သံလွင်ခက်
အောက်တိုဘာ ၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်စခန်းများအနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လိုက်ပြင်းထန်နေသည်ဟု TNLA က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် သီပေါမြို့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအနီးနှင့် နောင်ချိုမြို့၊ စစ်ကောင်စီ အမြောက် တပ် (၃၅၄) နှင့် တောင်ခမ်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ၁၁၂ မမ (၂) ကြိမ် ဗုံး(၁၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် သီပေါမြို့ ခလရ (၂၃) တပ်စခန်းသို့ စစ်ကောင်စီမှ Y12 ဖြင့် (၁) ကြိမ် လက်နက်ခဲယမ်း (၁၂) ထုပ် ကြဲချခဲ့သည်ဟု ဆိုထားသည်။
ယင်း ခလရ ၂၃ တပ်စခန်းသည် စစ်ကောင်စီလက်ကျန်တပ် အင်အားအနည်းငယ်ကို စုပေါင်းထားခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်မှ ၎င်း၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။
ဓာတ်ပုံ- TNLA