ယမင်းဖူးပွင့်အောင်။
အောက်တိုဘာ ၆ ၊ ၂၀၂၄။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD လက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ယနေ့နေ့လည်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သည်ဟု မိသားစုနှင့် နီး စပ်သူများထံက သိရသည်။
“မနေ့ညကတည်းကသတိလစ်နေတာ ခုညနေထိ သတိမလည်လာဘူးတဲ့။ ထောင်ကနေ လွတ်ငြိမ်းချမ်းသာ လာဖတ် သွားတယ် “ ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ကာ သဘာဝဘေးဥ ပဒေချိုးဖောက်မှု၊ ပုဒ်မ ၅၀၅ – ခ၊ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က ) တို့အပါအဝင် စုစုပေါင်း အမှု ၉ မှုဖြင့် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးအိုးဘိုထောင်တွင် အကျဉ်းချခံထားရပြီး သွေးကင်ဆာဝေဒနာခံစားနေရသူတစ် ဦးဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်တွင် ကင်ဆာဆေးသွင်းရမည့်ရက်ဖြစ်သော်လည်း နေမကောင်းသည့် အတွက် ဆေးမသွင်းဖြစ်ခဲ့ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ကင်ဆာရောဂါခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင်သည် လက်ရှိတွင် မန္တလေးဆေးရုံးကြီးတွင် တင်ထားရပြီး သတိမေ့မြောလျက်ရှိသည်ဟု ၎င်းက ဆိုသည်။