• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF
ဆောင်းပါး

မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF

thanlwinkhetBy thanlwinkhetMay 25, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မန္တလေးတိုင်းထဲအထိ ထိုးစစ်ဆင်လာနိုင်တဲ့ MDY-PDF
********
ကောင်းချစ်အောင်
မေ ၂၅၊ ၂၀၂၄။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၇ ရက်မှာစတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်း/မြောက် တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY-PDF ကလည်း စစ်ရေးအတွေ့အကြုံတွေယူရင်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။
ဟိုင်ဂင်သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက်မှာ ယာယီအပစ်ရပ်စဲပြီးတဲ့နောက် ရှမ်းမြောက်တိုက်ပွဲတွေက တစ်ခန်းရပ်သွားခဲ့ပါတယ်။ အပစ်ရပ်ပြီး ၃ လအကြာမှာတော့ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းအစပ်မှာ MDY-PDF ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်လာခဲ့ပြီး မန္တလေးတိုင်းထဲက စစ်ကောင်စီစခန်းကိုပါ သိမ်းပိုက်လာနိုင်ခဲ့ပါတယ်။
ဟိုင်ဂင်နဲ့ မသက်ဆိုင်တဲ့ MDY-PDF
********
စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့တို့ဟာ တရုတ်မြေကူမင်းမြို့မှာ သုံးကြိမ်ဆွေးနွေးပြီးတဲ့နောက် ဟိုင်ဂင်သဘောတူညီ ချက် ရရှိခဲ့ပါတယ်။ နှစ်ဖက်တပ်တွေကြားအပစ်ရပ်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းညှိနှိုင်းကြဖို့ စတဲ့ အချက်တွေပါဝင်တဲ့ သဘောတူညီချက်အရ ဇန်နဝါရီ ၁၁ ရက် ည ၉ နာရီမှာ အပစ်ရပ်ခဲ့ကြပါတယ်။
ဟိုင်ဂင်ဟာ ရှမ်း/မြောက်ဒေသမှာသာအကျုံးဝင်တဲ့ သဘောတူညီချက်တစ်ရပ်ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် အာရက္ခတပ်တော် AA နဲ့လည်း မသက်ဆိုင်ခဲ့ပါဘူး။ အဲဒီလိုပဲ ရှမ်း/မြောက်ဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ MDY-PDF ကိုလည်း စစ်ကောင်စီက အပစ်ရပ်စဲရေး သဘောတူညီချက်မှာ မထည့်သွင်းခဲ့ပါဘူး။
MDY – PDF ကို စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် စက်တင်ဘာလကတည်းက အင်အား ၄၀၀ ခန့်နဲ့ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီက တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၂၊ ခမရ ၂၅၇ တပ်ရင်းတွေနဲ့ စကခ-၁ လက်အောက်ခံ ခမရ ၅၀၂ တပ်ရင်းတွေအသုံးပြုပြီး ထိုးစစ်ဆက်တိုက်ဆင်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးမှာလည်း ပြင်ဦးလွင်ကနေလားရှိုးမြို့ကိုစစ်ကူတက်လာတဲ့ စစ်ကောင်စီမြေပြင်စစ်ကြောင်းကို နောင်ချိုမြို့နယ် အုမ္မတီး – အုမ္မခါးလမ်းခွဲမှာ ဆက်တိုက်ဟန့်တားနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အပစ်ခတ်ရပ်စဲ ရေးနဲ့ ငြိမ်းချမ်းရေလမ်းစဉ်ရှာဖွေဖို့ တိုက်တွန်းပြောဆိုတိုင်းမှာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ PDF တပ်ဖွဲ့တွေကို ထည့်သွင်းပြောကြားတာမျိုး လုံးဝမရှိခဲ့တာ တွေ့ရပါတယ်။
DSA တိုက်ခိုက်မှု
********
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ရဲ့ ကွပ်ကဲမှုအောက်မှာ MDY – PDF လည်းပါဝင်ဆင်နွှဲခဲ့ပါတယ်။ သင်္ကြန်ကာလအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မယ်လို့ သ တင်းတွေထွက်ပေါ်ခဲ့တဲ့ ပြင်ဦးလွင်စစ်တက္ကသိုလ်ကို MDY – PDF က ဧပြီ ၁၄ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် စစ်တက္ကသိုလ်ဂိတ်ပေါက်အနီး ထိခိုက်ပျက်စီးမှုရှိခဲ့သလို စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်လည်း ပျက်သွားပြီး ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ကိုပဲ စေလွှတ်ခဲ့ပါတယ်။
ပစ်ခတ်မှုလုပ်ဆောင်ခဲ့တယ်လို့ယူဆထားတဲ့ နောင်ချို – ပြင်ဦးလွင်အစပ်က ရွာတွေကို နယ်မြေရှင်းလင်းရေးစစ် ကြောင်းထိုးရာကနေ တိုက်ပွဲတွေ တကျော့ပြန်စတင်လာခဲ့ပါတယ်။ ရှမ်း/မြောက်ကနေ မန္တလေးထိ ၁၀၂၇ စစ်ဆင် ရေးအရှိန် ပြင်းထန်နေတဲ့ကာလကတည်းက စစ်ကောင်စီဟာ မန္တလေးတိုင်းထဲကို စစ်မီးကူးမလာစေဖို့ ခံစစ်ပြင်ထားခဲ့ပါတယ်။
နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၅ ရက် မနက်ပိုင်းမှာထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀ မမ ၂ လက် ၊ Drone Jammar ၁ ခု ၊ ခဲယမ်းအမြောက်အများ အပါအဝင် စစ်ကောင်စီတပ်သားအလောင်း ၂၁ လောင်းအထိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
ဧပြီလ ၂၈ ရက်မှာတော့ စဥ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ခဲ့ရာမှာ လည်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရုံးတပ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီစစ်ကြောင်း
********
ဝါးပိုချပ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးဟာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပေမယ့် သူ့လက် အောက်မှာ အင်အား ၂၅ ဦးသာ ပါဝင်တာတွေ့ရပါတယ်။ သေဆုံးခဲ့တဲ့စစ်ကြောင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး တင်ကို ဟာ သပိတ်ကျင်းအခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း အုပ်ချုပ်မှုဌာန ဌာနမှူးအဖြစ် လက် ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သင်ကြားရေးအပိုင်းက ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ချတဲ့တပ်သားတွေထဲမှာ မန္တလေးမြို့စောင့်တပ် ခလရ ၇၆ က တပ်သား ၂ ဦးသာ ပါဝင်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ တိုက်ခိုက်ရေးတပ်ကမဟုတ်ဘဲ လက်ရုံးတပ်ဖွဲ့ဝင်တွေဖြစ်နေတာတွေ့ရပါတယ်။
ပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် – ပပန၊ ယန္တရားနှင့် ယာဉ်ထိန်းသိမ်းရေးတပ် – ယတယ၊ ထောက်ပို့ရေး တပ် – ထပရ၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း – လစရ နဲ့ ပင်မလျှပ်စစ်တပ် – ပလစ တို့လို တပ်ဖွဲ့ပေါင်းစုံကသူတွေနဲ့ စုဖွဲ့ထားတာပါ။
ဇန်နဝါရီ ၂ ရက် သံဘိုရွာစခန်းကိုသိမ်းနိုင်ခဲ့ရာမှာလည်း တပ်မ ၁၁၊ တပ်မ ၉၉ ဘက်တံဆိပ်တွေအပြင် မီးသတ် တပ်ဖွဲ့ယူနီဖောင်းတွေပါ သိမ်းဆည်းရမိတဲ့အထဲ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ဖွဲ့စည်းပုံက အတော်လျော့ ရဲနေတာတွေ့ရပါတယ်။
ဧရာဝတီမြစ်ကို မေးတင်ထားတဲ့ စဥ့်ကူးမြို့နယ်ဟာ မန္တလေး – မြစ်ကြီးနားကားလမ်းအပြင် ရွှေဘိုမြို့နယ်ဘက်ကို ပါ ကားလမ်းသွယ်တန်းထားပါတယ်။ မတ်လ ၇ ရက်မှာစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် -KIA ရဲ့ ထိုးစစ်ကလည်း အရှိန်ပြင်းနေပါတယ်။ MDY-PDF အနေနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းတွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်သွားမယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြောက်ဦး ခရိုင်​ထွေ/အုပ်ရုံးအား စစ်ကောင်စီဗုံးကြဲ
Next Article ပဋိပက္ခတွေကြားက စာသင်ခန်းရှာ အနာဂတ်များ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.