• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»လက်မရွံ့သားသတ်ခြေမြန်တပ်ရင်း ခမရ – ၃၆၁
ဆောင်းပါး

လက်မရွံ့သားသတ်ခြေမြန်တပ်ရင်း ခမရ – ၃၆၁

thanlwinkhetBy thanlwinkhetApril 6, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
ဧပြီ ၇၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ခြမ်းကရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ အခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးနေပါတယ်။ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်အစပ်က ရွာ ၆ ရွာထက်မနည်းကို စီးနင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေလည်း လုပ်ဆောင်နေပါတယ်။
မတ်လ ၁၉ ရက်မှာ သာကေတကျေးရွာမှာနေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးဇော်ဦး ဆိုသူရဲ့ဗိုက်ခွဲ၊ အူတွေဆွဲနှုတ် ပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲဒီလို မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေ ကျူးလွန်နေသူတွေဟာ အမှတ် ၃၆၁ ခြေမြန်တပ်ရင်းနဲ့ ၅၅၀ ဆရာတော် ဦးဝါသဝရဲ့ ကန့်ဘလူပြည်သူ့စစ် သင်တန်းဆင်းအသစ်တွေ ဖြစ် တယ်လို့ သိရပါတယ်။
ခမရ ၃၆၁ တပ်ရင်းဟာ အခုကာလမှသာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာမျိုးမဟုတ်ဘဲ အရင်ကတည်းက စစ်ကိုင်းတိုင်းအတွင်း လှည့်လည်သွားလာ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အမှတ် ၃၆၁ ခြေမြန်တပ်ရင်းဟာ ကလေးမြို့အခြေစိုက် တပ်ရင်းပါ။ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် – နမခ လက်အောက်မှာရှိတဲ့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ( စကခ-၁၀) ကွပ်ကဲမှု အောက်မှာရှိပါတယ်။ တပ်ရင်းမှူးကတော့ DSA အပတ်စဉ် ၄၇ သင်တန်းဆင်း ဗိုလ်မှူးကျော်နိုင် ဆိုသူ ဖြစ်ပါတယ်။
ကလေးမြို့မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နဲ့ စကခ-၁၀ ဌာနချုပ်နှစ်ခုလက်အောက်ခံ ခြေလျင် ၄ ရင်း၊ ခြေမြန် ၄ ရင်း စုစုပေါင်း ၈ ရင်းအထိ တပ်စွဲထားပါတယ်။ အာဏာသိမ်းမှုအလွန်ကာလမှာ ခမရ ၃၆၁ နဲ့ ခမရ ၃၆၈ တို့ဟာ အထိုင်အဖြစ်မနေရဘဲ စစ်ကိုင်းတိုင်းအတွင်း ရွေ့လျားတပ်ရင်းတွေအဖြစ် စစ်ရေးတာဝန်တွေ ထမ်းဆောင်နေရပါတယ်။
လေကြောင်းကနေပစ်ချပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ရသလို သူတို့ကြောင့် အရပ်သားပြည်သူအများ အပြား အသက်နဲ့နေအိမ်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။
၂၀၂၂ ဩဂုတ်လမှာတော့ ခမရ ၃၆၁ ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စတင်မြင်တွေ့လာခဲ့ရပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကိုင်း PDF ခရိုင်တပ်ရင်း ၃ အဖွဲ့က ဩဂုတ် ၂၀ ရက်မှာ စစ်ကောင်စီတပ်သား ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ။ အဲဒီတပ်သား ၄ ယောက်ဟာ ခမရ ၃၆၁ ကဖြစ်ပြီး မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီက လေယာဉ်နဲ့လာချသွားတဲ့ တပ်သားတွေထဲက ဖြစ်ပါတယ်။
မင်းကင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တလျှောက် သူတို့တပ်ရင်းရဲ့ အကြမ်းဖက်မှုတွေကို နားမလည်နိုင်တော့တဲ့ အတွက် ထွက်ပြေးလာရင်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်အရ ရွာတွေကိုစစ်ကြောင်းထိုးရာ မှာ အမျိုးသမီးတွေကို မုဒိန်းကျင့်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ PDF အမျိုးသမီးရဲဘော် ၃၀ ကို အုပ်ချုပ်နေတဲ့ အမျိုးသမီးခေါင်းဆောင် ၁ ဦးကိုလည်း မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ တပ်မ ၇၇ လက်အောက်ခံ ဘီလူးစစ် ကြောင်းလိုပဲ ခမရ ၃၆၁ နဲ့ ခမရ ၃၆၈ တပ်ရင်းတွေဟာလည်း ၂၀၂၃ မေလ တတိယအပတ်အတွင်း ကန့်ဘလူမြို့ နယ်ထဲက ကျေးရွာ ၁၅ ရွာထက်မနည်းကို မီးရှို့ပစ်ခဲ့တာပါ။
အခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်ကနေ မတ်လ ၁ ရက်အတွင်း တန့်ဆည်မြို့နယ်၊ အနောက်ပိုင်းကျေးရွာတွေမှာ အရပ်သား ၁၁ ဦးကို အပိုင်းပိုင်းဖြတ်၊ ခုတ်ထစ်သတ်ဖြတ်ခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (တန့်ဆည်-ပအဖ) က မတ်လ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။ အဲဒီသတ်ဖြတ်မှုတွေအတွက် ခမရ- ၃၆၁ အပြင် ခမရ – ၁၁၊ ခမရ – ၇၀၈နဲ့ ပျူစောထီးတွေမှာ အဓိကတာဝန်ရှိတယ်လို့ဆိုထားပါတယ်။
သတ်ဖြတ်ခံရသူတွေအနက် ၁ ဦးသာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး မသေမချင်း မီးရှို့သတ်ဖြတ်ခံရသူတွေလည်း ပါဝင်ခဲ့ပါတယ်။ ဦးခေါင်း၊ လိင်အင်္ဂါနဲ့ခြေလက်တွေကိုဖြတ်ပြီး အလောင်းတွေကို အပြောင်အပျက်ပုံစံမျိုး ပြုလုပ်ခဲ့ ကြတယ်လို့လည်း ဆိုပါတယ်။
အင်အား ၂၀၀ ဝန်းကျင်ပါဝင်တဲ့ ခမရ – ၃၆၁ နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မတ်လ ၁၄ ရက်မှာ ကန့်ဘလူ မြို့နယ် ပေကြီးရွာကိုရောက်လာပြီး နယ်မြေရှင်းလင်းရေး ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။ ရွာထဲမှာ အမျိုးသား ၁ ဦး ကို ခေါင်းဖြတ်သတ်ခဲ့ပြီး ပေကြီးရွာကနေ ငှက်ပျောတိုင်းရွာဘက်သွားတဲ့လမ်းမှာလည်း နောက်ထပ်အမျိုးသား ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
အသတ်ခံရတဲ့ အမျိုးသား ၂ ဦးဟာ ပေကြီးရွာခံတွေဖြစ်ကြတဲ့ ကိုမျိုးမျိုးသိန်းနဲ့ ကိုခင်မောင်ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ သူတို့၂ ဦးဟာ ရွာမှာပစ္စည်းလာသယ်ရင်း ဖမ်းဆီးအသတ်ခံခဲ့ရတာပါ။
အဲဒီစစ်ကြောင်းဟာ တန့်ဆည်မြို့နယ် မြောက်ခြမ်းကရွာတွေကိုလည်း ဆက်လက် စစ်ကြောင်းထိုးခဲ့ပါတယ်။ မြောက်အင်း၊ ညောင်လေးပင်၊ အိုးသည်ကုန်း၊ တုတ်တလုပ်၊ ညံသာ၊ သာကေတ စတဲ့ ရွာ ၆ ရွာမှာ အိမ်ခြေ ၁၀၀ ထက်မနည်း မီးလောင်ပြာကျခဲ့ရပါတယ်။
မြောက်အင်းကျေးရွာမီးရှို့ခံရချိန်မှာ ကျန်းမာရေးကြောင့် မတိမ်းရှောင်နိုင်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်အေးတီ နေအိမ်အတွင်းသေဆုံးခဲ့ပြီး သာကေတရွာသား အသက် ၅၀ အရွယ် ဦးဇော်ဦးမှာလည်း နှိပ်စက်အသတ်ခံထား ရတယ်လို့ ဆိုပါတယ်။ အလောင်းကိုတွေ့ရှိချိန်မှာ ရင်ဘတ်ကနေ ဗိုက်အထိ အခွဲခံထားရပြီး ခေါင်းလှီးဖြတ် ထားတဲ့ ဓားဒဏ်ရာကိုလည်း တွေ့ခဲ့ရပါတယ်။
ခမရ- ၃၆၁ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို NUG လူ့အခွင့်အရေးဝန်ကြီး ဌာနက မှတ်တမ်းတင်ထားပြီး အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာမသိမ်းခင်က စစ်တပ်အတွက် အဓိကတပ်သားသစ်အရင်းအမြစ်ဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းလို အညာဒေသရဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုကို အာဏာ သိမ်းစစ်ခေါင်းဆောင်တွေဟာ မကြုံစဖူးရင်ဆိုင်နေရပါတယ်။
ခုခံမှုလျော့ကျသွားအောင် ရွာလုံးကျွတ်မီးရှို့မှုတွေ၊ သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့ပြီး အကြောက်တရားရိုက်သွင်းခဲ့ ပေမယ့် သူတို့မျှော်မှန်းထားသလိုဖြစ်မလာဘဲ တော်လှန်မှုက ဆက်လက်အားကောင်းနေဆဲပါပဲ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာများလုပ်ကိုင်နေသည့် ရော်ဘာသစ်အချောထည်လုပ်ငန်းမီးလောင်
Next Article လေးကေ့ကော်မြို့သစ်မှ သင်္ဃန်းညီနောင်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုသာ ကျန်ရှိ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

Leave A Reply Cancel Reply

Recent Posts

  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

April 11, 2026

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.