မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်အပြီး ၁၄ ရက်အကြာတွင် ဘန်ကောက်ရှိ ပြိုကျစာရင်းစစ်ရုံးအဆောက်အအုံ ဘီဇုန်ကျိုးပျက်အပျက်အစီးအောက်မှ မိုဘိုင်းဖုန်းမီးရောင်များကို ကယ်ဆယ်သမားများက တွေ့ရှိခဲ့သည်ဟု ထိုင်းသတင်းဌာန Khaosod သတင်းအရ သိရသည်။
ရေဒါကင်မရာများကို အသုံးပြု၍ ထောက်လှမ်းရာတွင် လူ နှစ်ဦးမှ သုံးဦး၏ ပုံရိပ်ကို တွေ့ရှိခဲ့ပြီး ယခုတွင် ကယ်ဆယ်ရေးသမားများက လိုဏ်ခေါင်းဝကို စစ်ဆေးရန် အလျင်အမြန် ဖွင့်လှစ်နေကြသည်ဟု သိရသည်။
၎င်းတို့အနေဖြင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိနိုင်မည့် မျှော်လင့်ချက် ၉၀% ရှိနေသည်ဟုလည်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး အဆောက်အဦးပြိုကျမှုကြောင့် ယနေ့အထိ ပိတ်မိနေသူ ၆၉ ဦးကို ရှာဖွေကယ်ဆယ် ရေးများ လုပ်ဆောင်နေဆဲ ဖြစ်သည်
အဆိုပါ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးနေသူ ၁ဝ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦး ရှိခဲ့သည်ဟု ထိုင်းကယ်ဆယ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ပျောက်ဆုံးနေသူများတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ဝ ဦးခန့် ပိတ်မိနေသည်ဟုလည်း မြန်မာအလုပ်သမားအရေးကူညီနေသူများထံမှ သိရသည်။