ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီ တပ်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုKNDFက ယနေ့တွင်သတင်းထုတ်ပြန်သည်။
ယခုလဒီဇင်ဘာ၁၃ရက်တွင် စံပြ (၆) မိုင်နှင့် ဘက်သလိန်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့်င့် KNDF-B09 တပ်ရင်းတို့ ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရမှု ၃၀ဦးခန့်ရှိခဲ့သည်ဟု KNDF ကဖော်ပြထားသည်။
အထိနာခဲ့သော ကောင်စီတပ်များသည် ဘက် သလိန်ကျေးရွာနှင့် ဝမ့်လထွားကျေးရွာတို့အတွင်း ဝင်ရောမွေနှေက်ပြီး မီးရှို့ဖျက်စီးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေါစဲကျေးရွာအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးအရပ်သားပြည်သူ ၁ ဦး ထိခိုက်သေဆုံးခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ ၁၄ရက်တွင်လည်း စစ်ကောင်စီတပ်က ဘက်သလိန်ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဘက်သလိန်နှင့် ဝမ့်လထွားကျေးရွာများတွင် ခြေကုပ်ယူတပ်ဆွဲလျက်ရှိသဖြင့် KNDF-B09 နှင့် မကြခဏ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့သည်ဟု KNDFက ထုတ်ပြန်ထားသည်။