Chinland Defense Force- Paletwa တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဂိတ်စခန်းတစ်ခုကိုဝင်ရောက် ပစ်ခတ်ခဲ့သည်ဟု ယနေ့တွင်ပလက်ဝ CDFကသတင်းထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ၊ ပလက်ဝ–မတူပီ နယ်စပ်တွင် စစ်ကောင်စီတပ်မှ ဂိတ်ထိုးထားသော ဘွေလီဂိတ်စခန်းအား ပလက်ဝ CDF တပ်ဖွဲ့ဝင်များက ယမန်နေ့ ဒီဇင်ဘာ၁၆ရက်၊ နံနက် ၇နာရီတွင်ဝင်ရောက်ပစ်ခတ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အချိန် ၁၅မိနစ်ခန့်ကြာမြင့်ခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း ၌ စစ်ကောင်စီဘက်မှ၂ဦးသေဆုံး၍ (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
ပလက်ဝ CDF တပ်ဖွဲ့ဝင်များက အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။ CDFတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိခဲ့သော်လည်း စစ်ကောင်စီတပ်မှလက်နက်ကြီး များရမ်းသမ်းပစ်ခတ်ခဲ့ရာ ၎င်းဂိတ်အနီးရှိ ဘွေလီကျေး ရွာနှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်း ရှောင် ခဲ့သည်ဟု မတူပီ CDFက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-Chinland Defense Force-Paletwa