• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်
  • ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ
  • ဟာသသရုပ်ဆောင် လူရွှင်တော်နေကျော် ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်
  • ဘူမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင် ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ပြန်ရွေးချယ်ခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်အကြောင်းမဲ့ပစ်ခတ်
တိုက်ပွဲသတင်း

ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများကို လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်အကြောင်းမဲ့ပစ်ခတ်

thanlwinkhetBy thanlwinkhetDecember 17, 2022No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းအရှေ့ခြမ်းကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်  အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ၁၇ရက်၊ နံနက် ၁၀ နာရီခန့်တွင် ရေဦးမြို့မှ ကားကြီး ၂ စီးဖြင့် ကုက္ကိုစုရွာ သာလေးကျေးရွာဘက်ထွက်လာသော အင်အား ၆၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

” ၇ ချက်အပစ်ခံရတာ ။ ဆက်တိုက်ပစ်တော့ ပထမက ညောင်လှရဲ့မြောက်ဘက်က ဆေးနီးကုန်းလို့ခေါ်တဲ့ သုဿာန်ကိုကျတယ်။ နောက် လေးလုံးက ရွာထဲကိုကျတယ် “ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ညောင်လှ ဒေသခံအမျိုးသမီးတစ်ဦးခြေထောက်ထိမှန် (လတ်တလော မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အနီးနားရှိ နေအိမ်၅ လုံးခန့်ထိမှန်ပျက်စီးခဲ့သည်ဟုသိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ‌ ပြည်သူအများအပြားလည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟုသိရသည်။

ဒီပဲယင်းအရှေ့ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးခြင်းနှင့် လက်နက်ကြီးများပစ်ခတ်ခြင်းတို့ဖြင့် နေအိမ်များစွာကို ဖျက်ဆီးနေသည်။

ယခုလ ဒီဇင်ဘာ၁ရက်မှ ၁၀ရက်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမီးရှို့ဖျက် ဆီးမှုကြောင့် ဒီပဲယင်းအရှေ့ခြမ်းရှိကျေးရွာ ၁၉ရွာမှနေအိမ် ၁၇၀၀ ကျော်အထိမီးလောင်ပြာကျခဲ့ရပြီး ညောင်လှကျေးရွာ၌လည်းအိမ်ခြေ ၂၀၀ ဝန်းကျင်အထိ မီးလောင်ပျက်စီးခဲ့ရသည်။

” ဒေသခံတွေက ရွာတွေထဲကို ပြန်ကပ်နေကြတာ သိပ်မကြာသေးဘူး။ အခု လက်နက်ကြီးပစ်တော့ထပ်ပြေးကြရတယ် “ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။

ယခုလအစောပိုင်း၌ စစ်ကောင်စီတပ်များ၏ ၁၀ရက်ဆ က်တိုက်မီးရှို့ဖျက်ဆီးမှု ကြောင့် အိုးအိမ်မဲ့ဖြစ်သွားသည့်မီးဘေးသင့်စစ်ဘေးရှောင် များသည် ဘုန်းကြီးကျောင်းများနှင့်စာသင် ကျောင်းများတွင် ခိုလှုံနေကြရပြီး စားသောက် ရေးအတွက်ကိုပင် အခက်အခဲများကြုံနေကြရသည်ဟု ကူညီပေးနေသူများထံမှသိရသည်။

ဒီပဲယင်းမြို့နယ်တွင် လက်ရှိအာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၃၀၀၀ ကျော်အထိပျက်စီးဆုံးရှုံးထားခဲ့ရသည်ဟု ဒီပဲယင်းညီနောင် များအဖွဲ့ကဖော်ပြထားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီဂိတ်စခန်းအား ပလက်ဝCDF ဝင်ရောက်တိုက်
Next Article မှေးမှိန်နေဆဲ စစ်ရှောင်တို့ရဲ့ အိမ်ပြန်ချိန်
thanlwinkhet
  • Website

Related Posts

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

နှစ်ရက်ဆက် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပလောတပို့စစ်ရှောင်များ စခန်းကို စွန့်ခွာ

March 16, 2026

ပခုက္ကူ အနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ဆုတ်ခွာသွား

March 16, 2026

Leave A Reply Cancel Reply

Recent Posts

  • ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
  • မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ
  • စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး
  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်
  • ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရခိုင်တွင် စစ်ကျန်မိုင်းနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

March 21, 2026

မြိတ်-တနင်္သာရီလမ်းပိုင်းတွင် စစ်ကော်မရှင်ယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

March 21, 2026

စလင်းနှင့် ဆင်ဖြူကျွန်း ပြည်သူများ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ဝေးဝေးနေဖို့ တော်လှန်ရေးတပ် သတိပေး

March 21, 2026

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကုလသမဂ္ဂ၏ စားနပ်ရိက္ခာထောက်ပံ့မှု ထက်ဝက်ခန့်လျှော့ချမည်

March 21, 2026

ကဗျာကောင်းများဖြင့် စစ်ဘေးရှောင်များကို အားဖြည့်ကူညီမည့် ကမ္ဘာ့ကဗျာနေ့ အွန်လိုင်းလှုပ်ရှားမှုလုပ်

March 20, 2026

ထိုင်း-မြန်မာနယ်စပ်တွင် ၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပြီး ငွေကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

March 20, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.