မြောက်ဦးအခြေစိုက် စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်
*****************************
သဇင်
ဖေဖော်ဝါရီ ၁ ၊၂၀၂၄။
ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့နယ်ရှိ ခမရ – ၅၄၀ တပ်ရင်း ၁ ရင်းလုံးအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါတပ်ရင်းသည် ရခိုင့်မွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး မြောက်ဦးမြို့ကို မီးလောင်ပြာကျအောင် ကြံစည်ကြိုးစားနေသောကြောင့် ရက္ခိုင့်တပ်တော် – AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်၊ ည ၁၂ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြောက်ဦးမြို့နယ်တွင် ခမရ – ၅၄၀၊ ခမရ – ၃၇၇၊ ခမရ – ၃၇၈ တပ်ရင်းများတည်ရှိပြီး အဆိုပါတပ်ရင်းများကို တပြိုင်တည်းထိုးစစ်ဆင်ခဲ့ရာ ခမရ – ၅၄၀ တပ်ရင်းကို ပထမဦးဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော် – AA သည် မင်းပြား၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့ကြီး ၃ မြို့ရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်စခန်းများကို ထိုးစစ်ဆင်နေပြီး ကျောက်တော်အခြေစိုက် ခမရ – ၃၇၄ တပ်ရင်းကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင်လည်းကောင်း၊ မင်းပြားအခြေစိုက် ခမရ – ၃၈၀ တပ်ရင်းကို ဇန်ဝါရီ ၂၈ ရက်တွင်လည်းကောင်း အပြီး သတ်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ တပ်ရင်း၊ တပ်စခန်းများမကျရှုံးရေးအတွက် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ် ကူများပေးကာ အပြင်းအထန်ခုခံနေသည့်ကြားက ရက္ခိုင့်တပ်တော်ထံ လက်လွှတ်ဆုံးရှံးခဲ့ရခြင်းဖြစ်သည်။
ဓာတ်ပုံ – AA Info Desk
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3202
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7416