စစ်ကောင်စီက ကျောက်ဖြူမြို့အဝင်အထွက်အားလုံး ပိတ်ဆို့ထား
********************
မိခိုင်
ဇန်နဝါရီလ ၁၁ ၊ ၂၀၂၄။
အထူးစီးပွားရေးဇုန်စီမံကိန်းများရှိသည့် ကျောက်ဖြူမြို့ကို စစ်တပ်က လူအင် အား၊ လက်နက်အင်အားများဖြည့်တင်းပြီး မြို့တွင်းအဝင်အထွက်ပိတ်ဆို့ထားကြောင်း မြို့ခံများကပြောသည်။
စစ်တပ်က မြို့ပေါ်ရပ်ကွက်များတွင် သဲအိတ်များဖြင့် ခံတပ်များအခိုင်အမာပြုလုပ်နေကြောင်း ကျောက်ဖြူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁ ဦးက ဆို သည်။
” စစ်တပ်က လုပ်ထားတာက မြို့ကို လုံးဝ မဝင်ရဘူး။ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြင်ဖြူပြင်ရပ်ကွက်၊ ငလပွေးရပ်ကွက်ကလူတွေဆို မြစ်ထဲမှာ ငါးရှာစားတဲ့ လူတွေဖြစ်တယ်။ အဲဒီလူတွေက ငါးလုံးဝမရှာရတော့ဘူး။ နောက်ပြီး မြို့ပတ် ပတ်လည်ကို သဲအိတ်တွေနဲ့ ခံတပ်လုပ်ထားတယ်။ အဲဒီနေရာတွေမှာ ရဲရော စစ်သားရော စောင့်နေတယ်။ ကရင်တောရပ်ကွက်မှာလည်း သဲအိတ်တွေချပြီး စောင့်နေတယ် ” ဟု ၎င်းကဆိုသည်။
ကျောက်ဖြူမြို့မှ မိမိကျေးရွာသို့ ပြန်လည်ထွက်ခွာမည့် ပြည်သူများကိုလည်း လက်ရှိတွင် လဝကထောက်ခံစာဖြင့်သာ ထွက်ခွာခွင့်ပေးထားကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။
” မြို့ကထွက်ဖို့အတွက် လဝက မှာ စာတင်ရတယ်။ လျှောက်လွှာတင်ရတယ်။ လျှောက်လွာရပြီးမှ သွားရတယ်။ ထောက်ခံစာယူရတဲ့သဘောပါ။ လျှောက် လွှာ ၁ စောင်ကို ငွေကျပ် ၅၀,၀၀၀ ပေးရတယ် ” ဟုဆိုသည်။
စစ်တပ်အနေဖြင့် ကျောက်ဖြူတွင် လုံခြုံရေးအင်အားကို ၃ ဆ လောက်အထိ တိုးမြှင့်ထားသည့်အပြင် ရေကြောင်းတွင်လည်း Navy နှင့် ရေကြောင်းရဲတို့က နေ့စဥ်ကင်းပတ်ပြီး စောင့်ကြည့်လျှက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ၁ ဦးက ဆိုသည်။
” ပင်လယ်ပြင်မှာက Navy က အမြဲတမ်းရှိပါတယ်။ ရေကြောင်းရဲရှိတယ်။ ရေ ကြောင်းရဲက တပ်စခန်းချပြီးတော့မှ နေနေကြတယ်။ ရေကြောင်းရဲနဲ့ Navy က နေ့ခင်းရော ညရော ပင်လယ်ကမ်းစပ်မှာ ပတ်ပြီးတော့ ရပ်/ကျေးဥက္ကဋ္ဌ တွေနဲ့ စောင့်ကြည့်နေကြတယ်” ဟု ဆိုသည်။
လက်ရှိတွင် ကျောက်ဖြူအခြေအနေမှာ လုံးဝဝင်မရ၊ ထွက်မရသည့် အခြေ အနေဖြစ်နေကြောင်းသိရပြီး အဝင်အထွက်များ ပိတ်ဆို့ခံထားရသည့်အတွက် မြို့ပေါ်ရှိဒေသခံများမှာ ကုန်စျေးနှုန်းမြင့်တက်ခြင်းနှင့်အတူ စားနပ်ရိက္ခာအကြပ်အတည်းများလည်း ခံစားနေကြရသည်။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2971
YouTube- > https://youtu.be/SpxIBpTYop8
Website _> https://thanlwinkhet.net/?p=6943