• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်
  • ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
  • တစ်ပတ်အတွင်း ငလျင်သင့်ဒေသများတွင် လေကြောင်း တိုက်ခိုက်ခံရ၍ ပြည်သူ ၃၀ နီးပါးသေဆုံး
  • တစ်ပတ်ကျော် မိုးရွာသွန်းမှုကြောင့် လူနေအိမ်နှင့် တံတားများ ပြိုကျပျက်စီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တစ်ရက်တည်းမှာပဲ KIA သိမ်းပိုက်
တိုက်ပွဲသတင်း

ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တစ်ရက်တည်းမှာပဲ KIA သိမ်းပိုက်

thanlwinkhetBy thanlwinkhetJune 12, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို တစ်ရက်တည်းမှာပဲ KIA သိမ်းပိုက်
********

ထွယ်
ဇွန် ၁၂၊ ၂၀၂၄။

ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းကြီး တစ်ခုအပါအဝင် ကာကင်းစခန်းနှင့် တပ်စခန်းငယ် စုစုပေါင်း ၁၀ ခု ကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့ တစ်နေ့တည်းမှာပင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ – KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။

ကချင်ပြည်နယ်တွင် ယမန်နေ့ တစ်နေ့တည်းပင် ဝိုင်းမော်မြို့နယ်နှင့် ဆဒုံး – ကန်ပိုက်တီ လမ်းပိုင်းက စစ်ကောင်စီတပ် စခန်းများဖြစ်သည့် ဆဒုံးဗျူဟာကုန်းအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော ကန်ပိုက်တီမြို့အနီးက လဖိုင်နယ် ခြားစောင့်တပ်စခန်း၊ ဝိုင်းမော် – ဆဒုံးလမ်းပိုင်းက ဘွမ်တောင်ကာကင်းတပ်စခန်းနှင့် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ အထက်က ၁၃ မိုင်စုပေါင်းဂိတ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ပြောသည်။

၎င်းက “ဝိုင်းမော် – ကန်ပိုက်တီ – ဆဒုံး လမ်းကြောင်းတစ်လျှောက်က စခန်းအများပိုင်းတော့ မနေ့တုန်းက အားလုံး သိမ်းလိုက်ရှင်းလိုက်ပြီ” ဟု ပြောသည်။

သံလွင်ခက်သတင်းဌာနက ကောက်ယူထားသည့် အချက်အလက်များအရ ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း များကို KIA ပူးပေါင်းတပ်များက တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မတ်လ ၇ ရက်မှ ယနေ့ချိန်ထိ စစ် ကောင်စီ၏တပ်စခန်း ပျမ်းမျှ ၁၀၀ ခန့်ကို KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားသည်။

အဆိုပါ သုံးလတာ ကာလအတွင်း KIA နှင့် ပူးပေါင်းတပ်သည် စစ်ကောင်စီ၏ တပ်စခန်းများကို ပျမ်းမျှ တစ်နေ့လျှင် တပ်စခန်း တစ်ခုခန့် သိမ်းပိုက်လျက်ရှိသည်။

ထို့ပြင် နယ်ခြားစောင့်တပ် – BGF နှင့် ပြည်သူ့စစ်များ တပ်စွဲသည့် နရူကောင် – Na Ru Kawng၊ အင်ဝမ်ယန် – N Wan Yang BGF တပ်စခန်း၊ ခရုန် – Hka Rum ကာကင်း၊ ဘူရော်ဘွမ် – Wu Raw Bum ကာကင်း၊ ကော့နန် – Gaw Nan ကာကင်းနှင့် လုကျီ – Lu Gyi ကာကင်း စခန်းက တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကိုယ်တိုင် စခန်းစွန့်ခွာထွက်ပြေး သွားသဖြင့် တပ်စခန်းကို သိမ်းဆည်းရမိခဲ့သည်ဟု KIO ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့နံနက်ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်းများ ပိတ်ထားပြီး ကန်ပိုက်တီအဆင်းကားများကိုလည်း ကန်ပိုက်တီ – ဆဒုံး ကားလမ်းပေါ်ရှိ ပန်ရှန်ကျေးရွာတွင် KIA နှင့် ပူးပေါင်းတပ်က ယနေ့ချိန်ထိ လမ်းပိတ်ထားဆဲဖြစ်သည်ဟု ကားလိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၅၈ နှင့် ဝူယန်ပြည်သူ့စစ်စခန်းသာ ကျန်ရှိပြီကာ စစ်ကောင်စီက ဝိုင်းမော်မြို့နယ်ကို လက်မလွှတ်ရရေးအတွက် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – မပခ မှ နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်နေသည့်အပြင် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ် ပြုလုပ်လျက်ရှိကာ လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုအကြားတွင်လည်း ယနေ့ချိန်ထိ စစ်ရေးတင်းမာလျက်ရှိသည်ဟု KIO ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသာယာဝတီခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်များ ဖမ်းဆီးခံရ
Next Article ရခိုင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ရက်အတွင်း ဒေသခံ ၁၂ ဦး ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

June 2, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

June 2, 2025

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

June 2, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

June 2, 2025

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

June 2, 2025

မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်

June 2, 2025

ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

June 1, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.