အောက်တိုဘာ ၇၊ ၂၀၂၄။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD လက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ ၇ရက် နံနက် ၃နာရီခန့်တွင် ကွယ်လွန်ခဲ့သည်ဟု မိသားစုနှင့် နီး စပ်သူများထံက သိရသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ကာ သဘာဝဘေးဥပဒေချိုးဖောက်မှု၊ ပုဒ်မ ၅၀၅ – ခ၊ ပုဒ်မ ၁၇၁ (စ)၊ ပုဒ်မ ၁၃၀ (က ) တို့အပါအဝင် စုစုပေါင်း အမှု ၉ မှုဖြင့် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားခဲ့သည်။
ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးအိုးဘိုထောင်တွင် အကျဉ်းချခံထားရပြီး သွေးကင်ဆာဝေဒနာခံစားနေရသူတစ် ဦးဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်တွင် ကင်ဆာဆေးသွင်းရမည့်ရက်ဖြစ်သော်လည်း နေမကောင်းသည့် အတွက် ဆေးမသွင်းဖြစ်ခဲ့ဟု မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
ကင်ဆာရောဂါခံစားနေရသည့် ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံးကြီးတွင် သတိမေ့မြောနေချိန်၌ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းအမိန့် လာရောက် ဖတ်ပြခဲ့သည်။
ဓါတ်ပုံ – NLD