• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရာနှင့်ချီသော နိုင်ငံခြားသားများ သောင်ရင်းမြစ်ကမ်းတွင် နှစ်ညတိုင် သောင်တင်နေဆဲ
  • မင်းလက်ပံဒေသ ကျားဖြန့်ဝင်းတွင် တွေ့ရှိရသော ကျားအစစ်
  • ဂွမြို့ကို ရေတပ်မှ ဆက်တိုက် ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်နေရ
  • KNU ၏ ကျားဖြန့်နှိမ်နင်းရေးကို လက်ရှိတွင် ထိုင်းနိုင်ငံသာပူးပေါင်းဆောင်ရွက်
  • နိုင်ငံမှ မဆက်သွယ်လာသော ကျားဖြန့်လုပ်သားများ ထိုင်း-မြန်မာသောင်ပြင်တွင် မီးလှုံနေရ
  • ပူးပေါင်းတပ်များ စခန်းသိမ်းထားသော ဖလူး-ဝေါလေလမ်းကြောင်းကို DKBA သွားလာခွင့်ပိတ်ပင်
  • ၅၀၅-က ပုဒ်မစွဲခံရသူ ရှစ်‌ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေး
  • မင်းလက်ပံတွင် တဖက်ကမ်း ထိုင်းနိုင်ငံသို့ကူးရန် ကျားဖြန့်ရာနဲ့ချီ စောင့်ဆိုင်း
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ရမ်းဗြဲတွင် စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ
တိုက်ပွဲသတင်း

ရမ်းဗြဲတွင် စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ

thanlwinkhetBy thanlwinkhetDecember 22, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ရမ်းဗြဲတွင် စစ်ကောင်စီက လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ

********************

မိခိုင်

ဒီဇင်ဘာ ၂၂၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း ရက္ခိုင့်တပ်တော် –  AA က ထုတ်ပြန်သည်။

ရမ်းဗြဲတွင် ဒီဇင်ဘာလ ၁၈ ရက်ကစတင်၍ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်တို့ မြို့မစျေးကြီးအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုများရှိနေပြီး ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၉ နာရီခန့်တွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် –  AA ၏ ထုတ်ပြန်ချက်တွင်လည်း ” ယမန်နေ့ နံနက် ၉ နာရီ ၁၉ မိနစ်အချိန်တွင် ရမ်းဗြဲမြို့နယ်၊ သရက်တောကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀,၀၀၀ ကျော်အကွာအဝေး၌ရှိသော စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးများဖြင့် အကြိမ် ၂၀ တိုင်တိုင် ၃ နာရီကျော်နီးပါး ရမ်းကားပစ်ခတ်ခဲ့သကဲ့သို့ နေ့လယ် ၁ နာရီအချိန်ခန့်ကလည်း အဆိုပါစခန်းကပင် ရမ်းဗြဲမြို့နယ်၊ ကြက်သရေ‌ကျေးရွာ၏ အနောက်မြောက်ဘက် တောင်ကုန်းဘက်ကို လက်နက်ကြီးများဖြင့် ၈ ကြိမ်တိုင် ပစ်ခတ်ခဲ့သည်” ဟု ဖော်ပြထားသည်။

ထို့ပြင် ညနေ ၅ နာရီကျော်တွင်လည်း ရမ်းဗြဲမြို့၏ အနောက်ဘက်တောင်ကုန်းနှင့် သရက်တော‌ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ စစ်ကောင်စီစခန်းက ၆၀ မမ လက်နက်ကြီးဖြင့် ၁၃ ကြိမ်ထိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” ကြက်သရေကျေးရွာနှင့် အနီးအနားတောင်ကုန်းများသို့ ၁ နာရီခွဲနီးပါးကြာမြင့်သည်အထိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကလိန်တောင်မြစ်ရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ်ကလည်း မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနား‌ ကျေးရွာများကို လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်ခဲ့သည် “ဟု ရက္ခိုင့်တပ်တော် –  AA ကဆိုသည်။

လက်ရှိတွင် ရမ်း​ဗြဲဒေသခံများအနေဖြင့် မြို့ကိုစွန့်ခွာပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေကြရပြီး ရမ်း​ဗြဲဒေသခံ ၁ ဦးကလည်း” မြို့ပေါ်မှာ လူ ၅၀ လောက်ပဲ ကျန်ခဲ့တယ်။ အိမ်စောင့်လောက်ပဲ ကျန်ခဲ့တာပါ။ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်။ အဖမ်းခံရမှာ စိုးရိမ်တယ်။ အခုကတော့ ​မြို့ပေါ်မှာ လူတွေ သိပ်မကျန်တော့ပါဘူး ” ဟု သံလွင်ခက် ကို ပြောသည်။

စစ်ကောင်စီတပ်များသည် အမ်းမြို့နယ်တွင်လည်း ကဇုကိုင်း‌ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁,၄၀၀ ကျော်အကွာအဝေး၌ရှိသော စစ်ကောင်စီအခြေစိုက်စခန်းတစ်ခုဖြစ်သည့် “ခမရ – ၅၄၃ တပ်ရင်းက အမ်းမြို့နယ်၊ စွိချောင်းကျေးရွာနှင့် ဆင်ဦးတိုက်‌ကျေးရွာများဘက်ကို ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျက်တိုက်လေယာဉ်ပေါ်ကလည်း စစ်သေနတ်များဖြင့် ပစ်ခတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – လူမှုကွန်ယက်

ပုံစာ – ရမ်းဗြဲ မြို့ရှိ စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။

******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2781

YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR

Website – >  https://thanlwinkhet.net/?p=6685

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပေါက်တောတွင် စစ်ကောင်စီက စစ်အင်အားထပ်မတိုးနိုင်တော့ကြောင်း ရက္ခိုင့်တပ်တော်ပြော
Next Article ခြေတစ်ဖက်ဖြင့် မြို့သိမ်းတိုက်ပွဲဝင်နေသူ
thanlwinkhet
  • Website

Related Posts

ပူးပေါင်းတပ်များ စခန်းသိမ်းထားသော ဖလူး-ဝေါလေလမ်းကြောင်းကို DKBA သွားလာခွင့်ပိတ်ပင်

November 27, 2025

၅၀၅-က ပုဒ်မစွဲခံရသူ ရှစ်‌ထောင်ကျော်ကို လွတ်ငြိမ်းခွင့်ပေး

November 26, 2025

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

November 26, 2025

Leave A Reply Cancel Reply

Recent Posts

  • ရာနှင့်ချီသော နိုင်ငံခြားသားများ သောင်ရင်းမြစ်ကမ်းတွင် နှစ်ညတိုင် သောင်တင်နေဆဲ
  • မင်းလက်ပံဒေသ ကျားဖြန့်ဝင်းတွင် တွေ့ရှိရသော ကျားအစစ်
  • ဂွမြို့ကို ရေတပ်မှ ဆက်တိုက် ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်နေရ
  • KNU ၏ ကျားဖြန့်နှိမ်နင်းရေးကို လက်ရှိတွင် ထိုင်းနိုင်ငံသာပူးပေါင်းဆောင်ရွက်
  • နိုင်ငံမှ မဆက်သွယ်လာသော ကျားဖြန့်လုပ်သားများ ထိုင်း-မြန်မာသောင်ပြင်တွင် မီးလှုံနေရ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရာနှင့်ချီသော နိုင်ငံခြားသားများ သောင်ရင်းမြစ်ကမ်းတွင် နှစ်ညတိုင် သောင်တင်နေဆဲ

မင်းလက်ပံဒေသ ကျားဖြန့်ဝင်းတွင် တွေ့ရှိရသော ကျားအစစ်

ဂွမြို့ကို ရေတပ်မှ ဆက်တိုက် ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်နေရ

KNU ၏ ကျားဖြန့်နှိမ်နင်းရေးကို လက်ရှိတွင် ထိုင်းနိုင်ငံသာပူးပေါင်းဆောင်ရွက်

ယခင်သတင်းများ

  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရာနှင့်ချီသော နိုင်ငံခြားသားများ သောင်ရင်းမြစ်ကမ်းတွင် နှစ်ညတိုင် သောင်တင်နေဆဲ

November 27, 2025

မင်းလက်ပံဒေသ ကျားဖြန့်ဝင်းတွင် တွေ့ရှိရသော ကျားအစစ်

November 27, 2025

ဂွမြို့ကို ရေတပ်မှ ဆက်တိုက် ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်နေရ

November 27, 2025

KNU ၏ ကျားဖြန့်နှိမ်နင်းရေးကို လက်ရှိတွင် ထိုင်းနိုင်ငံသာပူးပေါင်းဆောင်ရွက်

November 27, 2025

နိုင်ငံမှ မဆက်သွယ်လာသော ကျားဖြန့်လုပ်သားများ ထိုင်း-မြန်မာသောင်ပြင်တွင် မီးလှုံနေရ

November 27, 2025

ပူးပေါင်းတပ်များ စခန်းသိမ်းထားသော ဖလူး-ဝေါလေလမ်းကြောင်းကို DKBA သွားလာခွင့်ပိတ်ပင်

November 27, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.