စေတီပုထိုးများရှိရာ လက်ခတ်တောင်ကို စစ်ကောင်စီကထပ်မံဗုံးကြဲ
********************
နန်းဆုပန်ခန့်
ဇန်နဝါရီ ၁၇ ၊ ၂၀၂၄။
ကရင်ပြည်နယ်ရှိ လက်ခတ်တောင်စခန်းကို ယနေ့ နေ့လယ် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချခဲ့ကြောင်း တပ် မဟာ ၆ လုံခြုံရေးစစ်ကြောင်း ရဲဘော်များထံကသိရသည်။
” Yak – 130 လေယာဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး လာကြဲတာ။ အဆောက်အအုံ ၁ လုံးတော့ ကြေမွသွားတာပေါ့။ ကျန်တဲ့ ထိခိုက်ပျက်စီးတာတော့ စိစစ်ဆဲပဲ”ဟု တပ်မဟာ ၆ လုံခြုံရေး စစ်ကြောင်း ရဲဘော်၁ ဦးက ပြော သည်။
ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်၊ ညပိုင်း ၅ နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်က Yak-130 လေယာဉ်ဖြင့် လက်ခတ်တောင်ကို မီးလောင်ဗုံးကြဲချခဲ့သဖြင့် အဆောက်အအုံ ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာရှိ လက်ခတ်တောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA နှင့် PDF ပူးပေါင်းတပ်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – ယမန်နေ့ညက လက်ခတ်တောင်ဗုံးကြဲခံရအပြီး မြင်တွေ့ရသည့်မြင်ကွင်း။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3047
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=7095