သံလွင်ခက်
အောက်တိုဘာ ၉၊၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU ၊ တပ်မဟာ ၃ နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်သည်။
မုန်း (မူးမြို့နယ်) ဒေးလော်ပူကိုအောက်တိုဘာလ (၅) ရက် ညနေ (၃း၃၀) အချိန်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး (၂) လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စောဖားနူး (၂၅) နှစ် နှင့် ၎င်း၏သမီး နော်မုနော် (၃) နှစ်တို့ သေဆုံးခဲ့ရပြီး နော်ဖိုးငယ် (၁၄) နှစ်မှာလည်း ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ထို့ပြင်ညနေ (၄) နာရီအချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပုံစာ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှုများ။
ဓာတ်ပုံ – KNU