မံစီရှိ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၊ ၂၀၂၄။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ ဒေသအခေါ် ဘလောင်ဒိန်ဆာတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ကချင်လွတ်မြောက်တပ် KIA ၏ တပ်မဟာ ၃၊ တပ်ရင်း ၂၇ နယ်မြေအတွင်းရှိ အဆိုပါ
စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ။
ကချင်လွတ်မြောက်ရေးတပ် KIA သည် ကချင်ပြည်နယ် မံစီမြို့နယ်တွင်တည်ရှိသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၀၂) တပ်ရင်းအောက်ရှိ ကိုင်းထိပ်တပ်စခန်းကိုလည်း ပြီးခဲ့သော ဇန်နဝါရီလ ၂၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ယနေ့တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ ဘလောင်ဒိန်ဆာတပ်စခန်းသည် အဆိုပါ ကိုင်းထိပ်တပ်စခန်းနှင့် လွယ်ဂျောမ်တောင်အကြား တည်ရှိပြီး စစ်ရေးအတွက် အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3215
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7454