မြောက်ဦး ခရိုင်ထွေ/အုပ်ရုံးအား စစ်ကောင်စီဗုံးကြဲ
*******
ခင်သရဖီဦး
မေ ၂၄၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ မြောက်ဦး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီက လေကြောင်း
ဖြင့် ဗုံးကြဲခဲ့ကြောင်းသိရသည်။
ခရိုင်ရုံးတွင် AA က နေရာယူထားသည်ဟု ယူဆသည့်အတွက် ယခုကဲ့သို့လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း မြောက်ဦးဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက ” AA ကနေရာယူထားတယ် ဘာညာကြားလို့ ပစ်တာဖြစ်မယ်။ အဲဒီရုံးမှာက လူတွေမရှိပါဘူး။ ၉နာရီခွဲလောက်က ဂျက်နဲ့လာပြီး ၁ လုံး လာချတာပါ။ လက်ရှိ တော့ အဲဒီနေရာကို ပိတ်ထားလိုက်ပြီ” ဟုဆိုသည်။
ရုံးအတွင်း လူနေထိုင်မူမရှိသည့်အတွက် ထိခိုက်မှုမရှိ
ကြောင်းလည်းသိရသည်။
“ရုံးခေါင်မိုးတွေ ပျက်သွားတယ်။ လူအထိအခိုက်တော့ မရှိပါဘူး။ မြို့ခံတွေကတော့ နည်းနည်းစိုးရိမ်နေကြတာပေါ့” ဟု ခရိုင်ရုံးအနီးနေထိုင်သူ ၁ ဦးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် AA သိမ်းပိုက်ထားသည့် မြို့နယ်များအား စစ်ကောင်စီက ယခုကဲ့သို့ပင် နေ့စဥ် လေကြောင်းဖြင့် လာရောက်ပစ်ခတ်နေသည်။
ဓာတ်ပုံ – APM
ပုံစာ – စစ်ကောင်စီတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် ထွေ/အုပ်ရုံး။