• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကယန်းဖိုက်တာ ဘရော်နီကာ ထိုင်းဘုရင့်ဖလားချန်ပီယံ နှစ်နှစ်ဆက်ဖြစ်
နေ့စဉ်သတင်း

ကယန်းဖိုက်တာ ဘရော်နီကာ ထိုင်းဘုရင့်ဖလားချန်ပီယံ နှစ်နှစ်ဆက်ဖြစ်

thanlwinkhetBy thanlwinkhetDecember 25, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကယန်းဖိုက်တာ ဘရော်နီကာ ထိုင်းဘုရင့်ဖလားချန်ပီယံ နှစ်နှစ်ဆက်ဖြစ်

*******************************

သံလွင်ခက်

ဒီဇင်ဘာ ၂၆ ၊ ၂၀၂၃ ။

အိမ်ရှင် ထိုင်းနာမည်ကြီးဖိုက်တာ ဖရာဆင်းကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူပြီး ထိုင်းဘုရင့်ဖလား ချန်ပီယံဆုကို ကယန်းလက်ဝှေ့မယ် ဘရော်နီကာက

နှစ်နှစ်ဆက်တိုက် ရယူနိုင်ခဲ့သည် ။

ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက် ညပိုင်းတွင် ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၌ ကျင်းပခဲ့သည့် ထိုင်းဘုရင့်ဖလား မွေထိုင်းချန်ပီယံ ၅၄ ကီလိုတန်း  ဗိုလ်လုပွဲအဖြစ် ဘရော်နီကာက ပြိုင်ဘက်ဟောင်း ဖရာဆင်းနှင့် ယှဥ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပထမပွဲစဥ်တွင်အမှတ်ဖြင့် ရှုံးနိမ့်ထားခဲ့သည့် ဖရာဆင်းသည် ယခုပွဲစဥ်၌ ပွဲစသည်နှင့် ဘရော်နီကာကို လက်သီး ဘယ်၊ညာ တွဲလုံး ၊ ခြေကန်ချက်များဖြင့် တိုက်စစ်ဆင်ခဲ့သည်။

ဖရာဆင်း၏ အားပါသည့် ဘယ်လက်သီးတစ်ချက် ဘရော်နီကာ၏ မေးအောက်ဘက်ကိုချော်ခဲ့သဖြင့် ဘရော်နီကာ ကံကောင်းခဲ့သလို ဘရော်နီကာ၏ ညာခြေကန်ချက်ကိုလည်း ဖရာဆင်းက လက်ဖြင့်ဖမ်းထိန်းထားပြီး ကျန်ခြေတစ်ဖက်ကို ဝှိုက်သိမ်းကန်ခဲ့ရာမှာ ဘရော်နီကာလှဲကျခဲ့ရသည်။

ပွဲစစချင်း စက္ကန့်ပိုင်းအတွင်း၌ ဖြစ်ပျက်သွားသည့် အခြေအနေများကြောင့် ဘရော်နီကာသည် ဖရာဆင်းအတင်းဝင် အတင်းထိုးသလို လိုက်မထိုးတော့ဘဲ သူအားသာသည့် ဘယ်ညာ ထောက်လက်သီး ၊ ထောက်ခြေများကို အသုံးပြီး တိုက်ခိုက်ခဲ့သည်။

ဘရော်နီကာ၏ တိုက်ကွက်ပြောင်းသည့်နည်းစနစ်က မှန်ကန်ခဲ့ပြီး ဘယ်၊ညာ လက်သီးတွဲလုံးများနှင့် ဗိုက်ကိုနင်းကန်ခဲ့သည့်ထောက်ခြေတို့က ထိချက်မပိုင်ခဲ့သော်လည်း ဖရာဆင်း ဟန်ချက်ပျက်သည့် အနေအထားအထိ ဖြစ်ခဲ့ရသည်။

သို့သော် ဖရာဆင်းက ချက်ချင်းဆိုသလို လက်သီးဖြင့် ဟန်ရေးပြပြီး ထိုးဖို့ပြင်နေချိန်တွင် ဘရော်နီကာ၏ ထောက်အားပြင်းသည့် ဘယ်ခြေနင်းချက်က မေးကိုထိမှန်၍ ဖရာဆင်းလှဲကျခဲ့သည် ။

ထို့ကြောင့် ဖရာဆင်းအမှတ်စဥ်ရည်တွက်ခံရပြီး အမှတ် စဥ် ၈ လောက်ထိ ကောင်းကောင်းမရပ်နိုင်သေးသော်လည်း ဒိုင်က ပွဲပြန်တည်ပေးခဲ့သည်။

ပွဲပြန်အတည်တွင် ဘရော်နီကာ၏ ညာခြေ ဝှိုက်ကန်ချက်၊ ဘယ်ခြေထောက်ကန်ချက်တို့ကြောင့် ဖရာဆင်း ကြိုးဝိုင်းဘေးအထိထိုးကပ်သွားပြီး ဟန်ချက်ပျက်နေချိန် ဘရော်နီကာက ဘယ်၊ညာ လက်သီး၊ တံတောင်တွဲလုံးများအပြင် ဒူးဖြင့်ပါ အဆက်မပြတ်ထိုးသတ်ခဲ့သည်။

၅ စက္ကန့်လောက်အတွင်း ဘရော်နီကာ၏ ၁၅ ချက်မနည်းရှိသည့် တွဲလုံးအစုံထိုးသတ်မှုများကြောင့် ဒိုင်ကအတင်းဝင်တားပြီး ပွဲကိုရပ်ခဲ့သဖြင့် ပထမအချီ ၁ မိနစ်နှင့် ၁၄ စက္ကန့်အတွင်းမှာပင် ဘရော်နီကာအနိုင်ရရှိခဲ့သည် ။

မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံတစ်ဦးဖြစ်သည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် အာဏာသိမ်းကာလတွင် မွေထိုင်းဘက်ကူးပြောင်းလေ့ကျင့်ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထိုးသတ်ခဲ့သည့် ပထမဆုံး ပွဲစဥ်တစ်ပွဲသာရှုံးနိမ့်သည်။

ပြီးခဲ့သော၂၀၂၂ ခုနှစ်စပိုင်းမှ ယခု၂၀၂၃ နှစ်ကုန်ပိုင်းထိ ဘရော်နီကာသည် ထိုင်းအပါအဝင် နိုင်ငံတကာ နာမည်ကြီး ဖိုက်တာများနှင့် မွေထိုင်း ၁၇ ပွဲ ယှဥ်ပြိုင်ထိုးသတ်ထားခဲ့ပြီး ၁၆ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ရယူထားနိုင်ခဲ့သည်။

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2783

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – >  https://thanlwinkhet.net/?p=6689

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြောက်ဦး ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းကို AA တိုက်ခိုက်၊ စစ်တပ်ကရမ်းသမ်းပစ်ခတ်နေ
Next Article ကျည်ဆန်တွေ ဗုံးတွေကြားက ခရစ္စမတ်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.