• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ
  • စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ
  • UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ
  • စစ်ကောင်စီတပ်သား ၁၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»NUG ဆုကြေး ထုတ်ထားသည့်ကာလအတွင်း လေယာဥ်၆စီးထိ ပစ်ချထားနိုင်
နေ့စဉ်သတင်း

NUG ဆုကြေး ထုတ်ထားသည့်ကာလအတွင်း လေယာဥ်၆စီးထိ ပစ်ချထားနိုင်

thanlwinkhetBy thanlwinkhetJanuary 30, 2024No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

NUG ဆုကြေး ထုတ်ထားသည့်ကာလအတွင်း လေယာဥ်၆စီးထိ ပစ်ချထားနိုင်

*************************

သံလွင်ခက်

ဇန်နဝါရီ ၃၀ ၊ ၂၀၂၄ ။

စစ်ကောင်စီ၏ တိုက်လေယာဥ် ၊ ရဟတ်ယာဥ်၊  ထောက်ပို့လေယာဥ်များအား ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း သို့မဟုတ် မြန်မာငွေကျပ် သိန်း၆၀၀၀ ချီးမြှင့်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်များက လေယာဥ် ၆ စီးကို ပစ်ချနိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ဧပြီလ ၇ ရက်၊ နေ့စွဲဖြင့် “အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဥ် ၊ ရဟတ်ယာဥ်၊ စစ်ယာဥ်ယန္တယားတို့နှင့်စပ်လျဥ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ချက် “ကို NUG က တရားဝင်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်၌ လေယာဥ် ၊ ရဟတ်ယာဥ်၊ တိုက်လေယာဥ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၁၀၀၀၀ ထိချီးမြှင့်မည်ဟုပါရှိသည်။

CDM ပြုလုပ်မည့် လေယာဥ်မှူးများအတွက် အမြင့်ဆုံးဆုကြေးကို သက်မှတ်ပေးထားသော်လည်း NUG က ဆုကြေးထုတ်ပြန်ထားသည့် နှစ်နှစ်နီးပါးကာလအတွင်း စစ်ကောင်စီလက်အောက်ခံ လေယာဥ်မှူးများအနေဖြင့် ဆုကြေးရယူနိုင်ခြင်းမရှိခဲ့ပေ ။

သို့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီ၏ လေယာဥ် ၆ စီးထိကို NUG က ဆုကြေး ကြေညာချက်ထုတ်ထားသည့် ကာလအတွင်း ပစ်ချထားနိုင်ခဲ့သည် ။

ဆုကြေးငွေ ဒုတိယအများဆုံး သက်မှတ်ထားသည့် NUG ၏ ထုတ်ပြန် ကြေညာချက်တွင်  တိုက်လေယာဥ် ၊ ရဟတ်ယာဥ် ၊ ထောက်ပို့လေယာဥ် နှင့် တိုက်ရေယာဥ်များအား စစ်တပ်၏ အခြေစိုက်စခန်း၌ ရပ်နားထားစဥ် အကြီးစားပျက်စီးမှု ဖြစ်သည်အထိ ဖျက်ဆီးနိုင်လျှင်ဖြစ်စေ ၊ ပျံသန်း ထွက်ခွာစဥ် လမ်းခုလပ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် ဖြစ်စေ တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း သို့မဟုတ် မြန်မာငွေကျပ် သိန်း၆၀၀၀ ချီးမြှင့်သွားမည်ဟု ဖော်ပြထားသည် ။

ထိုကြေညာချက်ထုတ်ပြန်ပြီး ၁၀ လခန့်အကြာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ရဟတ်ယာဥ်တစ်စီးကို PDF ပူးပေါင်းတပ်များက ပစ်ချနိုင်ခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၃၀ ရက်တွင် ကရင်နီပြည်၊ ဘောလခဲမြို့နယ် ၊ ရွာသစ်မြို့အနီးတွင် အပေါ့စားတိုက်လေယာဥ်တစ်စီးကို ကရင်နီတပ်ပေါင်းစုကပစ်ချနိုင်ခဲ့သည်ဟု KNPLF က ထုတ်ပြန်ခဲ့သည် ။

အဆိုပါ ဖြစ်စဥ်နှစ်ခုတွင် လေယာဥ်များကိုပစ်ချနိုင်ခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းက သတင်းထုတ်ပြန်ခဲ့သော်လည်း လေယာဥ်အပျက်အစီးများကို မှတ်တမ်းတင်နိုင်ခြင်းမရှိသောကြောင့် NUG မှ ပေးအပ်မည့် ဆုကြေးငွေများကို ရရှိရန် လိုအပ်ချက်ရှိခဲ့သည်။

NUG၏ ဆုကြေးများပေးအပ်မည့် ထုတ်ပြန်တွင် “ဆုကြေးငွေများအား အချက်အလတ် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိသည်ဟု အတိအလင်းဖော်ပြထားသည် ။

ထို့နောက် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၁ ရက်တွင် ကရင်နီပူးပေါင်းတပ်များက အပေါ့စားတိုက်လေယာဥ်တစ်စီး ၊ ယခုနှစ် ဇန်နဝါရီ ၃ ရက်နှင့် ၁၆ ရက်တွင် KIA က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီးနှင့် ဂျက်တိုက်လေယာဥ် တစ်စီး ၊ ဇန်နဝါရီ ၂၉ ရက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်က သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တစ်စီးကို အသီးသီးပစ်ချထားနိုင်ခဲ့သည်။

အဆိုပါဖြစ်စဥ်များတွင် ပျက်စီးသွားသည့် လေယာဥ်အမျိုးအစားများ ၊ လေယာဥ်အပိုင်းအစများကို မှတ်တမ်းတင်နိုင်ရုံသာမက လေယာဥ်မှူးများ ၊ အရာရှိကြီးများ သေဆုံး၊ ဒဏ်ရာရရှိမှုများကိုပါ အချက်အလတ်အပြည့်အစုံ ရရှိခဲ့ကြသည် ။

ထို့ကြောင့် လေယာဥ်ပစ်ချနိုင်ကြောင်း အချက်အလတ်ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်နိုင်သည့် တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် NUG မှ ချီးမြှင့်မည့် ဆုကြေးငွေများရရှိရန် အခြေအနေပိုင်ဆိုင်ထားသည် ။

NUG သည် ဆုကြေးထုတ်ပြန်ပြီးနောက် ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင့်ကားနှစ်စီးကို ဖျက်စီးနိုင်ခဲ့သည့် ချင်းကာကွယ်ရေးပူးပေါင်းတပ်များကို ကျပ် သိန်း ၄၀၀၀ ဆုချီးမြှင့်ခဲ့သည်ဟု ပြီးခဲ့သော ဇူလိုင်လအတွင်း၌ ထုတ်ပြန်ထားသည် ။

NUG ၏ “အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဥ် ၊ ရဟတ်ယာဥ်၊ စစ်ယာဥ်ယန္တယားတို့နှင့်စပ်လျဥ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ထုတ်ပြန်ချက် ” တွင် တင့်ကား၊ သံချပ်ကာ ကားဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလာလျှင်ဖြစ်စေ ၊ ဖျက်ဆီးနိုင်လျှင်ဖြစ်စေ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၁ သိန်း သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ချီးမြှင့်မည်ဟု ဖော်ပြထားသည်။

ပုံစာ-ယခုလ ဇန်နဝါရီ ၁၆ ရက်တွင် ကွတ်ခိုင်မြို့နယ်တိုက်ပွဲ၌ KIA ကပစ်ချခဲ့သည့် ဂျက်တိုက်လေယာဥ် ။

*****************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/3191

YouTube – > https://youtu.be/cZ9bsHWX2EU

Website – > https://thanlwinkhet.com/?p=7134

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ်များကို ကပစထုတ်လက်နက်များဖြည့်တင်းပေး
Next Article PNO ပြည်သူ့စစ်တစ်ဦး PNLAထံအလင်းဝင်
thanlwinkhet
  • Website

Related Posts

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025

UWSA က ရှမ်းအရှေ့မှာ သတ္တုတိုးမြှင့်တူးဖော်လာ

May 17, 2025

Leave A Reply Cancel Reply

Recent Posts

  • တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး
  • ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 
  • အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း
  • အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး
  • သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၀၀ ကျော် သေဆုံး

May 20, 2025

ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ယူဂန်ဒါနိုင်ငံသား ၂၆ ဦးကို ပြန်ပို့ 

May 19, 2025

အငြင်းပွားမှုဖြစ်ပွားနေသည့် ချန်းရိစက်ရုံဝန်ထမ်းများအား အလုပ်သမားဒုဝန်ကြီးမှ လုပ်ငန်းခွင်ပြန်ဝင်ရန် တိုက်တွန်း

May 19, 2025

အိန္ဒိယစစ်တပ်ပစ်ခတ်မှုကြောင့် မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံး

May 19, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

စစ်ကောင်စီ အသုံးပြုနေသော တိုက်လေယာဉ်နှင့် ဗုံးများကို တရုတ် ထောက်ပံ့ပေးနေ

May 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.