သာယာဝတီခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်များ ဖမ်းဆီးခံရ
**********
သံလွင်ခက်။
ဇွန် ၁၂ ၊ ၂၀၂၄။
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများ ဖမ်းဆီးခံခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဇွန်လ ၈ ရက်တွင် သာယာဝတီခရိုင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် လက်နက်များသည် ပဲခူးတိုင်း၊ တောင်ငူမြို့ စစ်တောင်းတံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်ဟု သာယာဝတီခရိုင်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၎င်းက ” ဒီဖြစ်စဉ်က မှန်ပါတယ်။ ဖြစ်စဉ်က လုံခြုုံရေးပေါက်ကြားတာဆိုတာထက် အဓိကကတော့ ဖုန်းပြောတာတွေ ကနေ အစထွက်သွားတယ်လို့ကြားတယ် ” ဟုဆိုသည်။
လက်နက်များနှင့်အတူ အရပ်သားနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများထံကသိရသည်။
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် တောင်ငူမြို့စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲများက မီးသွေးအိတ်များတင်ဆောင်မောင်းနှင်လာသည့် ယာဉ်အားပိတ်ဆို့စစ်ဆေးခဲ့ရာ မီးသွေးအိတ်များဖြင့် ရောတင်လာ သည့် လက်နက်မျိုးစုံ ၃၄ လက်၊ ကျည်မျိုးစုံ ၂၇၀၀၀ ကျော်၊ အီနာဂါဗုံးသီး ၄၀ လုံး၊ ဗုံးသီးမျိုးစုံ ၁၀၄ လုံး၊ လက်ပစ်ဗုံး မျိုးစုံ ၄၉ လုံး၊ ကျည်အိမ်မျိုးစုံ ၈၇ ခု၊ Remote ၆၀ ခု၊ Receiver ၃၅၀ ခု၊ DJI Drone ၁ စုံ၊ Star Link ၁ စုံနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4776
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.net/?p=10478