ဆောထိ(ရွှေကျင်) မြို့နယ်က ဒေသခံ ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
***********************
နန်းဆုပန်ခန့်
ဒီဇင်ဘာလ ၆၊ ၂၀၂၃။
KNU – ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ တပ်မဟာ ၃ ၊ ဆောထိ (ရွှေကျင်) မြို့နယ်က ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်ရင်းတွေက ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ- ၃၅၁၊ ခမရ-၃၄၉၊ ခမရ-၅၈၉ တို့က မယ်ဝေါခီးကျေးရွာနေ အသက် ၂၉ နှစ်နဲ့ အသက် ၇၅ နှစ်အရွယ် အမျိုးသား ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ လတာအတွင်း တပ်မဟာ ၃ ၊ ဆောထိ (ရွှေကျင်) မြို့နယ်မှာ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကျုးလွန်ခဲ့ပြီး ကျေးရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ခတ် တာတွေကြောင့် ကျေးရွာနေပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဆောထိ(ရွှေကျင်) မြို့နယ် မှာရှိတဲ့ ကျေးရွာပေါင်း ၃၁ ရွာက ဒေသခံ ၂၉,၈၁၂ ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2646
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6506