တနိုင်းရှိ စစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်သိမ်း ပိုက်
*********
ထွယ်
မေ ၁၆၊ ၂၀၂၄။
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် နမ်ဗျူနမ်ခမ်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ် ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယနေ့နံနက် ၇ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက “မနက်က သိမ်းလိုက်ပြီ။ သိမ်းဆည်းရမိတဲ့လက်နက်တွေတော့ အတိအကျမသိသေးဘူး” ဟု ပြောသည်။
နမ်ဗျူနမ်ခမ်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၂၆၀ နှင့် ခလရ – ၂၉၇ တပ်ရင်းကတပ်ဖွဲ့ဝင်များ တပ်စွဲထားခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်ကတည်းက မြန်မာစစ်တပ်ဘက်က ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါနေရာသည် KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေတွင်တည်ရှိပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့က မေလ ၁၁ ရက်ကတည်းကပင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ တစ်ပတ်ခန့်အကြာတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။
ထို့ပြင် ကချင်ပြည်နယ် တနိုင်းမြို့နယ် နမ်ဂေါန်ကျေးရွာအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်းတွမတ်လ ၁၉ ရက် တိုက်ခိုက်သိမ်းပိုက်ကာ မီးရှီု့ဖျက်ဆီးနိုင်ခဲ့သည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူး ပေါင်းတပ်က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေ သည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး ယခုလများအတွင်း စစ်ကောင်စီ၏ တပ်စခန်းကြီး၊ ငယ် စုစုပေါင်း ၉၀ ခန့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4627
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10052