• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»UID ကတ်ဆိုတာဘာလဲ?
နေ့စဉ်သတင်း

UID ကတ်ဆိုတာဘာလဲ?

thanlwinkhetBy thanlwinkhetApril 24, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

UID ကတ်ဆိုတာဘာလဲ?
*******

ယမင်းဖူးပွင့်အောင်
ဧပြီ ၂၄၊ ၂၀၂၄။

လာမည့် မေလ ၁ ရက်ကစ၍ UID ကတ်(စမတ်ကတ်) ရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးမည် ဖြစ် သည်ဟု ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံသို့သွားလိုသူများနှင့် နိုင်ငံကူးလက်မှတ်(passport) ပြုလုပ်လိုသူများအနေဖြင့် UID (အများအခေါ် စမတ်ကတ်) ကို ကိုင်ဆောင်ထားရမည်ဖြစ်သည်။

Unique Identity Number-UID ခေါ် စမတ်ကတ်ကို စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံး – လဝက ဝန်ထမ်းများ က ရပ်ကွက်အလိုက်ကွင်းဆင်းဆောင်ရွက်ပေးနေသည်ဟု မြို့နေပြည်သူများထံက သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့တွင် UID နံပတ်လျှောက်ထားသူ ၇,၀၀၀ ကျော် ရှိနေပြီး လျှောက်ထားသူအားလုံးရရှိရန် နောက်ထပ် ၃ လအထိ ကြာမြင့်နိုင်သည်ဟု မူဆယ်ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။

၎င်းက “ ၁ ရက်ကို လူဦးရေ ပျှမ်းမျှ ၁၀၀ လောက် ရုံးဖွင့်ရက်တွေမှာလုပ်ပေးနိုင်မယ်ဆိုပြီး ရုံးဖွင့်ရက်တွေမှာ ရက်သတ်မှတ်ပေးလိုက်တာပေါ့။ အကုန်လုံးရဖို့ဆို ၃လလောက်တော့ကြာမယ်။ ဒါက ရှမ်း/မြောက် အိမ်ထောင်စု စာရင်းကိုင်တဲ့သူတွေပေါ့” ဟုဆိုသည်။

UID နံပါတ်ရယူလိုသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားသည့်မြို့တွင် ပြန်လုပ်စရာမလိုဘဲ လက်ရှိကိုယ်နေထိုင်သည့်မြို့များရှိ မြို့နယ်လဝကရုံးများတွင်ဖြစ်စေ၊ ရပ်ကွက်များတွင် ကွင်းဆင်းပြုလုပ်ပေးနေ သည့် Mobile Team များတွင်ဖြစ်စေ UID နံပတ်ကို အခမဲ့ပြုလုပ်နိုင်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မီဒီယာများတွင် ရေးသားဖော်ပြကြသည်။

စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန သည် နိုင်ငံအတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက် အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်( Biometric Data) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း ၁၀ လုံးပါရှိသည့် UID ကို ထုတ်ပေးနေခြင်းဖြစ်သည်။

လတ်တလောတွင် ကတ်ထုတ်ပေးခြင်းမရှိသေးဘဲ A5 ဖြင့်သာ ယာယီစာရွက်များထုတ်ပေးနေပြီး စာရွက်တွင် QR Scan ပါဝင်ကာ ယင်း QR ကို Scan ဖတ်လိုက်သည်နှင့် မိမိ၏ကိုယ်ရေးအချက်အလက်များ ရှာဖွေနိုင်ရန်ပြုလုပ် ထားသည်။

နယ်စပ်ဂိတ်များကဝင်ထွက်ခွင့်ပြုရာတွင် နယ်စပ်အဝင်အထွက် လူဦးရေစာရင်းဇယားတိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များအားအသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ် နိုင်ရေးအတွက် UID လက်မှတ်ပါမှသာ TBP၊ BP လက်မှတ်များထုတ်ပေးမည်ဖြစ်သည်ဟု စစ်ကောင်စီက ဆို သည်။

စမတ်ကတ်ပြုလုပ်ရန်အတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတစ်ခုလိုအပ်သည်ဟု စမတ်ကတ် ပြုလုပ်ခဲ့သူများထံက သိရသည်။

ရန်ကုန်မြို့နေ အမျိုးသမီးပြည်သူ ၁ ဦးက “အစ်မလုပ်တာတော့ ရပ်ကွက်ကလာလုပ်ပေးတာဆိုတော့ ပိုက်ဆံ မပေးရဘူး။ အစ်မ အမျိုးသားကတော့ မှတ်ပုံတင်ပါ တစ်ခါတည်းလဲတော့ ၃၀,၀၀၀ ပေးရတယ်” ဟုပြောသည်။

စမတ်ကတ်ပြုလုပ်ရာတွင် တစ်ရက်တည်းနှင့် ရသူများလည်းရှိသလို အချို့ကလည်း ၁ ပတ်ကနေ ၂ ပတ်အထိ စောင့်ဆိုင်းရသည်ဟု ၎င်းကဆက်ပြောသည်။

UID လက်မှတ်ရယူလိုသူများအနေဖြင့် အလျင်လိုပါက မိမိရောက်ရှိနေသည့်ဒေသတွင်သာမဟုတ်ဘဲ လူနည်းစု အတွက်ပြုလုပ်နေသည့်ဒေသများသို့ သွားရောက်ပြုလုပ်ကြရန်လည်း လူမှုကူညီရေးအသင်းများက တိုက်တွန်း ကြသည်။

E-Government ကိုအထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ် ပြောင်းလဲအသုံးပြုရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီခန့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်တွင် ပြောဆိုခဲ့ဖူးသည်။

ကမ္ဘာ့နိုင်ငံများအနက် ဒစ်ဂျစ်တယ်သက်သေခံကတ်သုံးစွဲနိုင်မှုတွင် ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နိုင်ငံ ၄၆ နိုင်ငံ၊ ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ်သုံးစွဲပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ မဆောင်ရွက်နိုင်သည့် နိုင်ငံ ၁၁၉ နိုင်ငံ၊ ဒစ်ဂျစ်တယ်သက်သေခံကတ်စနစ် မဆောင်ရွက်နိုင်သည့် နိုင်ငံ ၃၃ နိုင်ငံရှိကြောင်းကို လေ့လာတွေ့ရှိရသည်ဟု စစ်ကောင်စီ၏ ပြောဆိုချက်အရ သိရသည်။

မြန်မာနိုင်ငံတွင်လည်း Digital စနစ်ကိုကူးပြောင်းပြီး E- Government စနစ် ပိုမိုအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီကို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် မေလ ၂၂ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၈၇/၂၀၂၂ ဖြင့်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၁၅၉/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအမှတ် ၂ တံတားနေရာကပင် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု KNU ဆို
Next Article စစ်ကောင်စီမောထတပ်စခန်းအား KNLA ပူးပေါင်းအဖွဲ့သိမ်းပိုက်
thanlwinkhet
  • Website

Related Posts

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

Leave A Reply Cancel Reply

Recent Posts

  • ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဖားကန့်တွင် လက်နက်ကျရောက်ပေါက်ကွဲမီးလောင်၍ ဒေသခံများ ပိတ်မိ

June 7, 2025

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.