စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရမည့်အချိန်ဟု TNLA ဥက္ကဋ္ဌ ဆို
******************
ယမင်းဖူးပွင့်အောင်
ဇန်နဝါရီ ၁၂၊ ၂၀၂၄။
ယနေ့အချိန်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သော လှုပ်ရှားနယ်မြေ အတွင်းရှိ စစ်ကောင်စီစခန်းများကိုရှင်းလင်းသိမ်းပိုက်ရန်အချိန်ဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် TNLA ဥက္ကဋ္ဌ က ဆိုသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF / TNLA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ဘုန်း က ယနေ့တွင်ကျရောက်သည့် ၆၁ နှစ်ပြည့် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီအခြေစိုက် စခန်းများရှိနေသမျှ ကာ လပတ်လုံး လူထု၏ အသက်အိုးအိမ်စည်းစိမ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်ခံနေရမည်သာဖြစ်သည်ဟု TNLA ဥက္ကဋ္ဌ က သတိပေးထားသည်။
“ပြည်သူလူထုထံကနေကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေဝယ်ယူပြီးတော့ ပြည်သူကို ပြန်လည်တိုက်ခိုက်နေတဲ့ နိုင်ငံ့တပ်မတော်က ကမ္ဘာပေါ်မှာ မြန်မာစစ်တပ်တစ်ခုတည်းသာရှိတာကို မြင်တွေ့ရ တယ်” ဟု တားအိုက်ဘုန်းက ဆိုသည်။
လက်ရှိအချိန်တွင် ပြည်သူလူထု၏အိုးအိမ်စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ဗုံးကြဲဖျက်ဆီးကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို ဝိုင်းဝန်းလက်တွဲပြီး တွန်းလှန်ရမည့်အချိန်ဖြစ်သည်ဟု TNLA ဥက္ကဋ္ဌ က တော်လှန်ရေးအင်အားစုများကို တိုက်တွန်းထားသည်။
ဓာတ်ပုံ – TNLA
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2974
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6948