• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်
  • ထားဝယ်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF
ဆောင်းပါး

မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF

thanlwinkhetBy thanlwinkhetMay 25, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF
********
ကောင်းချစ်အောင်
မေ ၂၅၊ ၂၀၂၄။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်မှာစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်း/မြောက် တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ကလည်း စစ်ရေးအတွေ့အကြုံတွေယူရင်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဟိုင်ဂင်သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက်မှာ ယာယီအပစ်ရပ်စဲပြီးတဲ့နောက် ရှမ်းမြောက်တိုက်ပွဲတွေက တစ်ခန်းရပ်သွားခဲ့ပါတယ်။ အပစ်ရပ်ပြီး ၃ လအကြာမှာတော့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မှာ MDY-PDF ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်လာခဲ့ပြီး မန္တလေးတိုင်းထဲက စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။
ဟိုင်ဂင်နဲ့ မသက်ဆိုင်တဲ့ MDY-PDF
********
စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ဟာ တရုတ်မြေကူမင်းမြို့မှာ သုံးကြိမ်ဆွေးနွေးပြီးတဲ့နောက် ဟိုင်ဂင်သဘောတူညီ ချက် ရရှိခဲ့ပါတယ်။ နှစ်ဖက်တပ်တွေကြားအပစ်ရပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းညှိနှိုင်းကြဖို့ စတဲ့ အချက်တွေပါဝင်တဲ့ သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှာ အပစ်ရပ်ခဲ့ကြပါတယ်။
ဟိုင်ဂင်ဟာ ရှမ်း/မြောက်ဒေသမှာသာအကျုံးဝင်တဲ့ သဘောတူညီချက်တစ်ရပ်ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် AA နဲ့လည်း မသက်ဆိုင်ခဲ့ပါဘူး။ အဲဒီလိုပဲ ရှမ်း/မြောက်ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ MDY-PDF ကိုလည်း စစ်ကောင်စီက အပစ်ရပ်စဲရေး သဘောတူညီချက်မှာ မထည့်သွင်းခဲ့ပါဘူး။
MDY – PDF ကို စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် စက်တင်ဘာလကတည်းက အင်အား ၄၀၀ ခန့်နဲ့ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီက တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၂၊ ခမရ ၂၅၇ တပ်ရင်းတွေနဲ့ စကခ-၁ လက်အောက်ခံ ခမရ ၅၀၂ တပ်ရင်းတွေအသုံးပြုပြီး ထိုးစစ်ဆက်တိုက်ဆင်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးမှာလည်း ပြင်ဦးလွင်ကနေလားရှိုးမြို့ကိုစစ်ကူတက်လာတဲ့ စစ်ကောင်စီမြေပြင်စစ်ကြောင်းကို နောင်ချိုမြို့နယ် အုမ္မတီး – အုမ္မခါးလမ်းခွဲမှာ ဆက်တိုက်ဟန့်တားနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အပစ်ခတ်ရပ်စဲ ရေးနဲ့ ငြိမ်းချမ်းရေလမ်းစဉ်ရှာဖွေဖို့ တိုက်တွန်းပြောဆိုတိုင်းမှာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ PDF တပ်ဖွဲ့တွေကို ထည့်သွင်းပြောကြားတာမျိုး လုံးဝမရှိခဲ့တာ တွေ့ရပါတယ်။
DSA တိုက်ခိုက်မှု
********
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရဲ့ ကွပ်ကဲမှုအောက်မှာ MDY – PDF လည်းပါဝင်ဆင်နွှဲခဲ့ပါတယ်။ သင်္ကြန်ကာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မယ်လို့ သ တင်းတွေထွက်ပေါ်ခဲ့တဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို MDY – PDF က ဧပြီ ၁၄ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်တက္ကသိုလ်ဂိတ်ပေါက်အနီး ထိခိုက်ပျက်စီးမှုရှိခဲ့သလို စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်လည်း ပျက်သွားပြီး ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ကိုပဲ စေလွှတ်ခဲ့ပါတယ်။
ပစ်ခတ်မှုလုပ်ဆောင်ခဲ့တယ်လို့ယူဆထားတဲ့ နောင်ချို – ပြင်ဦးလွင်အစပ်က ရွာတွေကို နယ်မြေရှင်းလင်းရေးစစ် ကြောင်းထိုးရာကနေ တိုက်ပွဲတွေ တကျော့ပြန်စတင်လာခဲ့ပါတယ်။ ရှမ်း/မြောက်ကနေ မန္တလေးထိ ၁၀၂၇ စစ်ဆင် ရေးအရှိန် ပြင်းထန်နေတဲ့ကာလကတည်းက စစ်ကောင်စီဟာ မန္တလေးတိုင်းထဲကို စစ်မီးကူးမလာစေဖို့ ခံစစ်ပြင်ထားခဲ့ပါတယ်။
နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၅ ရက် မနက်ပိုင်းမှာထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀ မမ ၂ လက် ၊ Drone Jammar ၁ ခု ၊ ခဲယမ်းအမြောက်အများ အပါအဝင် စစ်ကောင်စီတပ်သားအလောင်း ၂၁ လောင်းအထိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၂၈ ရက်မှာတော့ စဥ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ရာမှာ လည်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရုံးတပ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီစစ်ကြောင်း
********
ဝါးပိုချပ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးဟာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပေမယ့် သူ့လက် အောက်မှာ အင်အား ၂၅ ဦးသာ ပါဝင်တာတွေ့ရပါတယ်။ သေဆုံးခဲ့တဲ့စစ်ကြောင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး တင်ကို ဟာ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း အုပ်ချုပ်မှုဌာန ဌာနမှူးအဖြစ် လက် ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သင်ကြားရေးအပိုင်းက ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ချတဲ့တပ်သားတွေထဲမှာ မန္တလေးမြို့စောင့်တပ် ခလရ ၇၆ က တပ်သား ၂ ဦးသာ ပါဝင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ တိုက်ခိုက်ရေးတပ်ကမဟုတ်ဘဲ လက်ရုံးတပ်ဖွဲ့ဝင်တွေဖြစ်နေတာတွေ့ရပါတယ်။
ပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် – ပပန၊ ယန္တရားနှင့် ယာဉ်ထိန်းသိမ်းရေးတပ် – ယတယ၊ ထောက်ပို့ရေး တပ် – ထပရ၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း – လစရ နဲ့ ပင်မလျှပ်စစ်တပ် – ပလစ တို့လို တပ်ဖွဲ့ပေါင်းစုံကသူတွေနဲ့ စုဖွဲ့ထားတာပါ။
ဇန်နဝါရီ ၂ ရက် သံဘိုရွာစခန်းကိုသိမ်းနိုင်ခဲ့ရာမှာလည်း တပ်မ ၁၁၊ တပ်မ ၉၉ ဘက်တံဆိပ်တွေအပြင် မီးသတ် တပ်ဖွဲ့ယူနီဖောင်းတွေပါ သိမ်းဆည်းရမိတဲ့အထဲ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ဖွဲ့စည်းပုံက အတော်လျော့ ရဲနေတာတွေ့ရပါတယ်။
ဧရာဝတီမြစ်ကို မေးတင်ထားတဲ့ စဥ့်ကူးမြို့နယ်ဟာ မန္တလေး – မြစ်ကြီးနားကားလမ်းအပြင် ရွှေဘိုမြို့နယ်ဘက်ကို ပါ ကားလမ်းသွယ်တန်းထားပါတယ်။ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် -KIA ရဲ့ ထိုးစစ်ကလည်း အရှိန်ပြင်းနေပါတယ်။ MDY-PDF အနေနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြောက်ဦး ခရိုင်​ထွေ/အုပ်ရုံးအား စစ်ကောင်စီဗုံးကြဲ
Next Article ပဋိပက္ခတွေကြားက စာသင်ခန်းရှာ အနာဂတ်များ
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

June 3, 2025

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

June 3, 2025

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

June 2, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

June 2, 2025

စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်

June 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.