• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ
  • ရသေ့တောင်စစ်ရှောင်များ လေကြောင်းအန္တရာယ်ကြောင့် နေရပ်ပြန်ခွင့် မရသေး
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»၂၀၂၄ ခုနှစ်အတွင်း ပိုမိုပြင်းထန်လာဦးမယ့် ဝေဟင်စီးချင်းထိုးပွဲ
ဆောင်းပါး

၂၀၂၄ ခုနှစ်အတွင်း ပိုမိုပြင်းထန်လာဦးမယ့် ဝေဟင်စီးချင်းထိုးပွဲ

thanlwinkhetBy thanlwinkhetJanuary 21, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

၂၀၂၄ ခုနှစ်အတွင်း ပိုမိုပြင်းထန်လာဦးမယ့် ဝေဟင်စီးချင်းထိုးပွဲ
********************
ကောင်းချစ်အောင်
ဇန်နဝါရီ ၂၁ ၊ ၂၀၂၄။

စစ်တပ်အာဏာသိမ်းမှုအလွန်ကာလ ၃ နှစ်နီးပါးရောက်လာချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား စစ်မျက်နှာပိုကျယ်ပြန်လာခဲ့ပြီး မြေပြင်ထိတွေ့တိုက်ပွဲတွေမှာတော့ဝေဟင်အသာစီးရတဲ့ဘက်က အနိုင် ရနိုင်ခြေပိုများတဲ့ အနေအထားတစ်ခုကို ရောက်လာပါတယ်။

ခံစစ်ဆင်ရာမှာ စစ်ကောင်စီဘက်က လက်နက်ခဲယမ်းဖောဖောသီသီသုံးနိုင်သလို ဂျက်ဖိုက်တာရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ပစ်ကူတိုက်ခိုက်တာတွေဆက်တိုက်ဆိုသလိုအသုံးပြုလာခဲ့ပါတယ်။ ဝေဟင်ပစ်ကူလို့ဆိုလိုက်ရင်တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီလို တိုက်လေယာဉ်တွေ ဝယ်ယူအသုံးပြုနိုင်တာမျိုးမရှိပေမယ့် ဒရုန်းတွေကိုတော့ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုလာနိုင်ပါတယ်။

၁ ရက်ကို အချက်ရေရာနဲ့ချီပစ်ခတ်နေတဲ့ တာဝေးပစ်အမြောက်ကြီးတွေ၊ ၁ မိနစ်ကို ကျည်အတောင့်ရေ၁၀၀ ကျော် ပစ်ခတ်နိုင်တဲ့ စက်သေနတ်တွေအထိုင်ချထားပေမယ့် ရှမ်းမြောက်ဒေသမှာစစ်ကောင်စီဘက်က စခန်းကုန်း ၅၀၀ ကျော်ကို အချိန် ၂ လကျော်လေးအတွင်းနဲ့စစ်ကောင်စီဘက်ကဆုံးရှုံးလိုက်ရတာကိုကြည့်ရင် ဒရုန်းစစ်ဆင်ရေးရဲ့ အခန်းကဏ္ဍကိုမျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီအထက်ပိုင်းခေါင်းဆောင်တွေက ဒရုန်းတွေရဲ့အရေးပါပုံကိုထုတ်ဖော်ပြောဆို တာမျိုးတွေရှိလာပြီး စစ်ကောင်စီဘက်ကလည်း ဒရုန်းအသုံးပြုပြီး ဗုံးသီးကြဲချမှုတွေပြန်လည်လုပ်ဆောင်လာခဲ့ပါ တယ်။

ဒရုန်းအသုံးပြုမှုအစ စစ်ကောင်စီက
*********************

စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လအတွင်းက မြို့ပေါ်လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာကင်းထောက်ဒရုန်း အသေးစားတွေကို အသုံးပြုခဲ့တယ်လို့ ဗြိတိသျှထောက်လှမ်းရေးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သူတို့ရဲ့အဆိုအရ အဲဒီဒရုန်းတွေဟာ တရုတ်အစိုးရထိန်းချုပ်ခံ China Aerospace Science AndTechnology Cooperation (CACS) ကနေ ထုတ်လုပ်ထားတဲ့ စစ်ဘက်သုံးဒရုန်းတွေဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက် က ဒရုန်းတွေကိုအသုံးပြုပြီး ဆန္ဒပြမှုတွေဘယ်နေရာမှာဖြစ်လာမလဲဆိုတာကို ကြိုတင်ကင်းထောက်ခဲ့တယ်လို့ သိရပါတယ်။

အမှန်တကယ်တော့ တရုတ်အစိုးရက စစ်ကောင်စီကို ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာဆယ်စုနှစ် တစ်ခုနီးပါးလောက်ရှိနေပြီဖြစ်တယ်လို့ ဗြိတိသျှထောက်လှမ်းရေးတွေက ထုတ်ဖော်ပြောဆိုလာပါတယ်။

၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေကြားမှာ CACS ကထုတ်လုပ်တဲ့ CH-3A မောင်းသူမဲ့လေယာဉ် ဒရုန်း ၁၂စင်းကို မြန်မာစစ်တပ်က ဝယ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအင်စ တီကျု က စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

CH – 3 Series မောင်းသူမဲ့လေယာဉ်တွေဟာ ကီလိုမီတာ ၂၀၀၀ ကျော်အကွာအဝေးကိုသွားလာနိုင်တဲ့အထိ စွမ်း ဆောင်ရည်မြင့်မားပြီး ဗုံးသီး ၂ လုံးကိုလည်း သယ်ဆောင်နိုင်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ CH-3 ရဲ့ လုပ် ဆောင်နိုင်စွမ်းကိုတော့ စစ်ကောင်စီဘက်ကတရားဝင်အသိပေးထားခြင်းမရှိဘဲ ၂၀၁၅ ခုနှစ်မှာ စတင်စမ်းသပ် မောင်းနှင်နေနိုင်ပြီလို့ ဆိုထားပါတယ်။

မြန်မာစစ်တပ်ကဝယ်ယူထားတဲ့ CH-3 မောင်းသူမဲ့လေယာဉ်တွေကို ရက္ခိုင့်တပ်တော် – AA နဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ တွေမှာကင်းထောက်အနေနဲ့ ဆက်တိုက်ဆိုသလို အသုံးပြုခဲ့တယ်လို့ စစ်ကောင်စီကဝန်ခံထားပေမယ့် ဗုံးသီးချ တိုက်ခိုက်မှုမျိုး လုပ်ဆောင်ခဲ့သလားဆိုတာတော့ မသိရပါဘူး။

စစ်ကောင်စီလေတပ်ဌာနချုပ်လို့ခေါ်ဆိုနိုင်တဲ့ မိတ္တီလာမြို့၊ ရှမ်းတဲလေတပ်စခန်းမှာတိုက်လေယာဉ်တွေနဲ့အတူ CH-3 မောင်းသူမဲ့လေယာဉ်တွေကို ထားရှိထားတဲ့မြင်ကွင်းကို ဂြိုလ်တုကနေကောင်းကင်ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာ တွေလည်း ရှိပါတယ်။

ကောင်းကင်ဓာတ်ပုံဖြင့်ရိုက်ကူးထားသည့် ရှမ်းတဲလေဆိပ်။ (ဓာတ်ပုံ - Center For Strategic&International Studies)
ကောင်းကင်ဓာတ်ပုံဖြင့်ရိုက်ကူးထားသည့် ရှမ်းတဲလေဆိပ်။ (ဓာတ်ပုံ – Center For Strategic&
International Studies)
ကောင်းကင်ဓာတ်ပုံဖြင့်ရိုက်ကူးထားသည့် ရှမ်းတဲလေဆိပ်။ (ဓာတ်ပုံ - Center For Strategic&International Studies)
ကောင်းကင်ဓာတ်ပုံဖြင့်ရိုက်ကူးထားသည့် ရှမ်းတဲလေဆိပ်။ (ဓာတ်ပုံ – Center For Strategic&
International Studies)

Gen Z လူငယ်တွေရဲ့ စွမ်းပကား
********************

စစ်တပ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာအမဲလိုက်တူမီးကနေ၊ လက် လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်း၊အဲဒီကနေတဆင့်တက်ပြီး အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်တဲ့ ဒရုန်း ခေါ် မောင်းသူမဲ့ယာဉ်ပျံတွေသုံးပြီး ဗုံးချတိုက်ခိုက်တဲ့အဆင့်ထိ ရောက်လာခဲ့တာ တွေ့ရပါတယ်။

ဒရုန်းအသုံးပြုမှုက အာဏာသိမ်းမှုမတိုင်ခင်အထိ မြန်မာနိုင်ငံမှာ အရမ်းမတွင်ကျယ်ခဲ့ပါဘူး။ဖွံ့ဖြိုးပြီးသားနိုင်ငံ တချို့မှာ ဒရုန်းတွေကို ပိုးသတ်ဆေးဖြန်းတဲ့နေရာမှာတွင်တွင်ကျယ်ကျယ်အသုံးပြနေပေမယ့် မြန်မာနိုင်ငံမှာ တော့ ဓာတ်ပုံသမားတွေ၊ဗီဒီယိုရိုက်ကူးရေးသမားတွေလောက်သာ အသုံးပြုနေတာမျိုး ရှိခဲ့ပါတယ်။

အာဏာသိမ်းမှုအလွန်ပေါ်ပေါက်လာတဲ့ ကာကွယ်ရေးအဖွဲ့တွေမှာ Generation Zလူငယ်တွေအများဆုံးပါဝင်ပြီး သူတို့ဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ ပြောင်းလဲလာတဲ့အသွင်သဏ္ဍာန်ကိုသိမြင်ခဲ့ကြပါတယ်။ ကိုယ်ထူကိုယ်ထ တည်ထောင်ခဲ့ကြရတဲ့ ကာကွယ်ရေးတပ်တွေအဖို့ဒရုန်းတွေဟာ ဝေဟင်အားသာစေဖို့ တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်နေပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်
Federal Wings ဒရုန်းတပ်ဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ်

ဒရုန်းတွေကို ကင်းထောက်ရာမှာဖြစ်စေ၊ ဗုံးသီးချတိုက်ခိုက်ရာမှာဖြစ်စေတွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံထုတ် အရပ်ဘက်သုံးဒရုန်းတွေကိုအဓိကအားကိုးခဲ့ရပါတယ်။ တရုတ်နိုင်ငံဟာ ဒရုန်းနည်းပညာ ဖွံ့ဖြိုးတိုးတက်နေပြီးရှန်ကျန်းအခြေစိုက် DJI ကုမ္ပဏီဟာ အရပ်ဘက်ဒရုန်းဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းအထိချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းမှာတော့ ဒရုန်းတွေကို ဗီဒီယိုရိုက်ကူးရေးနဲ့စိုက်ပျိုးရေးကဏ္ဍတွေ မှာ အဓိကအသုံးပြုနေပြီး ပြည်ပနိုင်ငံတွေကိုလည်းအရပ်ဘက်သုံးရည်ရွယ်ချက်နဲ့ တင်ပို့ရောင်းချနေပါတယ်။

မြန်မာနိုင်ငံက တော်လှန်လူငယ်တွေရဲ့လက်ထဲအရောက်မှာတော့ အရပ်ဘက်သုံးဒရုန်းတွေဟာအဖျက်စွမ်းအား ပြင်းတဲ့ စစ်ဘက်သုံးဒရုန်းတွေအဖြစ် အသွင်ပြောင်းလာခဲ့ပါတော့တယ်။တော်လှန်ရေးအစောပိုင်းကာလတွေမှာ နည်းပညာ၊ ငွေကြေးအခက်အခဲတွေကြောင့်
ထောက်လှမ်းရေးနဲ့ အပေါ့စားဗုံးသီးတွေကြဲချတာမျိုးတွေလောက်သာ လုပ်ဆောင်ခဲ့ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ ဗုံးသီးအများကြီးသယ်ဆောင်နိုင်တဲ့ Multi Router ဒရုန်းတွေနဲ့ SuicideDrone(Kamikaze Drone)လို့လည်းခေါ်ကြတဲ့ Fixed-Wings ဒရုန်းတွေကို ဟန်ချက်ညီစွာအသုံးပြုပြီးတိုက်ခိုက်မှုတွေအထိ ပြုလုပ်လာနိုင်ခဲ့ပါတယ်။

“multi router တွေကကျတော့ ဗုံးအများကြီးသယ်နိုင်တော့ တစ်ခါထဲ ဆက်တိုက်ကြဲလို့ရတယ်။တည်ဆောက်မှု အကုန်အကျတော့များတာပေါ့၊ fixed wings တွေကကျတော့ မြန်ဆန်တယ်။ ဗုံးသီး ၁လုံးလောက်ပဲသယ်နိုင် တယ်”လို့ Anyar Eagle ဒရုန်းတပ်ဖွဲ့တာဝန်ခံ Joe Black က ရှင်းပြပါတယ်။

အညာဒေသတစ်နေရာတွင် Suicide Drone Attack ပြုလုပ်ရန် ပြင်ဆင်နေသည့်မြင်ကွင်း။
အညာဒေသတစ်နေရာတွင် Suicide Drone Attack ပြုလုပ်ရန် ပြင်ဆင်နေသည့်မြင်ကွင်း။

ဒရုန်း ၂ မျိုးပေါင်း အစီးရေ ၁၀ စီးခန့်ပါဝင်တဲ့ တိုက်ခိုက်မှုမျိုးနဲ့ မြေပြင်၊ ဝေဟင်နှစ်ခုပေါင်းဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရင် အညာဒေသမှာ စခန်းသိမ်းအောင်မြင်မှုတွေအလွယ်တကူရနိုင်တယ်လို့လည်း သူကဆိုပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဦးမောင်မောင်ဆွေကတော့ “ ဒရုန်း စစ်ဆင်ရေးဆိုတာ လူငယ်တွေရဲ့ ခေတ်စနစ်နဲ့အညီ နည်းပညာကိုကိုင်တွယ်အသုံးချနိုင်စွမ်းကနေရလာတဲ့ ရလဒ်တွေပါ။ အင်မတန်အရေးပါပါတယ်”လို့ Gen  Zလူငယ်တွေကို ချီးကျူးပြောဆိုထားပါတယ်။

ခြိမ်းခြောက်မှုအဆင့်ဖြစ်လာတဲ့ ဒရုန်းတွေ
**********************

၂၀၂၃ ခုနှစ် မတ်လအစပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒေသကာကွယ်ရေးစစ်ဌာနချုပ်(ဒကစ) အခြေစိုက်၊ကလေးမြို့က နေ ချင်းပြည်နယ်၊ ဟားခါးမြို့ကို သံချပ်ကာယာဉ် ၂ စီးနဲ့ တွဲကား ၂၈ စီးခန့် ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်း ကလေး – ဖလမ်း – ဟားခါးလမ်းကြောင်းအတိုင်း တက်လာပါတယ်။ဧပြီ ၁၃ ရက်အရောက်မှာတော့ ဟားခါးမြို့ နဲ့ ၁၀ မိုင်ဝန်းကျင်အကွာ ချွန်ကျုံးရွာအရောက်မှာချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ချေမှုန်းတိုက်ခိုက်ခဲ့ရာမှာ သံချပ်ကာယာဉ် ၂ စီးစလုံးဒရုန်းဗုံးသီးထိမှန်ခဲ့တာကြောင့် အသုံးပြု လို့မရတော့တဲ့အထိ မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲဒီလိုဖျက်ဆီးနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ဆုငွေ ကျပ်သိန်း ၄,၀၀၀ ချီးမြှင့်ခဲ့ပါတယ်။စစ်ကောင်စီယန္တရားလည်ပတ်နေတဲ့နေရာတွေကို အဓိကစစ်ရေး ပစ်မှတ်တွေအဖြစ်မှတ်ပုံတင်သတ်မှတ်ထားတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်၊ ညပိုင်းအချိန်မှာလည်း မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာလုံခြုံရေး အစည်း အဝေးပြုလုပ်နေချိန် Federal Wings အဖွဲ့က ဒရုန်းဗုံးသီးကြဲချခဲ့တဲ့အတွက်မြဝတီခရိုင်၊ အုပ်ချုပ်ရေးမှူး အပါ အဝင် ၅ ယောက်သေဆုံးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဆုကြေးငွေ သိန်း ၁၀၀ ချီးမြှင့်ခဲ့ပါ တယ်။

အေလာလေတပ်စခန်းကို ဗုံးသီချစဉ်မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၃)
အေလာလေတပ်စခန်းကို ဗုံးသီချစဉ်မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၃)

ဒါ့အပြင် စစ်ကောင်စီအထက်ပိုင်းအရာရှိတွေ အထိုင်ချထားတဲ့ နေပြည်တော်မြို့အနီးကအေလာလေတပ်စခန်းကို လည်း ကျားသံလုံစစ်ကြောင်းက ဒရုန်းဗုံး ၂လုံးကြဲချနိုင်ခဲ့ပါတယ်။လေတပ်စခန်းလို ဗျူဟာကျတဲ့ပစ်မှတ်တွေကိုပါ တိုက်ခိုက်နိုင်လာတဲ့အထိ ဒရုန်းတွေကခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

စစ်ကောင်စီ၏ ပိတ်ပင်တားဆီးမှု
********************

တော်လှန်ရေးအင်အားစုတွေလက်ထဲ အများဆုံးရှိနေတာက တရုတ်နိုင်ငံထုတ်ဒရုန်းတွေလို့စစ်ကောင်စီကလည်း သိရှိထားပြီး တရုတ်ဆီကနေ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲဒရုန်းစီးဆင်းမှုလျော့နည်းအောင် စစ်ကောင်စီက ကြိုးပမ်းချင်နေပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံဈေးကွက်ကနေ မြန်မာပြည်တွင်းဝင်ရောက်လာတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ ဒရုန်းနဲ့ဆက်စပ်တဲ့ပစ္စည်းတွေကို အဓိကထားစစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။

“ကျွန်တော်တို့အဖွဲ့ဆိုရင်လည်း ပခုက္ကူမြို့ အင်ပင်ဂိတ်မှာ ပစ္စည်းတွေအသိမ်းခံရတာတွေရှိတယ်။ကျွန်တော်တို့ နယ်ထဲတောင်မရောက်ဘဲ အာရှလမ်းတွေပေါ်မှာလည် သိမ်းခံရတာမျိုးကြုံခဲ့တယ်”လို့Anyar Eagle ဒရုန်းတပ်ဖွဲ့ တာဝန်ခံ Joe Black က ပြောပါတယ်။

အညာဒေသက ဒရုန်းတပ်ဖွဲ့တွေအတွက် ဒရုန်းစီးဆင်းရာလမ်းကြောင်းတွေကို စစ်ကောင်စီကအထူးကြပ်မတ်လာခဲ့တာပါ။

“ကျွန်တော်တို့ဆို သိန်းထောင်ဂဏန်းလောက်အထိ ဆုံးရှုံးမှုရှိတယ်။ ဒရုန်းဗုံးသီးလုပ်ဖို့ PVCပိုက်တွေကအစ ကြပ်မတ်ထားတာ”လို့ Joe Black က ဆက်ရှင်းပြပါတယ်။ ဒါ့အပြင် ဒရုန်းပန်ကာတွေ၊အဝေးထိန်းရီမုတ်ခလုတ် တွေ၊ မော်တာတွေနဲ့ ဘက်ထရီတွေ စတဲ့ ပစ္စည်းတွေကအစစစ်ဆေးဖမ်းဆီးနေပါတယ်။

တရုတ်ဆီက နည်းပညာအကူအညီတောင်းခံမှု
********************

စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း ၂၅ ရုံ ရှိပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဝေးရာ လျှိုမြောင်တွေကြားထဲမှာလျှို့ဝှက်စွာတည်ရှိနေပါတယ်။

မကွေးတိုင်းထဲမှာတော့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၁၅ ရုံအထိရှိနေပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းတလျှောက်မှာ ရှိနေပါတယ်။ လက်ရှိမှာတော့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ခံနေရပြီဖြစ်ပါတယ်။

“ကပစ ၁၀ မှာ တရုတ်နိုင်ငံက ပညာရှင်တွေရောက်နေတာမျိုးရှိတယ်”လို့ PRA Magwayသတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ကပစ ၁၀ ကို ၂၀၂၃ ခုနှစ် ဧပြီလအတွင်း တိုက်ခိုက်မှုမပြုလုပ်ခင် ကြိုတင်သတင်းထောက်လှမ်းရာမှာသိရှိခဲ့တာလို့ ဆိုပါတယ်။ သရက်ခရိုင် မင်းလှအခြေစိုက် ကပစ – ၁၀ ဟာ တာဝေးပစ်ဗုံးသီးနဲ့လေယာဉ်ပစ်ဗုံးသီးတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။

ဇွန်လ ၂ ရက်မှာတော့ ဆိပ်ဖြူအခြေစိုက် ကပစ ၂၁ က တပ်ကြပ် ၁ ဦးကို မြို့ပြပြောက်ကျားအဖွဲ့တွေကချောက်မြို့တစ်နေရာမှာ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။ သူ့ဆီကနေ အဝေးထိန်းမိုင်းတိုက်ခိုက်မှုတွေနဲ့ဒရုန်း တိုက်ခိုက်မှုတွေကိုဟန့်တားနိုင်ဖို့ စစ်ကောင်စီဘက်ကလျှို့ဝှက်အကြောင်းကြားထားတာမျိုးရှိခဲ့တယ်လို့ သိရပါ တယ်။

 ကပစ ၂၁၊ တပ်ကြပ် ၁ ဦးဆီကနေ ရရှိတဲ့ ကြေးနန်းစာ။ ဓာတ်ပုံ - ပေးပို့(Chauk Guerrilla Force)
ကပစ ၂၁၊ တပ်ကြပ် ၁ ဦးဆီကနေ ရရှိတဲ့ ကြေးနန်းစာ။ ဓာတ်ပုံ – ပေးပို့(Chauk Guerrilla Force)

ကြေးနန်းစာပါ အချက်အလက်တွေအရ ပြင်ဦးလွင်မြို့အခြေစိုက် အမှတ် – ၁၀၁ဆက်သွယ်ရေးတပ်ရင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေအသုံးပြုနေတဲ့ Transmitter စနစ်တွေကိုသိရှိနားလည်အောင် စမ်းသပ်နေတာလို့ သိရပါ တယ်။ ဒါ့အပြင်တပ်မတော်ကာကွယ်ရေ းဦးစီးချုပ်ရုံး – ကကကြည်း အမိန့်နဲ့ ရှေ့တန်းထွက်နေတဲ့ တပ်မ ၃၃၊ ၈၈၊ ၉၉၊၁၀၁မတပ်တွေကို Jammerတွေ ဆောင်ထားကြဖို့ လျှို့ဝှက်ညွှန်ကြားထားပါတယ်။

တရုတ်နည်းပညာသုံး 315 MHZ-MAND-HElD ၊ D-3 CHENNEL ၊ D-5 CHANNELS HELD ၊ M-3VEHICULAR Sport ၊ MANPACK နဲ့ MULTIDAND LED Jammer အမျိုးအစား ၆ ခုကို အသုံးပြုနိုင်ရေးတာဝန်ရှိသူအဆင့်ဆင့်ကနေ ချပြရှင်းလင်းသွားဖို့ ဆိုထားပြီး မြို့ပြတွေနဲ့ ရှေ့တန်းစခန်းတွေမှာဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုတွေကို စစ်ကောင်စီက လျှော့ချနိုင်ဖို့ကြိုးစားနေပါတယ်။

စစ်ကောင်စီအနေနဲ့ ယာဉ်တန်းထွက်ရှိတဲ့အခါမှာလည်း မိုင်းဆွဲတိုက်ခိုက်မှုတွေ၊ ဒရုန်းတိုက်ခိုက်မှုတွေရှောင်ရှားနိုင်အောင် Jammer တွေတပ်ဆင်ထားတဲ့အပြင် ဒရုန်းတွေကို ပစ်ချနိုင်တဲ့ shooter gunတွေလည်း ရံဖန်ရံခါသယ်ယူလာတတ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အညာဒေသဖြစ်တဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဒရုန်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေတဲ့မြနန္ဒာ ဒရုန်း အဖွဲ့တာဝန်ရှိသူတစ်ဦးကတော့”ကျွန်တော်တို့ စစ်ကောင်စီလှုပ်ရှားစစ်ကြောင်းတစ်ခုကို ဗုံးသီးချဖို့လုပ်နေတုန်း shooter gunနဲ့ပစ်ချခံရလို့ ဆုံးရှုံးမှုတွေရှိခဲ့ဖူးတယ်။ အထိုင်စခန်းတွေကျတော့ jammer စက်တွေကိုသတိထားရတယ်”လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်၊ ကျောက်မျက်တောင်စခန်းကနေ သိမ်းဆည်းရမိသော Drone Shooter Gun။
ယင်းမာပင်မြို့နယ်၊ ကျောက်မျက်တောင်စခန်းကနေ သိမ်းဆည်းရမိသော Drone Shooter Gun။

အဟန့်အတားတွေကို ကျော်လွှားနိုင်နေပြီ
*******************

စစ်ကောင်စီအနေနဲ့ သူတို့အထိုင်စခန်းတွေမှာ jammer တွေတပ်ဆင်ထားပေမယ့်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားနည်းဗျူဟာအရ ဒရုန်းနဲ့ လာရောက်ဗုံးကြဲမှုတွေကိုတော့နေ့တိုင်းဆိုသလို ရင်ဆိုင်နေကြရပါတယ်။

အဲဒီလိုအချိန်မှာပဲ နိုင်ငံရဲ့အရှေ့မြောက်ဖျားဒေသမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲဖော်ဆောင်နေတဲ့၁၀၂၇ စစ် ဆင်ရေးကြီးပေါ်ပေါက်လာပြီး ၂ လကျော်အတွင်း မြို့ပေါင်း ၁၅ မြို့နဲ့ စခန်းပေါင်း ၅၀၀ကျော်ကို စစ်ကောင်စီက ဆုံးရှုံးခဲ့ပါတယ်။

ညီနောင် ၃ ဖွဲ့ဘက်က စစ်အင်အားနဲ့ နည်းပညာသာလွန်မှုတွေရှိပြီး စစ်ဆင်ရေးသုံးအဆင့်ရှိတဲ့ဒရုန်းတွေနဲ့ Drop Bomb တွေသုံးပြီး တိုက်ခိုက်တာကြောင့် တပ်မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ

တပ်စခန်းတချို့ လက်လွတ်ခဲ့ရ တာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ရက် အစည်းအဝေးမှာ ပြောဆိုလာခဲ့ပါတယ်။

စုစုပေါင်းတိုက်ခိုက်ရေးအင်အား ၆,၅၀၀ နီးပါးရှိတဲ့အပြင် စစ်ဆင်ရေးအတွင်း ဒရုန်းနဲ့ Drop Bomb၂၅,၀၀၀ ဝန်း ကျင် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပြီး ပြည်ပဒရုန်းပညာရှင်တွေလည်းပါဝင်နေတယ်လို့ စွပ်စွဲထားပါတယ်။

ရှမ်းမြောက်ဒေသတိုက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ စစ်ရေးအကဲခတ်တွေကလည်း ညီနောင်၃ဖွဲ့အနေနဲ့ စခန်းကုန်းတစ်ခုကိုမတိုက်ခိုက်ခင်မှာ ဝေဟင်ကနေ ဒရုန်းတွေနဲ့ဗုံးသီးအများအပြားကြဲချမှုတွေ အရင်ဆုံးလုပ် ဆောင်ပြီးမှ မြေပြင်ကနေ ထိုးစစ်ဆင်တဲ့ဗျူဟာကိုကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမရက်အတွင်း စစ်ကောင်စီဗျုဟာကုန်းတစ်ခုပေါ်မှာသိမ်းဆည်းရမိသည့် Jammer ။ (ဓာတ်ပုံ - The Kokang)
၁၀၂၇ စစ်ဆင်ရေး ပထမရက်အတွင်း စစ်ကောင်စီဗျုဟာကုန်းတစ်ခုပေါ်မှာ
သိမ်းဆည်းရမိသည့် Jammer ။ (ဓာတ်ပုံ – The Kokang)

စစ်ကောင်စီအနေနဲ့ ဗျူဟာအရအရေးပါတဲ့ စခန်းတောင်ကုန်းတွေမှာ ဒရုန်းဗုံးသီးဒဏ်ခံနိုင်အောင်တရုတ်နိုင်ငံထုတ် တန်ဖိုးကြီး Jammerတွေ တပ်ဆင်ထားပေမယ့် ညီနောင် ၃ ဖွဲ့ရဲ့ဒရုန်းတွေကိုတော့အပြည့်အဝတားဆီး နိုင်ခဲ့ခြင်းမရှိတဲ့ပုံပေါ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဒရုန်းတွေဟာ စစ်ကောင်စီရဲ့ Jammerကို ကျော် လွှားနိုင်စွမ်းမြင့်လာနေပြီလို့ ပြောပါတယ်။ NUG အနေနဲ့ တစ်နိုင်ငံလုံးကတပ်ဖွဲ့တွေဆီကိုဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ကျက်ထားနိုင်နေပြီလို့လည်း သိရပါတယ်။

“စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းကုန်းကြီးတွေကို ဖြိုချရာမှာ ဝေဟင်ကနေ ဒရုန်းနဲ့တိုက်ခိုက်မှုဟာအရေးပါတဲ့ ဗျူဟာတစ်ခု ဖြစ်လာနေပါပြီ”လို့ သူကဆိုပါတယ်။ စစ်ကောင်စီရဲ့ နည်းပညာကိုကျော်လွှားနိုင်အောင်လည်း အမြဲတမ်းကြိုးစားပြင်ဆင်နေကြတယ်လို့လည်း ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ တန်ပြန်ဒရုန်းတိုက်ခိုက်မှုူ
********************

အစောပိုင်းကာလတွေမှာတော့ စစ်ကောင်စီအကြီးပိုင်းခေါင်းဆောင်တွေက ဒရုန်းတိုက်ခိုက်မှုကိုထိရောက်တယ် လို့ မမြင်ကြဘူးလို့ CDM ဗိုလ်ကြီး ဇီးရိုး က သုံးသပ်ပါတယ်။

“သူတို့ခေါင်းဆောင်ပိုင်းတွေက ဒရုန်းတွေကို အရမ်းအားမကိုးဘူးပေါ့နော်၊ ဘာလို့လဲဆိုတော့ဗုံးကြဲစရာ လေယာဉ်တွေ လည်းရှိနေတယ်လေ။ မြေပြင်တပ်ဖွဲ့တွေကတော့ သိတယ်ပေါ့” လို့ပြောပါတယ်။

အခုနောက်ပိုင်းကာလတွေမှာတော့ စစ်ကောင်စီက ဒရုန်းတွေရဲ့အရေးပါပုံကို သိမြင်လာကြပြီးတော်လှန်ရေး တပ်ဖွဲ့တွေအပေါ် တန်ပြန်ဒရုန်းဗုံးကြဲမှုတွေ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက် ကာကွယ်ရေးတပ်တွေကထိုးစစ်ဆင်နေတာ ၁ လကျော်ကြာမြင့်နေပြီဖြစ်ပြီး မြို့အတွင်း ပိတ်ဆို့ခံထားရတဲ့စစ်ကောင်စီဘက်က ဒရုန်းနဲ့တန်ပြန်တိုက်ခိုက်မှု တွေကြောင့် ကာကွယ်ရေးရဲဘော်တွေအထိအခိုက်တွေနဲ့ ကြုံနေရပါတယ်။

”ဒီရက်ပိုင်းမှာ ဒရုန်းနဲ့လာချတာပိုများလာတယ်။ အဲမှာ ၂ စီး၊ ၂ စီး ပုံမှန်တက်တယ်။ တနေကုန်ဗုံးချတဲ့အလုံးရေက နည်းနည်းများတာပေါ့နော် ။ တစ်ခါတက်ရင် နှစ်စီးဆိုတော့ တစ်ခါချရင် ဗုံး ၄ လုံးလေ ။တစ်ရက်ကို ၄၊ ၅ ၊ ၆ ခါ လောက်ကြဲတော့ နည်းနည်းများတာပေါ့နော်”လို့ ကျားဖြူစစ်ကြောင်းတာဝန်ရှိသူ ဗိုလ်ပွဲတော်က ပြောပါတယ်။

ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်သားများ ဒရုန်းတိုက်ခိုက်မှု ပြင်ဆင်နေစဉ်။
ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်သားများ ဒရုန်းတိုက်ခိုက်မှု ပြင်ဆင်နေစဉ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကလည်း မောင်းသူမဲ့လေယာဉ် UAV ဒရုန်းတွေကိုဒီဇင်ဘာလအတွင်းချပြလာပါတယ်။ တပ်ဖွဲ့ဝင်တွေကို မောင်းနှင်ပေးတဲ့သင်တန်းတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်။

“ရုရှားမှာ နဂိုကတည်းက ဒရုန်းနည်းပညာ သင်လာတဲ့သူတွေရှိတယ်။ ဟိုတုန်းကတည်းကလည်း ဒရုန်းနဲ့ပတ်သက်လို့ သင်တန်းတွေလွတ်ထားတဲ့ အရာရှိစစ်သည်တွေ အများကြီးရှိတယ်။ဒရုန်းပရောဂျက်ရှိတယ်” လို့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ဗိုလ်ကြီးဇီးရိုး က ပြောပါတယ်။

စစ်ကောင်စီရဲ့ဒရုန်းတွေဟာ လက်ရှိမှာ အရမ်းစိုးရိမ်ဖို့မလိုသေးပေမယ့် အညာဒေသကတော်လှန်ရေးတပ်တွေ အတွက်တော့ သတိထားရမယ့်အရာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော် ကသတိပေးထားပါတယ်။ နည်း ပညာကျွမ်းကျင်မှုနဲ့ စည်းမျဉ်းတင်းကြပ်မှုတွေကစစ်ကောင်စီရဲ့ဒရုန်းသမားတွေအတွက် အဟန့်အတားပုံစံမျိုး ဖြစ် နိုင်တယ်လို့လည်းသုံးသပ်ထားပါတယ်။

“သူတို့(စစ်ကောင်စီ)ဘက်မှာက တန်ဖိုးသတ်မှတ်မှုတွေရှိတယ်။ တပ်သားတွေရဲ့အသက်တွေကိုထည့်တွက်တာ မျိုးမရှိပေမယ့် ပစ္စည်းတန်ဖိုးကိုတော့ တွက်ကြတယ်ပေါ့နော်။ ဒါကြောင့်ထိန်းချုပ်မယ့်သူတွေ မောင်းနှင်မယ့်သူ တွေအတွက်ကျတော့ ပစ္စည်းဆုံးသွားရင် အရေးယူခံရမှာကြောက်ရွံ့တဲ့စိတ်တော့ ရှိမှာပဲ” လို့ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ သူတို့ကို ဆန့်ကျင်တိုက်ခိုက်မှုပြင်းထန်နေတဲ့ ဒေသတွေကို နေ့ရောညပါဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေခဲ့တာက နေ့တိုင်းလိုလို ဖြစ်နေပါပြီ။ပြည်ပနိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့် လေယာဉ်ဆီ အခက်အခဲကြုံနေရတဲ့ စစ်ကောင်စီဟာအကုန်အကျသက်သာမယ့် ဒရုန်းဘက်ကို မျက်စိကျ လာတဲ့တာမျိုးကိုလည်း မြင်တွေ့နေရပါတယ်။

ပြီးခဲ့တဲ့နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅,၄၀၀ ကျော် စံချိန်တင်သုံးစွဲခဲ့တဲ့စစ်ကောင်စီဟာ ဒရုန်းတွေကို အရင်ကတွင်တွင်ကျယ်ကျယ်မသုံးခဲ့ပေမယ့် နောင်ကာလမှာတော့ပိုမိုပြင်းထန်လာတဲ့ ဒရုန်း တိုက်ခိုက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကမှတ်ချက်ပြုကြပါတယ်။တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား ဝေဟင်စိုးမိုးနိုင်ဖို့အရေး ဒရုန်းနည်းပညာတိုက်ပွဲက ၂၀၂၄ခုနှစ် အတွင်း ပိုမိုပြင်းထန်လာမှာ အသေအချာပါပဲ။

“ကျွန်တော်တို့ရဲ့ ဒရုန်းတွေကို အဆင်မြှင့်တင်ဖို့နဲ့ သူတို့(စစ်ကောင်စီ)ဘက်က ဒရုန်းတွေကိုတားဆီးနိုင်ဖို့ ပညာရှင်တွေနဲ့ ပူးပေါင်းကြိုးစားနေတယ်”လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီကဖမ်းဆီးသွားသော မဲအိုးကျေးရွာ ဒေသခံ ၅ ဦး၏ရုပ်အလောင်းများတွေ့ရှိ
Next Article မဘိမ်းတိုက်ပွဲတွင် ရဲမှူး ၁ ဦးသေဆုံး၊ ၅ ဦး ဖမ်းမိ
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ
  • ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)
  • အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်
  • တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်
  • ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

လေကြောင်းရန်ကြောင့် ရခိုင်တွင် အိမ်စာသင်ဝိုင်းများဖြင့်သာ သင်ကြားနေရ

June 18, 2025

ကရင်အမျိုးသမီးခေါင်းဆောင် ပဒိုနော်လားဖိုး ဈာပန (ရုပ်သံ)

June 18, 2025

အထူးစီမံချက်ဖြင့် မဲဆောက်တွင်ဖမ်းဆီးမှုစတင်

June 18, 2025

တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၂ ဦးတွင် မွန်ပြည်နယ်မှ အများဆုံးဖြစ်

June 18, 2025

ပုဏ္ဏားကျွန်း စစ်ရှောင်များ ရေနစ်မြုပ်၊ အရေးပေါ် အကူအညီ လိုအပ်

June 18, 2025

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်တွင်း နေ့စဉ်ဘဝကို ပေါက်ကြားလာတဲ့ ဗီဒီယိုတွေက ထုတ်ဖော်ပြ

June 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.