• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»စစ်ကောင်စီကဖမ်းဆီးသွားသော မဲအိုးကျေးရွာ ဒေသခံ ၅ ဦး၏ရုပ်အလောင်းများတွေ့ရှိ
တိုက်ပွဲသတင်း

စစ်ကောင်စီကဖမ်းဆီးသွားသော မဲအိုးကျေးရွာ ဒေသခံ ၅ ဦး၏ရုပ်အလောင်းများတွေ့ရှိ

thanlwinkhetBy thanlwinkhetJanuary 20, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စစ်ကောင်စီကဖမ်းဆီးသွားသော မဲအိုးကျေးရွာ ဒေသခံ ၅ ဦး၏ရုပ်အလောင်းများတွေ့ရှိ

**************************************

သဇင်

ဇန်နဝါရီ ၂၀ ၊၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းသည် မဲအိုးကျေး ရွာဒေသခံ ၅ ဦးအား ၎င်းတို့၏ကိုယ်လက်အင်္ဂါများကိုအပိုင်းပိုင်းဖြတ်ကာ သတ်ဖြတ်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်၊ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၈ ရက် မနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီပဲယင်းမြို့နယ်ရှိ မဲအိုးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီ အရပ်သားပြည်သူ ၅၀ ဦးခန့်ကို ကျေးရွာဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

ယင်းနောက် စစ်ကြောင်းပြန်ထွက်ချိန်တွင် ဒေသခံ ၁၅ ခန့်ကို ရိုက်နှက်ဖမ်းဆီးကာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွာပြီး လက်ယက်ကုန်းရွာတွင် ညအိပ်တပ်စွဲကာ ဖမ်းဆီးခံပြည်သူများအနက် အသက် ၄၀ မှ ၅၀ ဝန်းကျင် အမျိုးသား ၃ ဦးကို ခြေ၊ လက်၊ ခေါင်းများဖြတ်ကာသတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၁ ဦးကိုတော့ နေအိမ် ၁ လုံးအတွင်း မီးရှို့သတ်ဖြတ်ထားခဲ့သည်။

ယနေ့မနက်ပိုင်းတွင်လည်း ရေဦးမြို့နယ်၊ ဇိန်ဇွန်းရွာတွင် နောက်ထပ်အမျိုးသား ၁ ဦးကို ထပ်မံသတ်ဖြတ်ခဲ့သည် ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူက သံလွင်ခက် ကို ပြောသည်။

“အခုလက်ယက်ကုန်းမှာ အသတ်ခံရတာဆိုရင် ၄ ယောက် အသတ်ခံရတယ်။ အဲ့ထဲက ၁ ဦးက  PDF နဲ့ ဆက်စပ် တယ်။ နောက် ၁ ဦးက NLD နဲ့ ဆက်စပ်တယ်။ ကျန် ၂ ဦးကတော့ သာမန်အရပ်သားပါပဲ။ ဒီနေ့ကျတော့ ရေဦးမြို့နယ်၊ ဇိန်ဇွန်းရွာဘက်မှာ အလောင်း ၁ လောင်းထပ်တွေ့တယ်၊ စုစုပေါင်း ၅ လောင်းပေါ့”ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းသည် ရေဦးမြို့နယ်၊ မုတ်စီရွာတွင်ရောက်ရှိနေပြီး  ကျန်ရှိနေသေးသည့် ဒေသခံ ၁၀ ဦးကတော့ သတင်းအစနပျောက်ဆုံးနေသည်ဟုဆိုသည်။

အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်ကတည်းက ရေဦးမြို့နယ်ထဲကို စတင်ဝင်ရောက်လာခဲ့ပြီး တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာတွင် ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၁၅ ထဲက အသတ်ဖြတ်ခံရသူ  ၅ ဦးမှာ မခင်နှင်းဌေး၊ ကိုဇော်ဝင်း၊ ကိုထွန်း ၊ ကိုအောင်မြင့်ကျော်(ခ)ကိုကုလား နှင့် ကိုဇင်မင်းညွန့် တို့ဖြစ်ပြီး  ပျောက်ဆုံး နေသူ ၁၀ ဦးမှာ မဝေခင်၊ အောင်မျိုး၊ မခင်ဆန်းလွင် ၊ ဇွဲထက်နိုင် ၊ စိုးထွန်း ၊ လင်းထင် ၊ မလေးတင် ၊ စိုးမင်းပိုင်၊ ရဲ လင်းနိုင် နှင့် ဒေါ်တင်တို့ဖြစ်ကြောင်း သိရသည်။

ပုံစာ – ဒီပဲယင်း စစ်ဘေးရှောင်များ။

ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့။

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/3090

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – > https://thanlwinkhet.net/?p=7161

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမိုးကုတ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
Next Article ၂၀၂၄ ခုနှစ်အတွင်း ပိုမိုပြင်းထန်လာဦးမယ့် ဝေဟင်စီးချင်းထိုးပွဲ
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.