• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
  • သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»အမှတ် ၂ တံတားနေရာကပင် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု KNU ဆို
တိုက်ပွဲသတင်း

အမှတ် ၂ တံတားနေရာကပင် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု KNU ဆို

thanlwinkhetBy thanlwinkhetApril 24, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အမှတ် ၂ တံတားနေရာကပင် ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု KNU ဆို
****************
အေကေ။
ဧပြီ ၂၄ ၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) နေရာကပင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်များက ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ကျန်နေရာများတွင် ပုံမှန်အတိုင်း စိုးမိုးထားလျက်ရှိဟု ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်ခက်သတင်းဌာနကို ပြောကြားသည်။

၎င်းက ” ကျွန်တော်တို့ ဆုတ်ခွာသွားတာ အမှတ် ၂ တံတားက နေရာပဲဖြစ်ပါတယ်။ ကျန် တဲ့နေရာကတော့ ပုံမှန် အတိုင်းဆက်ရှိနေပါတယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စခန်းအားစွန့်ခွာ၍ မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ခလရ-၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNLA ၊ PDF နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာရခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဧပြီလ ၂၀ ရက် နံနက်အစောပိုင်းကစပြီး Y 12 ၊ Mi 35နှင့် ဂျက်ဖိုက်တာစသော လေယာဉ်များဖြင့် တစ်ရက်တည်းမှာပင် ဗုံးရာကျော်ကြဲချခဲ့သည်။
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ အသုံးပြုခဲ့သည့်အတွက် ဧပြီ ၂၁ ရက်တွင် KNLA ၊ PDF ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ပွဲများလည်း ယာယီငြိမ်သက်ခဲ့သည်။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ” အစောပိုင်းထဲက ပြည်သူတွေကို အသိပေးထားတာရှိပါတယ်။ ပြည်သူတွေရဲ့လုံခြုံရေးအရနဲ့ စစ်ရေးကို ပြန်လည်သုံးသပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ခေတ္တယာယီ နောက်ဆုတ်ထားတာဖြစ်ပါတယ်ဆိုတာ ပြောထားပြီးသားဖြစ်ပါတယ် ” ဟုဆိုသည်။

ဧပြီလ ၂၃ ရက်တွင် ပူးပေါင်းတပ်များသိမ်းပိုက်ထားနိုင်သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ တွင် တပ်မ ၄၄ ဘက်တံဆိပ်တပ်ဆင်ထားသော ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တချို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနေသည့် ရုပ်သံ၊ ဓာတ်ပုံများကိုစစ်တပ်ဝါဒဖြန့် အွန်လိုင်းပလက်ဖောင်းများတွင်ဖော်ပြခဲ့ကြသည်။

BGF များ၏ အကူညီများကြောင့်သာ ခလရ ၂၇၅ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံလွှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

၎င်းက ” ခလရ ၂၇၅ အလံ ပြန်လွှင့်တင်နိုင်ဖို့အတွက် BGF တွေရဲ့ အကူညီကို သူတို့ရယူပြီးမှပဲ သူတို့လွှင့်တင်နိုင်တာဖြစ်ပါတယ်။ အဲ့ဒီဘက်ခြမ်းမှာတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေကတော့ အနီးနားမှာ ရှိနေပါတယ် သူတို့အလံကို ခနတဖြုတ် လက်တလောလေးပြေးပြီးတင်တဲ့အဆင့်ပဲရှိပါတယ်။ “ဟုဆိုသည်။

မြဝတီမြို့တွင် တိုက်ပွဲများ ယာယီရပ်ထားသော်လည်း ကော့ကရိတ်မြို့ အနီးဝန်းကျင်၌ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သံလွင်ခက်သတင်းဌာနကကို ဧပြီ ၂၂ ရက်တွင်ဖြေကြားခဲ့သည်။

“မြဝတီကနေ ၂၇၅ တပ်ကိုသွားတဲ့ မြေနီကုန်းအဝင်ကစ BGF တွေအများကြီးတွေ့ရတယ်။ ဘက်တံဆိပ်က မပါတာတွေရော၊ ပါတာတွေရောပဲ။ လမ်းက ၂၇၅ ကနေ သင်္ဃန်းညီနောင်အထိ ပွင့်သွားပြီးပြောတာလည်း ရှိတယ်။ ဒါပေမယ့် မသွားရဲတော့ အသေအချာမပြောရဲဘူး” ဟု မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်တွင် အလုပ်လုပ်ကိုင်နေသူ ကိုညီညီအောင်က ပြောသည်။

မြဝတီမြို့တွင်းတွင် BGF တပ်သားလိုက်ပါလာသော ကားများလှည့်လည်သွားလာနေပြီး ဌာနဆိုင်ရာရုံးများမှာ ပိတ်ပင်ထားဆဲဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်သွားသည့်အတွက် သောင်ရင်းမြစ်အနီးနှင့် နယ်စပ်ဖြတ်ကျော်တိမ်းရှောင်ခဲ့သူတချို့ မြဝတီမြို့ နေရပ်ပြန်ခဲ့ကြသော်လည်း တိုက်ပွဲများထပ်မံဖြစ်ပွားလာပါက တိမ်းရှောင်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားရသည်ဟု ဒေသခံများထံက သိရသည်။

ဧပြီလ ၂၁ ရက်တွင် ကော့ကရိတ်မှ မြဝတီမြို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး (၁) ဦး နှင့် ဗိုလ်လေး (၁) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဉ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့သည်ဟု KNU က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်တွင် KNLA ၊ PDF နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ပြီး လူအင်အား၊ လက်နက်အင်အားအပြည့်စုံဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ပုံစာ − စစ်ကောင်စီတပ်စခန်း ခလရ−၂၇၅ ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
Photo – KNU

************
Telegram – > https://t.me/ThanLwinKhetNews/4446
YouTube -> https://youtu.be/DEtRcu9PBI4
Website -> https://thanlwinkhet.net/?p=9557

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleထိုင်း-မြန်မာနယ်စပ်မြို့က ၃၆ နာရီတိုက်ပွဲ 
Next Article UID ကတ်ဆိုတာဘာလဲ?
thanlwinkhet
  • Website

Related Posts

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

Leave A Reply Cancel Reply

Recent Posts

  • လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်
  • နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်
  • ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်

June 6, 2025

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာနယ်စပ်အနီး အိန္ဒိယစစ်တပ်ကင်းလှည့်

June 6, 2025

ရမ်းဗြဲစစ်ရှောင်များ စားနပ်ရိက္ခာ အကူအညီများ လိုအပ်

June 6, 2025

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025

အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.