• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး
  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)
  • ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
  • ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ
  • ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်
  • TNLA အနေဖြင့် နိုင်ငံရေးလမ်းကြောင်းသစ်ဖြင့် လျှောက်လှမ်းသင့်ဟု ဆို
  • ရခိုင်ပြည်ထုတ် တောအရက်တွင် မယ်သနော အဆိပ်ဓာတ် ၁၂ ရာခိုင်နှုန်းထိ ပါဝင်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သုံးပွင့်ဆိုင်ပဋိပက္ခကြားက ဘူးသီးတောင်မြေ
ဆောင်းပါး

သုံးပွင့်ဆိုင်ပဋိပက္ခကြားက ဘူးသီးတောင်မြေ

thanlwinkhetBy thanlwinkhetMay 25, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သုံးပွင့်ဆိုင်ပဋိပက္ခကြားက ဘူးသီးတောင်မြေ
*******
ကောင်းချစ်အောင်
မေ ၂၅၊ ၂၀၂၄။
မြန်မာနိုင်ငံ အနောက်ဖျားဆုံးဒေသဖြစ်ပြီး ဗဟိုအစိုးရရဲ့ အာဏာစက်သက်ရောက်မှုနဲ့လည်းကင်းဝေးနေတဲ့ ဘူးသီးတောင်မြို့နယ်လေးဟာ ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားလှပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက အမုန်းတရားတွေအမြစ်တွယ်ခဲ့တဲ့ လူမျိုးစုချင်းကြားကပြဿနာဟာ ၂၀၁၇ ခုနှစ်မှာတော့ အရှိန်အဟုန်နဲ့ပေါက်ကွဲထွက်လာခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ အင်အားအလွန်အကျွံနဲ့စစ်ကြောင်းထိုးမှုကြောင့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေက ရိုဟင်ဂျာမူဆလင်တွေ အစုလိုက်အပြုံ လိုက်သေဆုံးခဲ့ရသလို သန်းနဲ့ချီတဲ့ရိုဟင်ဂျာမူဆလင်တွေလည်း နယ်စပ်မျဉ်းကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်ခိုလှုံနေခဲ့ကြရပါတယ်။
အဖိနှိပ်ခံရဆုံးလူမျိုးစုတွေထဲကတစ်စုဖြစ်တဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ အခုတစ်ကြိမ်မှာဆိုရင်လည်း မီးရှို့ခံရမှုနဲ့ကြုံတွေ့နေရပြီး အစုလိုက်အပြုံလိုက် အိုး အိမ်စွန့်ခွာထွက်ပြေးနေကြရပြန်ပါတယ်။
အငြင်းပွားနေဆဲ ရိုဟင်ဂျာအမည်
********
၁၉ ရာစုအစကတည်းက ဘင်္ဂလီလူမျိုးစုတစ်စု မြန်မာနိုင်ငံတွင်း စတင်အခြေချဝင်ရောက်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးလုပ်ဆောင်ဖို့ အခြေ တကျနေထိုင်သူတွေရှိသလို ကူးသွားကူးလာနေထိုင်သူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် သတ္တမအကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ လူမျိုးမရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက တင်ပြခဲ့ပါတယ်။ အဲဒီအချိန်ဟာ ရခိုင်ပြည်နယ် အတွင်း လူမျိုးရေးပဋိပက္ခပြင်းထန်နေချိန်ဖြစ်ပြီး ရိုဟင်ဂျာမူဆလင်တွေလည်း ဖိနှိပ်ခံနေရချိန်ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက ပြည်ထောင်စုဝန်ကြီးဖြစ်ခဲ့တဲ့ ဦးသိန်းဆွေက မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးစု ၁၃၅ စုစာရင်းထဲ ရိုဟင်ဂျာမပါဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကို လွတ်လပ်ရေးမရခင် ဗြိတိသျှအစိုးရလက်ထက် ၁၉၁၁၊ ၁၉၂၁နဲ့ လွတ်လပ်ရေးရပြီး ၁၉၅၃၊ ၁၉၇၃၊ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့ပေမယ့် ရိုဟင်ဂျာဆိုတာ မပါဝင်ဘူးလို့ ဦးသိန်းဆွေ ဆိုခဲ့ပါတယ်။
လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေဟာ မြန်မာတိုင်းရင်းသားတွေမဟုတ်ဘဲ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်သူတွေသာဖြစ်တယ်လို့ သူ့ရဲ့သဘောထားကို အတိအလင်းပြောကြားထားပါတယ်။
၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံ့လူဦးရေရဲ့ ၀ ဒဿမ ၅ ရာခိုင်နှုန်းရှိမယ်ဆိုရင် လူမျိုးတစ်မျိုးအနေနဲ့ သတ်မှတ်ပေးမယ်လို့ဆိုထားပေမယ့် လူဦးရေးတိုးပွားလာတဲ့ဘင်္ဂလီတွေဟာ ဒီနေ့ထက်ထိ ရိုဟင်ဂျာလူမျိုးစုအနေနဲ့ သတ်မှတ်ခံရတာမျိုး မရှိသေးပါဘူး။ သတ်မှတ်ထားတဲ့ရာခိုင်နှုန်းမပြည့်မီပေမယ့် လူမျိုး ၁၃၅ မျိုးစာရင်းထဲ အကျုံးဝင်နေတဲ့ လူမျိုးစုတွေလည်း အမြောက်အများရှိနေပါတယ်။
ဝန်ကြီးချုပ် ဦးနု လက်ထက် လူမျိုးစု ၁၄၀ စာရင်းမှာ ရိုဟင်ဂျာပါဝင်ခဲ့ပေမယ့် ၁၉၆၂ စစ်တပ်အာဏာသိမ်းအပြီး ဦးနေဝင်းအစိုးရလက်ထက်မှာတော့ ချန်လှပ်ခံထားရပါတယ်။ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းမှာ ရိုဟင်ဂျာ လူမျိုးစုကို ထည့်သွင်းသတ်မှတ်တာမျိုးမရှိတော့ပါဘူး။
စစ်အစိုးရလက်ထက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေကိုပယ်ဖျက်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC က ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မှာ ကြေညာခဲ့တဲ့အတွက် ရိုဟင်ဂျာမူဆလင်တွေအတွက် အပေါင်း လက္ခဏာဆောင်တဲ့ အရွေ့တစ်ခုဖြစ်တယ်လို့ သုံးသပ်သူတွေက ပြော ဆိုခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း အာရက္ခတပ်တော်ရဲ့ခေါင်းဆောင်တွေက သတင်းမီဒီယာတွေနဲ့အင်တာဗျူးဖြေဆိုရာမှာ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ရံဖန်ရံခါပြောဆိုခဲ့ကြပေမယ့် အခုရက်ပိုင်းထုတ်ပြန်လာတဲ့ အဖွဲ့အစည်းရဲ့တရားဝင်ထုတ်ပြန်ချက်တွေမှာတော့ ဘင်္ဂလီဆိုတဲ့အသုံးအနှုန်းကိုပဲ ဆက်တိုက်ရေးသားလာတာကို တွေ့ရပါတယ်။
ဝါဒမှိုင်းတိုက်မှုကြောင့် ဖြစ်လာရတဲ့ပဋိပက္ခ
********
ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းရွာသူ မသီတာထွေးကို ဘင်္ဂလီ ၂ ယောက်က ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်မှာ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရပါတယ်။ စစ်တပ်ကနေအရပ်ဝတ်ပြောင်းခဲ့တဲ့ ဦးသိန်းစိန်ရဲ့ အစိုးရ လက် ထက်မှာ ဖြစ်ပါတယ်။ အစိုးရသတင်းစာလို့ဆိုနိုင်တဲ့ မြန်မာ့အလင်းသတင်းစာက ဗုဒ္ဓဘာသာအမျိုးသမီး ၁ ဦးကို မူဆလင်ဘင်္ဂလီတွေက မုဒိမ်းကျင့်သတ် ဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ လူမျိုးရေးပဋိပက္ခကြီးမားစေဖို့ရည်ရွယ်ပြီး သွေးခွဲတဲ့လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တာကြောင့် ဇွန်လ ၄ ရက်မှာပဲ သံတွဲ-တောင်ကုတ်လမ်းမပေါ်မှာ ဘင်္ဂလီ၁၀ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
မုဒိမ်းမှုတရားခံ ၁ ဦးကတော့ ထောင်တွင်းဆွဲကြိုးချသတ်သေသွားခဲ့ပြီး ကျန် ၂ ဦးကိုတော့ သေဒဏ်ချမှတ်ခဲ့ ပါတယ်။ အဲဒီမတိုင်ခင်မှာပဲ လူမျိုးရေးပဋိပက္ခတွေအရှိန်မြင့်နေခဲ့ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ နေထိုင်တဲ့ ဒေသခံရခိုင်တွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မြန်မာစစ်တပ်ဟာ ပုဒ်မ ၁၄၄ စစ်အုပ်ချုပ်ရေးကြေညာပြီး အဓိကရုဏ်းကိုနှိမ်နင်းခဲ့တဲ့အတွက် ခေတ္တခဏ ငြိမ်သက်သွားခဲ့ပါတယ်။ ရိုဟင်ဂျာဘင်္ဂလီတွေရဲ့လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ်လို့ကြွေးကြော်ထားတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်တိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုနောက်ပိုင်း မြန်မာစစ်တပ်က အင်အားအလွန်အကျွံသုံးနယ်မြေရှင်းလင်းရာကနေ ကမ္ဘာကျော်ရိုဟင်ဂျာအရေးအခင်းပေါ်ပေါက်လာခဲ့ပါတယ်။ ရိုဟင်ဂျာ ၁,၀၀၀ကျော် သေဆုံးခဲ့ပြီး ၇ သိန်းဝန်းကျင်ကိုလည်း မြန်မာနိုင်ငံနယ်နိမိတ်ထဲကနေ နှင်ထုတ်ခဲ့ပါတယ်။
ဘူးသီးတောင်ဒေသ အင်အားချိန်ခွင်လျှာအပြောင်းအလဲ
********
နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ ရခိုင်ပြည်ထိုးစစ်ဟာ ပထမအဆင့်အဖြစ် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသကို ၂ လနီးပါးအချိန်ယူတိုက်ခိုက်ခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ ကုလားမြစ်ဝှမ်းတလျှောက် က မြောက်ဦးခရိုင်နဲ့ ပေါက်တောမြို့ကိုထိန်းချုပ်ခဲ့သလို ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေကိုလည်း လုံးဝပိတ်ဆို့ နိုင်တဲ့အထိ အခြေအနေကောင်းမွန်ခဲ့ပါတယ်။
တတိမြောက်ထိုးစစ်ကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့မဟုတ်ခဲ့ဘဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်ကို ဦးတည်ခဲ့ပါတယ်။ ရိုဟင်ဂျာဘင်္ဂလီ အများအပြားနေထိုင်တဲ့ မောင်တောခရိုင်မှာ ဘူးသီး တောင်မြို့အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ-၁၅ လက် အောက်ခံတပ်ရင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့အများအပြား အထိုင်ချထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ သဘောထားတင်းမာမှုတွေရှိခဲ့တဲ့အတွက် စစ်ခေါင်းဆောင်တွေဟာ တပ်အင်အားအများအပြားကို ပြည်ပရန်ကာကွယ်ဖို့အနေနဲ့ချထားခဲ့ပေမယ့် AA ရဲ့ ၁ လနီးပါးထိုးစစ်အတွင်း အကုန်လုံးသိမ်းပိုက်ခံလိုက်ရပါ တယ်။
မေလ ၁၈ရက် မွန်းလွဲပိုင်းမှာတော့ ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ AA က တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မီးပြန်မွှေးမှု
********
မြောက်ဦးခရိုင်ကို AA သိမ်းပိုက်လိုက်ကတည်းက ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ်တွေဟာ ပိတ်ဆို့ခံထားရပြီးဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာမူဆလင်တွေရဲ့ AA အလိုမရှိကြောင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဧပြီလအတွင်းပေါ်ပေါက်လာခဲ့တဲ့ ဆန္ဒပြပွဲရဲ့နောက်ကွယ်မှာ စစ်ကောင်စီက အတင်းအကြပ်ဖိအားပေးမှုရှိနေကြောင်း ဒေသတွင်းမီဒီယာတွေက သတင်းဖော်ပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကြွေးကြော်သံတွေမှာ တိုင်းပြည်တည်ငြိမ်မှုကို ပျက်စီးစေတဲ့အတွက် AAနဲ့ NUG ကိုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ မီးမွှေးမှုလို့သုံးသပ်သူတွေက သတ်မှတ်ခဲ့ကြပါတယ်။
အထူးခြားဆုံးအချက်ကတော့ ဆန္ဒပြပွဲတွေမှာ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို အသုံးမပြုဘဲ မူဆလင်ဆိုတဲ့စာသား တွေသာ ကိုင်ဆောင်ခဲ့မှု ဖြစ်ပါတယ်။
နိုင်ငံသားမဟုတ်သူတွေကို လက်နက်တပ်ဆင်ပေးမှု
******
မြန်မာစစ်တပ်ဟာ သူတို့ရဲ့အာဏာတည်မြဲရေးအတွက် နိုင်ငံသားမဟုတ်သူတွေကို အမြဲတမ်းစစ်တပ်အဖြစ် လက် နက်တပ်ဆင်ပေးခဲ့တာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
လက်ရှိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၀၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးအဖြစ် စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူ့လက်ထက်မှာ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖို့ငြင်းဆန်ခဲ့တဲ့ ကိုးကန့်ဒေသတွင်းအင်အားကြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ တော် – MNDAA ကို စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲကာ တိုက်ထုတ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း မြန်မာစစ်တပ်ဟာ ကိုးကန့်ဒေသတွင်းအာဏာတည်ဆောက်ရာမှာ ဩဇာခံအဖြစ် အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ခေါင်းဆောင်ဖြစ်သူ ဦးဝေဆန်(ခေါ်) ဝေ ဟွိုင်းရန် ဟာ တရုတ်နိုင်ငံသားကတ်ကိုင်ဆောင်ထားသူဖြစ်ပြီး အောက်ခြေစစ်သားတွေထဲမှာလည်း တရုတ်နိုင်ငံသားကတ်ကိုင်ဆောင်သူတွေ ပါဝင်ခဲ့ပါတယ်။
အဲဒီလို အလားတူဖြစ်ရပ်မျိုးကိုလည်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ ထပ်မံကျင့်သုံးလာပြန်ပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ရေးအရအရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံသားအဖြစ် သူတို့ကိုယ်တိုင်အသိမှတ်မပြုခဲ့တဲ့ ရိုဟင်ဂျာဘင်္ဂလီတွေကို လက်နက်တပ်ဆင်ပေးပြီး ရက်တိုစစ်သင်တန်းတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြောဆိုလာပါတယ်။
အာရက္ခတပ်တော်ဘက်ကလည်း ဘင်္ဂလီရိုဟင်ဂျာတွေကို တပ်သားသစ်စုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဘူးသီးတောင်ကို ဘယ်သူမီးရှို့သလဲ
********
ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ်ကင်းမဲ့သွားမှုနဲ့အတူ လူမျိုးရေးပဋိ ပက္ခကလည်း တပါတည်းပေါ် ပေါက်လာခဲ့ပါတယ်။ မေလ ၁၇ ရက် ညမှာ ဘူးသီးတောင်မြို့ပေါ်က နေအိမ်အမြောက်အမြားမီးရှို့ခံရမှုကို ဘယ်အဖွဲ့က ကျူးလွန်ခဲ့သလဲဆိုပြီး မေးခွန်းတွေပေါ်ပေါက်လာခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတဲ့ရုပ်သံဖိုင်အရ စစ်ကောင်စီယူနီဖောင်းလို့ယူဆရတဲ့ ဝတ်စုံဝတ်ဆင်ထားသူ ရိုဟင်ဂျာမူဆလင်တွေရဲ့ မီးရှို့နေတဲ့မြင်ကွင်းတွေ ပါဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း AA ဘက်ကလည်း မီးရှို့မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေရှိကြောင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ဆိုကြပါတယ်။
စစ်ကောင်စီက လူမျိုးရေးအဓိကရုဏ်းတွေပေါ်ပေါက်လာအောင် ရည်ရွယ်ဖန်တီးနေပေမယ့် “စစ်ကို စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည်”ဆိုတဲ့မူကို AA က ကျင့်သုံးနေဆဲဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခန့်ကိုလည်း AA က စောင့်ရှောက်ထားပြီး ၈၀ ရာခိုင်နှုန်းက မူဆလင်ဘင်္ဂလီတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ဘူးသီးတောင်မြို့ရဲ့ ထက်ဝက်မက မီးလောင်ပြာကျသွားခဲ့ပြီး တချို့တွေကတော့ ၇၀ရာခိုင်နှုန်း၊ ၉၅ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့ရပြီလို့ ဆိုကြပါတယ်။
မူဆလင်ဘင်္ဂါလီတွေဟာ ရိုဟင်ဂျာလို့ နာမည်ခေါ်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်အတွက် ဆက်တိုက်တိုက်ပွဲဝင်ခဲ့ရသလို စစ်ကောင်စီ၊ ARSA နဲ့ အာရက္ခတပ်တော်တို့အကြား သုံးပွင့်ဆိုင်စစ်ရေးပဋိပက္ခကြားမှာလည်း မြေစာပင်ဖြစ်နေရ ပြီး အိုးအိမ်မဲ့ဘဝတွေနဲ့ နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်နေရပြီပဲ ဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအငြင်းပွားဖွယ်စကားရပ်တွေကြားက ရခိုင်ပြည်အရေး (ရေဒီယို)
Next Article တောင်ငူ – သံတောင်လမ်းတွင် မာရှယ်လောထုတ်ပြန်
thanlwinkhet
  • Website

Related Posts

လားရှိုးမြို့ကိုပြန်ပေးလိုက်ရခြင်းက မြန်မာ့အတိုက်အခံအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်ခဲ့လဲ. . . . .?

July 17, 2025

ယူကရိန်းသမ္မတလိုခေါင်းဆောင်မျိုးလိုအပ်နေတဲ့ နွေဦးတော်လှန်ရေး

July 9, 2025

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး
  • မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး
  • ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)
  • ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
  • ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်‌ဟောင်း ကျောင်းသူ ထောင်အတွင်း ကျဆုံး

July 20, 2025

မကွေးတိုင်း နောင်ကျေးရွာကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ အဖွားအိုတစ်ဦး သေဆုံး

July 19, 2025

ရှမ်းမြောက်စစ်မျက်နှာ နောင်ချိုကျဆုံးခြင်း(ရုပ်သံ)

July 19, 2025

ဆားလင်းကြီးမြို့နယ်တွင် ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်

July 19, 2025

ကျောက်ဖြူရဲတပ်ရင်းအနီး တိုက်ပွဲ စစ်ကောင်စီက စက်တပ်လေထီး၊ ဒရုန်း အများအပြားသုံး ခုခံ

July 18, 2025

ကြည်းတပ်၊ ရေတပ်ပေါင်း၍ သပိတ်ကျင်းကို စစ်ကောင်စီ ထိုးစစ်ဆင်

July 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.