ဖယ်ခုံမြို့ရဲ့ ၉၀ ရာခိုင်နှုန်းထိန်းချုပ်ထား
****************************
လှိုင်းဇေယျာ
ဇန်နဝါရီ ၁၁ ၊ ၂၀၂၄ ။
ကရင်နီပြည် ၊ ဖယ်ခုံမြို့ပေါ်ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယနေ့ တွင် ၅ ရက်မြောက်ရှိလာပြီဖြစ်ပြီး မြို့ပေါ်နေရာ ၉၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီဟု ပူးပေါင်းတပ်များထံ က သိရသည်။
ဖယ်ခုံမြို့တွင် ယခုလ ဇန်နဝါရီ ၇ ရက် ၊ ညနေပိုင်းကတည်းက ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခဲ့ပြီး ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားသည်ဟု ကရင်နီတပ်တော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က သံလွင်ခက်ကို အတည်ပြုပြောကြားသည်။
ထို့ပြင် ဇန်နဝါရီ ၈ ရက်ကဖြစ်ပွားခဲ့သော ဖယ်ခုံမြို့ ၊ ကုန်းဆုံဘုန်းကြီးကျောင်းတိုက်ပွဲတွင်း သေဆုံးခဲ့သည့် စစ် ကောင်စီတပ်သားများကို ပြည်သူများနှင့် PDF များပူးပေါင်းပြီး သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု ဖယ်ခုံ PDF က ယမန်နေ့ တွင် ထုတ်ပြန်သည်။
” မြို့ထဲတွေကို ၉၀ ရာခိုင်နှုန်းထိန်းထားပါတယ် ။ စကစ တပ်ရင်းတွေက မြို့ပြင်မှာပဲရှိပါတယ် “ဟု ဖယ်ခုံမြို့ စစ် ရေးအတွင်းရှိ ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောသည်။
ဖယ်ခုံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများနှင့် စခန်းအများစုကို တိုက်ခိုက်ထားနိုင်သော်လည်း ဖယ်ခုံ အခြေစိုက် အမှတ် ၇၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ နှင့် ခြေမြန်တပ်ရင်း အမှတ် ၄၂၁ ၊ ၃၃၆ တပ်ရင်း များကျန်ရှိနေပြီး စစ်ရေးအခြေအနေတင်းမာလျက်ရှိနေသည်။
ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြုနေသည့်အပြင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၀ နီးပါးအထိရှိသည်ဟု သိရသည်။
” အရပ်သား ထိခိုက်မှုကတော့ ၅ ယောက်ထက်မနည်းရှိပြီးတော့ သေဆုံးမှုကတော့ ၂ ယောက်ရှိပါတယ် ” ဟု ကာကွယ်ရေးဆေးတပ်သား ၁ ဦးက ပြောသည် ။
ဖယ်ခုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီသည် စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါတိုက်ခိုက်နေပြီး ဇန်နဝါရီလ ၉ ရက်ကလည်း ဖယ်ခုံစစ်ဘေးရှောင်များကို ကူညီကယ်ထုတ်လာသည့် စက်လှေများကို စခန်းကုန်း အပေါ်မှနေ၍လည်းကောင်း၊ လေယာဥ်ဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင်များကပြော သည်။
ထိုသို့ စစ်ကောင်စီက အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေသည့်ကြားမှ ကာကွယ်ရေးတပ်များက ပိတ်မိနေ သည့် အရပ်သားပြည်သူများကို ကူညီကယ်ထုတ်ပေးနေရာ အရပ်သားအနည်းငယ်သာ ကျန်ရှိတော့သည်ဟု သိရသည်။