• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရွှေကုက္ကိုလ်ရဲ့အမှောင်ခြမ်းမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသလား
ဆောင်းပါး

ရွှေကုက္ကိုလ်ရဲ့အမှောင်ခြမ်းမှာ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသလား

thanlwinkhetBy thanlwinkhetOctober 4, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

အောက်တိုဘာ ၄၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အခုနှစ်စပိုင်းမှာ အရှင်းလင်းခံရပြီးတဲ့နောက်မှာ ကရင်ပြည်နယ်မှာ ရှိတဲ့လျှို့ဝှက်တဲ့ခြံဝင်းအကျယ်ကြီး တွေကို နိုင်ငံတကာက အာရုံစိုက်လာပြန်ပါတယ်။

တရုတ်အစိုးရရဲ့ဖိအားတွေရှိနေပေမယ့် ကရင်နယ်ခြားစောင့်တပ်- BGF ချယ်လှယ်နေတဲ့ မြဝတီမြို့ မြောက်ဘက်က ရွှေကုက္ကိုလ်မြို့သစ်မှာရာဇဝတ်ဂိုဏ်းတွေကတော့ အခုထက်ထိ အသက်ဆက်ခွင့်ရနေဆဲဖြစ်ပါတယ်။

ရွှေကုက္ကိုလ်စီမံကိန်းကို BGF- ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့ အုတ်မြစ်အတူတူချခဲ့တဲ့ ကမ္ဘော ဒီးယားနိုင်ငံသားခံယူထားသူ တရုတ်သူဌေးကြီး မစ္စတာရှီကျီကျန်းဟာ ၂၀၂၂ ခုနှစ်မှာ အဖမ်းခံခဲ့ရတာပါ။

အခု မကြာခင်ရက်ပိုင်းမှာပဲ သူဟာတရုတ်အစိုးရသူလျှိုဖြစ်တယ်လို့ ကမ္ဘာသတင်းမီဒီယာတချို့မှာပြော ကြားလာခဲ့ပါတယ်။

ကျားဖြန့်ငွေလိမ်ကိစ္စတွေကို တင်းတင်းကြပ်ကြပ်အရေးယူလေ့ရှိတဲ့ တရုတ်အနေနဲ့ ဒီတစ်ခါမှာ ကိုးကန့် ဒေသခံတခွင်မှာ ဖမ်းဆီးခဲ့သလို လှုပ်ရှားတာမျိုးမရှိဘဲ ထိုင်း- မြန်မာနယ်စပ် ရွှေကုက္ကိုလ်ရဲ့ အမှောင် ခြမ်းမှာ တရုတ်အစိုးရ ပါဝင်ပတ်သတ်နေသလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ရွှေကုက္ကိုလ်မြို့သစ်ကနေ နှစ်တိုင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့်ရရှိနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ အခုနှစ်အစီရင်ခံစာက ဆိုပါတယ်။

ရွှေကုက္ကိုလ် ဘာလို့ နာမည်ဆိုးနဲ့ ကျော်ကြားသလဲ

***************************

ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ အမာခံစခန်းတစ်ခုရှိခဲ့ဖူးတဲ့ ဝမ်ခကျေးရွားအနားမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းဟာ ပြီးခဲ့တဲ့ ၇ နှစ်ကျော်ကာလအတွင်းမှာ အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။

မြန်မာအခေါ် ရွှေကုက္ကိုလ်၊ ထိုင်းအခေါ် ရထိုက်မြို့သစ်စီမံကိန်းကို BGF ခေါင်းဆောင်စောချစ်သူနဲ့ ရထိုက်ဖိလစ်ပိုင်းကုမ္ပဏီကိုယ်စားလှယ် မစ္စတာရှီကျီကျန်းတို့က ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ ကနဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီစီမံကိန်းဟာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံရှိပြီး မြေ ၁၃၀,၀၀၀ ဧကပေါ်မှာ ဘလော့ချိန်းလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာ၊ ကုန်သွယ်ရေး၊ အပန်းဖြေမှုနှင့် ခရီးသွားလုပ်ငန်းတွေအတွက် အထူးသီးသန့်ဇုန်တွေပါဝင်မှာ ဖြစ်ပါတယ်။

မြို့သစ်စီမံကိန်းအတွက် အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ မြန်မာရထိုက်ကုမ္ပဏီကို ၂၀၁၇ ဖေဖော်ဝါရီလမှာ ပူးတွဲတည်ထောင်လိုက်ပြီး BGF ဘက်က စောမင်းဦးနာမည်နဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း၊ ရှီကျီကျန်းနဲ့ တခြားနိုင်ငံသားနှစ်ဦးတို့လည်း ပါဝင်ပါတယ်။

မြန်မာရထိုက်ဟာ စုစုပေါင်းရင်းနှီးမြှပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၂၂ ဒဿမ ၅ သန်းရှိပြီး ၂၀၁၈ ခုနှစ်မှာ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဆီကခွင့်ပြုချက်ရခဲ့ပါတယ်။

မြန်မာရထိုက်ကုမ္ပဏီဟာ ဝင်ငွေထွက်ငွေစာရင်းကို နှစ်တိုင်းစာရင်းဖျောက်ဖော်ပြထားပြီး ရွှေကုက္ကိုလ်လုံခြုံရေးကိုလည်း BGF က အထူးတင်းကြပ်ထားခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေ ရာနဲ့ချီရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

ရွှေကုက္ကိုထဲ အခြေစိုက်ထားတဲ့ အွန်လိုင်းအလိမ်အညာအဖွဲ့တွေဟာ လစာကောင်းကောင်းနဲ့ အလုပ် ခေါ်လေ့ရှိပြီး အလုပ်သမားဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် နှိပ်စက်တာကစလို့ လူမဆန်စွာပြုမူ ဆက်ဆံတာမျိုးတွေခံကြရတယ်လို့ ဗြိတိသျှနိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြဖူးပါတယ်။

ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံထဲမှာကို အဲဒီလိုအကျူးလွန်ခံရသူပေါင်း ၁၂၀,၀၀၀ အနည်း ဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။

ရွှေကုက္ကိုမြို့မှာ ကျားဖြန့်လုပ်ငန်းတွေအပြင် ငါးပစ်ဂိမ်း၊ စလော့ဂိမ်းနဲ့ ကာစီနိုစတဲ့ အွန်လိုင်းလောင်းက စားရုံအများအပြားနဲ့ အခိုင်အမာစည်ကားရပ်တည်နေတယ်လို့လည်း နီးစပ်သူတွေကဆိုပါတယ်။

လျှို့ဝှက်လွန်းတဲ့ မစ္စတာရှီကျင့်ကျန်းဆိုတာ ဘယ်သူလဲ

************************

ဗိုလ်မှူးကြီးစောချစ်သူနဲ့အတူ လက်တွဲခဲ့တဲ့ မစ္စတာ ရှီကျင့်ကျန်းဆိုသူဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခွင့်ရခဲ့တဲ့ တရုတ်စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ Kriang Kai Tang, She Lunkai, Dylan She စတဲ့ နာမည်ဝှက်သုံးခုရှိပြီး တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ဇာတိဖြစ်ကာ တရားဝင်လိပ်စာအဖြစ် ထိုင်းနိုင်ငံဘန်ကောက်ခရိုင်ဟွေ့ခွမ်ဧရိယာလို့ တစ်ခုသာ ဖော်ပြခဲ့ဖူးပါတယ်။

ရထိုက်အုပ်စုရဲ့ပထမဆုံးဖြစ်တဲ့ ဟောင်ကောင်အခြေစိုက်ကုမ္ပဏီကို ၂၀၁၇ ဇန်နဝါရီလမှာ ဝမ်းကျီဟောင်ဆိုသူက စတင်ထည်ထောင်ခဲ့ပြီး မွေးရပ်ဇာတိတူနေတဲ့အတွက် မစ္စတာရှီကျင့်ကျန်းရဲ့နာမည် ဝှက်တစ်ခုဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အဲဒီနောက်ပိုင်း ဖိလစ်ပိုင်၊ ထိုင်းအခြေစိုက် ရထိုက်ကုမ္ပဏီတွေ ပေါ်ပေါက်လာခဲ့ပြီး ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာတော့ မစ္စတာရှီကျင့်ကျန်းဟာ ရထိုက်ဖိလစ်ပိုင်ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ မြန်မာရထိုက်မှာလည်း အဓိက ရှယ်ယာရှင်တစ်ဦး အနေနဲ့ ပါဝင်ထားပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ မစ္စတာရှီကျင့်ကျန်းဟာ ထိုင်းနိုင်ငံမှာ နိုင်ငံတကာဖမ်းဝရမ်းနဲ့ ဖမ်းဆီးခံလိုက်ရပြီး တရားဝင်လောင်းကစားလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စွပ်စဲချက်တွေနဲ့ လက်ရှိအချိန်အထိ စစ်ဆေးခံ နေရပါတယ်။ ၂၀၂၃ ခုနှစ်မှာ လူကုန်ကူးမှုတွေရဲ့ အဓိကတာဝန်ရှိသူအဖြစ် စွပ်စွဲကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။

မစ္စတာရှီကျင့်ကျန်းတို့ဟာ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ဗိုလ်မှူးကြီးစောချစ်သူကလည်း ပြီးခဲ့တဲ့ ဩဂုတ် လမှာ ရှီကျင့်ကျန်းအတွက် ဆုတောင်းပွဲကို ရွှေကုက္ကိုလ်မှာ တခမ်းတနားပြုလုပ်ပေးခဲ့ပါတယ်။

အမြန်ပြန်လာနိုင်ပါစေ၊ ဘေးကင်းကျန်းမာပါစေစတဲ့ ဆုတောင်းစာတန်းတွေကိုလည်း ချိတ်ဆွဲပြသထားခဲ့ပါတယ်။

ဘာကြောင့် တရုတ်သူလျှိုလို့ ဝန်ခံသလဲ

************************

မစ္စတာရှီကျင့်ကျန်း ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရပြီး တရုတ်အစိုးရက သူတို့ဆီလွှဲပြောင်းပေးဖို့ ထိုင်း အစိုးရကို ဖိအားပေးနေချိန်မှာ Al Jazeera သတင်းဌာနရဲ့ ရုပ်သံအင်တာဗျူးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

တွေ့ဆုံမေးမြန်းမှုမှာ ရှီကျင့်ကျန်းဟာ သူဟာ တရုတ်အစိုးရလွှတ်ထားတဲ့ သူလျှိုဖြစ်တယ်လို့ပြောဆို သွားခဲ့တာပါ။ ၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ တရုတ်အထူးလျှို့ဝှက်ထောက်လှမ်းရေးက သူ့ကိုဖိလစ်ပိုင်နိုင်ငံကို စေလွှတ်ခဲ့တာလို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြားမှာ တရုတ်နိုင်ငံတော်လုံခြုံရေးဌာနအတွက် အလုပ်လုပ်ခဲ့ပြီး အထက် ကိုတင်ပြထားတဲ့စာတွေကိုလည်း သူက သက်သေပြခဲ့ပါတယ်။

အထင်ရှားဆုံးသက်သေအဖြစ် သူဟာ တရုတ်သမ္မတနဲ့အတူ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ နိုင်ငံတော်အဆင့် ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့တယ်လို့ ဆိုပြန်ပါတယ်။ အဲဒီညစာစားပွဲမှာတော့ သူ့မှာ Kriang Kai Tang ဆိုတဲ့နာမည်နဲ့ဖြစ်ပြီး သူ့မျက်နှာအပြည့်ပါတဲ့ ဗီဒီယိုဖိုင်ကိုလည်းချပြထားပါတယ်။

၂၀၂၁ ခုနှစ် မေလမှာ မစ္စတာရှီကျင့်ကျန်းကို တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ နိုင်ငံတကာဖမ်းဝရမ်းနဲ့အတူ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) က အလိုရှိတယ်ဆိုတဲ့ သတင်းတွေဟာ အတုအယောင်တွေသာဖြစ်ပြီး တရုတ်အစိုးရက သူ့ကိုသတ်ချင်နေတာလို့ ပြန်လည်စွပ်စွဲထားပါတယ်။

ဒါ့အပြင် ထိုင်းအစိုးရက သူ့ကိုတရုတ်နိုင်ငံဘက် လွှဲပေးလိုက်ရင် အသတ်ခံရမှာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အခုနှစ် အောက်တိုဘာလကုန်အထိ ကျားဖြန့်လုပ်ငန်းတွေကို ရွှေကုက္ကိုလ်မှာ နေထိုင်ခွင့်ပြုထားပြီး တရုတ်အစိုးရရဲ့ သဘောထားဟာ ရှမ်းမြောက်လို မပြင်းထန်နေတဲ့အတွက် နောက်ကွယ်မှာ တရုတ်ပါဝင်ပတ်သတ်နေသလားဆိုတာတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်
Next Article မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နံနက်အစောပိုင်းတွင် ကွယ်လွန်
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.