ကရင်ပြည်နယ်၊ မြဝတီ–ကော့ကရိတ်အာရှလမ်းမပေါ်ရှိ တံတာကျိုးဂိတ်တွင် ယနေ့နံနက်ပိုင်း၌တိုက်ပွဲပြင်းထန်ဖြစ်ပွာပြီး စစ်ကောင်စီတပ်က လေယာဥ်များဖြင့်ပါ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ ဒီဇင်ဘာလ၁၆ရက်၊နံနက်၆နာရီဝန်းကျင် အချိန်တွင် လက်နက်ကြီးအပြန်အလှန်ပစ်ခတ် မှုများကြားရပြီးနောက် တစ်နာရီခန့်အကြာတွင် စစ်ကောင်စီတပ်က လေယာဥ်များဖြင့်လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသ ခံတစ်ဦးကပြောသည်။
အဆိုပါထိတွေ့တိုက်ပွဲသည် တံတားကျိုးဂိတ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLAနှင့်PDF ပေါင်းတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
” တံတားကျိုးဂိတ်ကို ကျွန်တော်တို့ဒီဘက်ကနေဝင်စီးတာ။ လေယာဥ်နဲ့လာပစ်တာက ၇နာရီ ၁၅ ဝန်းကျင်လောက်ပဲ ။ လေယာဥ်က ပုဇင်း (ရတတ်ယာဥ်)နဲ့ သုံးခေါက်လာပစ်သွားတာ။ တိုက်လေယာဥ်နဲ့မဟုတ်ဘူး “ဟု PDFတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ကောင်စီတပ်ဘက်က လေယာဥ်ဖြင့်လာရောက်ပစ်ခတ်မှုတွင် လှိုင်ကွယ်ရွာဘက်နှင့်တံတားကျိုးတစ်ဝိုက်ကိုပစ်ခတ်ခဲ့ပြီး တံတားကျိုးဘက်ကို ပိုမိုပစ်ခတ်ခဲ့သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။
အဆိုပါတိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဝေဟင်ပစ်ကူများအပြင် လက်နက်ကြီးများ၊ သံချပ်ကာ ကားတို့ဖြင့်ပါပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု သိရသည်။
ယနေ့နံနက်ပိုင်းတွင် ကော့ကရိတ်မြို့အနီး တံတားကျိုးဂိတ်၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းလည်းပါဝင်သည်ဟုသိရသည်။
” အခုမနက်တိုက်ပွဲက ကော်ဘရာစစ်ကြောင်းကပါတယ်။ မနေ့ကဆင်းသွားကြတာ “ဟု ကော်ဘရာစစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို အတည်ပြုပြောကြား သည်။
ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်ကြီးများ၊ လေယာဥ်တို့ဖြင့်ပစ်ခတ်မှုများကြောင့် တောနော်ရေတံ ခွန်အနီးရှိ ယခင်မိုင်းခွဲခံထိထားသည့် တံတားအမှတ် 5/91 မှာလည်း ထပ်မံပျက်စီးသွားခဲ့သည်ဟု သိရသည်။
လက်ရှိတွင်စစ်ရေးတင်မားနေသောကြောင့် ထိခိုက်ကျ ဆုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးဘဲ တိုက်ပွဲ များအချိန်မရွေးဖြစ်ပွားလာနိုင်ကြောင်း PDF တပ်ဖွဲ့ဝင်များကပြောသည်။
ပုံစာ–ယခင်မိုင်းခွဲခံထိထားသည့် တောနော်ရေတံခွန်အနီးရှိ မြဝတီ–ကော့ကရိတ် အာရှလမ်းပိုင်းတံတား။