မဘိမ်းတိုက်ပွဲတွင် ရဲမှူး ၁ ဦးသေဆုံး၊ ၅ ဦး ဖမ်းမိ
****************
သံလွင်ခက်
ဇန်နဝါရီ ၂၁၊ ၂၀၂၄။
ရှမ်း – ကချင်နယ်စပ် မိုးမိတ်ခရိုင်တွင်းတည်ရှိသည့်
မဘိမ်းမြို့နယ်၊ စစ်ကောင်စီရဲစခန်းနှင့် တပ်စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် KPDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲမှူး ၁ ဦး သေဆုံး၍ ၅ ဦးဖမ်းဆီးရမိခဲ့သည်ဟု ရှေ့တန်းရဲဘော် ၁ ဦးထံက သိရသည်။
“မြို့နယ်မှူးတော့မနေ့ထဲက ကျတယ်။ အလောင်းလည်းရတယ်လေ။ ရဲတပ်သား ၅ယောက်တော့ လက်နက်နဲ့အတူဖမ်းမိတယ်။ တခြားသူတွေထွက် ပြေးသွားတဲ့အချိန်မှာ သူတို့ကို မပြောဘဲထားခဲ့တာလို့တော့ပြောတာပဲ” ဟုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ယမန်နေ့ကတည်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက် နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။
“နယ်မြေကတော့ရှင်းလင်းဆဲပါ။ ကျည်တွေကတော့ စာရင်းလုပ်နေတုန်းပါ။အတိအကျတော့ပြောလို့မရသေးဘူး” ဟု ရှေ့တန်းရဲဘော် ၁ ဦး က သံလွင်ခက်ကို ပြောသည်။
ယမန်နေ့တိုက်ပွဲဖြစ်ပွားချိန်ကတည်းက စစ်ကောင်စီတပ်သည် မဘိမ်းမြို့ပေါ်ကို လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – သံလွင်ခက်
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3099
YouTube – > https://youtu.be/k0tqkvJvK_M?si=Hl1UPyKfw-B8K0Za
Website – > https://thanlwinkhet.net/?p=7167