မနက်ဖြန်၊ ဧပြီလ ၁ ရက် April Fool Dayတါင် အများပြည်သူကို ထိတ်လန့်စေသော သတင်းတု၊ သတင်းမှားများကို တင်မည်ဆိုပါက ထိုင်းတည်ဆဲဥပဒေ ၃ ခုဖြင့် အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်နိုင်မည့် ပုဒ်မများနှင့် တရားစွဲဆိုသွားမည်ဟု ထိုင်းဆိုင်ဘာရဲမှူးချုပ်က ပြောကြားခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း အများပြည်သူထိတ်လန့်စေရန် မဟုတ်မမှန်သတင်းများလူမှုကွန်ယက်ပေါ်တင်ပါက (၁) သတင်းအတု၊ မမှန်မကန် သတင်းမှားများဖော်ပြပါက ကွန်ပျူတာအက်ဥပဒေပုဒ်မ ၁၄(၁) အရ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဘတ် ၁၀၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။
(၂) တခြားသူဖော်ပြထားသော သတင်းမှားများကို ပြန်လည်ဖြန့်ဝေခြင်း သို့မဟုတ် တစ်ဆင့်ခံဆောင်ရွက်ခြင်းကျူးလွန်ပါက ကွန်ပျူတာအက်ဥပဒေ ပုဒ်မ ၁၄ (၁၅) အရ ၅ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဘတ် ၁၀၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်း ခံရမည်ဖြစ်သည်။
(၃) လူမှူကွန်ယက်တွင် ယဥ်ကျေးမှုမရှိသောအရာများမျှဝေခြင်း၊ ဆဲဆိုခြင်း၊ ရိုင်းစိုင်းသောထင်မြင်ချက်များကို ဖော်ပြခြင်းနှင့် အသရေဖျက်မှုများပြုလုပ်ပါက ဥပဒေပုဒ်မ ၃၂၈ အရ ၂ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဘတ် ၂၀၀,၀၀၀ ထက်မပိုသော ငွေဒဏ်များ အပစ်ပေးချမှတ်နိုင်ကြောင် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့မှထုတ်ပြန်ခဲ့သည်။
ဓါတ်ပုံ – Khaosod Online