• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ကော့ကရိတ်မြို့တွင်းကို ဆက်လက်ထိုးစစ်ဆင်၊ စစ်တပ်နေရာကျဥ်းလာ
တိုက်ပွဲသတင်း

ကော့ကရိတ်မြို့တွင်းကို ဆက်လက်ထိုးစစ်ဆင်၊ စစ်တပ်နေရာကျဥ်းလာ

thanlwinkhetBy thanlwinkhetDecember 4, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကော့ကရိတ်မြို့တွင်းကို ဆက်လက်ထိုးစစ်ဆင်၊ စစ်တပ်နေရာကျဥ်းလာ

**************************

သံလွင်ခက်

ဒီဇင်ဘာ ၄ ၊ ၂၀၂၃ ။

ကော့ကရိတ်မြို့တွင်းကို ပူးပေါင်းစစ်ကြောင်းများက ယနေ့တွင်လည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စွဲထားသည့်နေရာတချို့ကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့သည်ဟု ကျားဖြူစစ်ကြောင်းထံက သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းမြို့ပြင်ရှိ စစ်ကောင်စီတပ်များကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းများက ဒီဇင်ဘာလ ၁ ရက်ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။


” ဒီမနက်က ထပ်ဖြစ်တယ်နော်။ သူတို့တပ်စွဲထားတဲ့နေရာတစ်ခုကို ကျွန်တော်တို့ ထပ်သိမ်းတယ် ။

ဒီနေ့တော့ ပွဲနည်းနည်းကြမ်းတယ်။ ပြင်းထန်တယ်ပေါ့။ မြို့ပြင်နားမှာပဲ “ဟု ကျားဖြူစစ်ကြောင်းတာဝန်ရှိသူ ဗိုလ်ပွဲတော်က ပြောသည် ။

လက်ရှိစစ်ဆင်ရေးအတွင်းကော့ကရိတ်မြို့အပြင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ပြီး မြို့တွင်းရှိ ကျန်နေရာများအား ဝိုင်း၍ ပိတ်ဆို့ထားသည်။

” လက်ရှိ သူတို့ ပိတ်ဆို့ခံလည်း ထိတယ်။ အပြင်လည်း မထွက်ရဲဘူး။ သူတို့တပ်တွင်းမှာပဲ ။ နေရာပတ်ပတ်လည်မှာ ချတယ်နော်။ တဖြည်းဖြည်းတော့ ရမှာပါ “ဟု ၎င်းကဆက်လက်ပြောကြားသည် ။

လက်ရှိတွင် ကော့ကရိတ်မြို့တွင်း ခလရ ၉၇ တပ်အပါအဝင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ ၅ နေရာ ခန့်ရှိ နေသည်။

ယနေ့တွင် ကော့ကရိတ်မြို့တွင်းနှင့် မြို့ပြင်နေရာတချို့၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့ကို ကာကင်းယူထားသည့်နေရာအထိ ပူးပေါင်းစစ်ကြောင်းက တက်ရှင်းနိုင်ခဲ့သည်။

” ဒီနေ့ကတော့  အမှတ် ၇ ရပ်ကွက်ထိပ် သူတို့ မြို့ကိုကာကင်းယူထားတဲ့နေရာထိ တက်ရှင်းပြီးပြီနော် “ဟု ကျားဖြူစစ်ကြောင်းက ဗိုလ်ပွဲတော်ကပြောသည်။


ကော့ကရိတ်မြို့ ထိုးစစ်အတွင်း စစ်ကောင်စီက လေကြောင်းက ပစ်ခတ်မှု၊ ဗုံးကြဲမှုများကို နေ့ရော၊ ညပါ လာရောက်ပြုလုပ်နေသည့်အပြင် လက်နက်ကြီးများမှာလည်း မရေတွက်နိုင်အောင် ဆက်တိုက်ပစ်ခတ်နေသည်ဟု ပိတ်မိနေသူများကို ကူညီကယ်ထုတ်ပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

” ကယ်ထုတ်ပေးနေရတဲ့သူတွေမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဘယ်ကမှန်းမသိ ကျရောက်လာတဲ့ လက်နက်ကြီးရဲ့ ရန်ကိုလည်း ကြည့်ပြီးတော့ ရှောင်ရှားရတယ် ” ဟု ၎င်းကပြောသည်။

တိုက်ပွဲတွင်းပိတ်မိနေသူအများစုမှာ သက်ကြီးရွယ်အိုများအပါအဝင် သွားလာစရာ ကား၊ ဆိုင်ကယ်များမရှိသည့် လက်လုပ်၊ လက်စားသမားများက ပိုများသည်ဟု ကူညီပေးနေသူများကပြောသည်။

သို့သော်လည်း ပိတ်မိနေသူများကို ကူညီပေးသူများက နည်းလမ်းမျိုးစုံဖြင့် နေ့စဥ် ကူညီကယ်ထုတ်ပေးနေရာ မြို့တွင်း၌ ပိတ်မိနေသူအနည်းငယ်သာကျန်ရှိတော့သည်ဟု သိရသည်။

ကော့ကရိတ်တိုက်ပွဲကြောင့် ထွက်ပြေးရှောင်တိမ်းနေရသည့် ဒေသခံ၁၀,၀၀၀ ကျော်ထိရှိနေပြီး ပြည်သူ ၆ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့သလို ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ပူးပေါင်းစစ်ကြောင်းများနှင့် ကူညီပေးနေသူများထံက သိရသည်။

*******

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2634

YouTube- > https://youtu.be/SpxIBpTYop8

Website – https://thanlwinkhet.net/?p=6502

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမုန်းဒေသရှိ တပ်စခန်းအားလုံး သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်
Next Article ဗစ်တိုးရီးယားလို မဖြစ်ဖို့
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.