• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
  • မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား
  • ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
တိုက်ပွဲသတင်း

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

thanlwinkhetBy thanlwinkhetMarch 26, 2026No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်/မတ် ၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဂွေးချိုတိုက်နယ်ရဲစခန်းနှင့် စစ်ကော်မရှင်ယာဉ်တန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရာရှိ ၄ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ကြောင်း ချောက်မြို့နယ် ပကဖ ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် ဂွေးချိုတိုက်နယ်ရဲစခန်း၌ စစ်ကော်မရှင်လက်အောက်ခံ အရာရှိများ အစည်းအဝေးပြုလုပ်ရန် ပြင်ဆင်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ အစည်းဝေးသို့ လာသည့် ဂွေးပင်စခန်းမှူးနှင့် စစ်ကော်မရှင်တပ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကိုလည်း အမှတ် (၃) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မဟာမိတ် ၅ ဖွဲ့က ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ချောက်မြို့နှင့် ကျိုက်ထိုမြို့နယ်ဘက်မှ စစ်ကူလာသည့် စစ်ကော်မရှင်ယာဉ်တန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံဗုံးကြဲခဲ့တပ်သားအချို့ ထိခိုက်သေဆုံးနိုင်သည့်အပြင် လက်နက်ကြီးအချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ချောက်မြို့နယ် ပကဖ တာဝန်ခံ ကိုဘကွန်းက ပြောသည်။
https://thanlwinkhet.net/wp-content/uploads/2026/03/AQMXCulHl6-TNvdNz2VkJRj-MwlSyZWWqydmfiym8RBfXifmoFnhiUIkrgD8CLyiI4xiuNu7-EmTgo5k7ZXEZByUzN6AejMwPSI4x_CQA.mp4
ရုပ်သံ – ဂွေးချိုတိုက်နယ်ရဲစခန်းနှင့် စစ်ကော်မရှင်ယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်နေစဉ်
သို့သော် အဆိုပါ စစ်ကော်မရှင်ယာဉ်တန်းပေါ်ရှိ ထိခိုက်သေဆုံးမှုအခြေအနေကို သံလွင်ခက်အနေဖြင့် သိခြားအတည်ပြုနိုင်ခြင်းမရှိပါ။
အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ချောက်မြို့နယ် ပကဖ တာဝန်ခံ ကိုဘကွန်းက “ဂွေးပင်တိုက်နယ်ရဲစခန်းမှူး အစည်းအဝေးလာတဲ့အချိန် လမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရလို့ သူကတော့ လွတ်သွားတယ်။ ဒါပေမဲ့ စခန်းထဲမှာ အစည်းအဝေးတက်ဖို့ ရောက်နေတဲ့ အရာရှိ ၄ ဦးကတော့ ဗုံးဒဏ်ကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု သံလွင်ခက်သို့ အတည်ပြုပြောကြားသည်။
အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကော်မရှင်ဘက်မှ အရာရှိ ၄ ဦးနှင့် တပ်သား ၆ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ယင်းစစ်ဆင်ရေးကို ချောက်မြို့နယ် ပကဖ နှင့် မကွေးခရိုင် ပကဖ တို့က ဦးဆောင်ကာ ချောက် ပကဖ လက်ရုံးစစ်ကြောင်း (Chauk Guerrilla Force)၊ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenather Column)၊ မကွေးခရိုင် ပကဖ တပ်ခွဲ – ၁ (အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ တပ်ခွဲ – ၅ (Chauk Special Attack Force) နှင့် တပ်ခွဲ – ၆ (သခင်ဖိုးလှကြီးအဖွဲ့) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်များက ချောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာမှုများရှိနေသဖြင့် တော်လှန်ရေးအင်အားစုများက ဆက်လက်ခုခံကာကွယ်လျက်ရှိကြောင်း သိရသည်။
#ဂွေးချိုစခန်း #ချောက်မြို့နယ် #တိုက်ခိုက် #ThanLwinKhetNews

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
Next Article နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
thanlwinkhet
  • Website

Related Posts

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

မင်းအောင်လှိုင်မိသားစု ဘန်ကောက်တွင် ဘတ် ၉၈ သန်းတန် ဇိမ်ခံအိမ်ရာ ဝယ်ယူထား

March 25, 2026

ရဲဘော်တစ်ဦး လက်နက်နှင့်အတူ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားမှုအပေါ် အညာမြေတပ်ပေါင်းစု သတိပေး

March 25, 2026

Leave A Reply Cancel Reply

Recent Posts

  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

March 26, 2026

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026

အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို

March 26, 2026

တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

March 26, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.