက်ပွဲက သူတို့ အာဏာသက်ဆိုးရှည်ဖို့ လုပ်တာဖြစ်တယ်

September 13, 2025

ထမင်းမစားရွာတပ်စခန်း ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ် အထိနာ၊ ၁၅ ဦးသေဆုံး

September 12, 2025

Leave A Reply Cancel Reply

Recent Posts

  • ၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ
  • KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော
  • သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး
  • ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး
  • ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

၁၃ နှစ်ကြာ ပိတ်ထားသည် မောင်တောဗလီကြီးတွင် ပြန်လည် ဝတ်ပြုခွင့်ရပြီ

September 15, 2025

KNA အမည်ပြောင်း BGF က ယုံကြည်မရဟု KNU ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုပြော

September 14, 2025

သရက်တပင်ဗုံးကြဲခံရမှုတွင် ဆေးကုသနေရသော ရခိုင်ကလေးငယ်တစ်ဦး ထပ်မံသေဆုံး

September 14, 2025

ဘန်ကောက်ရှိ မြန်မာသံရုံးတွင် ကြိုတင်မဲပေးကာလ ရက်ထပ်တိုး

September 13, 2025

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၃ ဦး ရေနစ်သေဆုံး

September 13, 2025

လေးကေ့ကော် စစ်ရှောင် ၂၇၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်

September 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.