ကျောသားရင်သားမခွဲခြားဘဲ တိုင်ကြားမှုများကို NUG တရားရေးက စစ်ဆေးအရေးယူနေဟုဆို
************************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၂၊ ၂၀၂၄။
ယမန်နေ့ကကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရကတင်သွင်းသည့် အစီရင်ခံစာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလတိုင်ကြားစာ ကော်မတီဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်အတွင်း တိုင်ကြားမှုများကို ကျောသားရင်သားမခွဲခြားဘဲ စစ်ဆေးအရေးယူလျက်ရှိနေသည်ဟု ဆိုသည်။
ကြားကာလတိုင်ကြားစာ ဗဟိုကော်မတီဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အတွင်း တိုင်ကြားမှုပေါင်း ၁၁၅ ခုကို စစ်ဆေးအရေးယူနိုင်ရန် NUG က စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
တရားရေးဝန်ကြီးဌာနအနေဖြင့် မြို့နယ်တရားရုံး ၂၆ ရုံးတွင် တရား သူကြီး ၁၂၃ ဦးနှင့်အတူ မြို့နယ်ဥပဒေတာဝန်ခံ ၁၃ ဦး၊ တွဲဘက်ဥပဒေတာဝန်ခံ ၂ ဦး၊ ဒုတိယမြို့နယ်ဥပဒေတာဝန်ခံ ၁၈ ဦး ခန့်အပ်ကာ တရား စီရင်ရေးလုပ်ငန်းများ လည်ပတ်နေသည်ဟု NUG ကဆိုသည်။
အဆိုပါတရားရုံးများက ရာဇဝတ်မှု၊ တရားမမှု စုစုပေါင်း ၁,၃၄၃ မှုကိုင်တွယ်ခဲ့ပြီး ၈၃၇ မှု အမိန့်ချနိုင်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်း၊ မကွေးဖက်ဒရယ်ယူနစ်များတွင် စီရင်ပြီးအမှုများက ထောင် ကျအကျဉ်းသား ၂၃၃ ဦးနှင့် အကျဉ်းသား ၄၀၀ ကျော်ကိုလည်း ထိန်း သိမ်းထားရှိသည်ဟု သိရသည်။
ဓာတ်ပုံ – ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။
ပုံစာ – ဗုံးကြဲခံလိုက်ရသည့် NUG ၏ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာတရားရုံး။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3219
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7462