တိုက်လေယာဉ်အပျက်အစီးများကရင်ပြည်နယ်၌ တွေ့ရှိ
*********************************
သံလွင်ခက်
နိုဝင်ဘာ ၁၂ ၊ ၂၀၂၃ ။
စစ်ကောင်စီ၏ တိုက်လေယာဥ်အပျက်အစီးများကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနှင့်မရောပိုလီရွာကြား တောင်ယာတဲအနီးတွင် တွေ့ရှိပြီဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
ယမန်နေ့တွင် ကရင်နီပြည်၌ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးတွင် စစ်ကောင်စီ၏တိုက်လေယာဥ်တစ်စီးပစ်ချနိုင်ခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကသတင်းထုတ်ပြန်ထားသည် ။
စစ်ကောင်စီ၏ အမျိုးအမည်မသိတိုက်လေယာဉ်(၁)စီးအား KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ကာ လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့သည်ဟု ဆိုသည်။
အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်သည်ဟုလည်း KNDFကယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။
ပဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီ၏ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်လေယာဥ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း၊ ၎င်းလေယာဥ်မှ လေယာဥ်မှူး၊တွဲဖက်လေယာဥ်မှူးတို့နှင့်အဆက်အသွယ်ရရှိထားကြောင်း ယမန်နေ့၌ စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင်ပြောကြားထားသည်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2379
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6178