ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ဘဲကျန်ရှိနေသည့် စစ်ဘေးရှောင်များရှိနေပြီး ယင်းတွင် အမျိုး သမီးနှင့်ကလေးအရေအတွက်က ၇၅ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု သိရသည်။
ခြံစည်းရိုးမရှိသည့် စစ်ရှောင်စခန်းများတွင်နေထိုင်ရသည့်အတွက် လုံခြုံရေးပိုင်းအားနည်းနေသည့်အပေါ် စစ် ရှောင်အမျိုးသမီးများအနေဖြင့် စိုးရိမ်မှုမြင့်မားနေကြရကြောင်း စစ်ရှောင်အမျိုးသမီးများက ပြောသည်။ ယခုလ များတွင် နေရာအနှံအပြား၌ သက်ငယ်မုဒိန်းမှုများအပါအဝင် အဓမ္မကျူးလွန်မှုများ နေ့စဥ်ရက်ဆက် ကြား နေရသည့်အတွက် ယခုလို စိုးရိမ်မှုမြင့်တက်နေရခြင်းဖြစ်ကြောင်း ပြောသည်။
ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ တခြားနေရာများသို့သွားလာရာတွင်လည်း နေ့အချိန် များတွင်ပင် လူအသွားအလာအဆက်ပြတ်သည့်နေရာဖြစ်သည့်အတွက် တစုံတရာထိခိုက်မှု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ယင်းစခန်းက ဒေါ်မအေးကျော့ က ဆိုသည်။
” စခန်းမှာနေတာဆိုတော့ ပိုပြီးစိုးရိမ်မှုရှိတယ်။ ကိုယ့်မှာ မွေးထားတာကလည်း သမီးတွေချည်းဆိုတော့ ပိုဆိုး တယ်။ ဒီဘက်က လူလည်း ပြတ်တယ်။ အခုက ရွာတွေမှာဆို ခြံစည်းရိုးတွေရှိတာတောင်မှ မလုံတာ ။ ဒီမှာက ခြံ စည်းရိုးလည်းမရှိဘူး။ ပြောရရင် တော်တော်စိုးရိမ်တာပေါ့ ” ဟု ၎င်းက ဆိုသည်။
စစ်ဘေးရှောင်စခန်းအများစုမှာ တာပေါ်လင်စများဖြင့် ပြုလုပ်ထားသည့် အဆောင်များဖြစ်သည့်အပြင် လုံခြုံရေး လည်း အားနည်းသည့်အတွက် သတိထားပြီးနေနေရသည်ဟု ရသေ့တောင်မြို့နယ် စစ်ရှောင်စခန်းက မရွှေ၀င်း က ဆိုသည်။
” ကျွန်မတို့က ခြံမလုံ၊ အိမ်မလုံဆိုတော့ အဘက်ဘက်က စိုးရိမ်နေကြတာပါပဲ။ နောက်တစ်ခုက မုဒိန်းမှုတွေက ဟိုနေရာ ဒီနေရာတွေမှာ တစထက်တစ ကြားလာရတော့ လန့်ကြတာပေါ့ ” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ အတွင်း ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရုံစစ်ဘေးရှောင်စခန်းက အသက် ၂၇ နှစ် အရွယ် အမျိုးသမီး နှင့် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။
ယင်းကဲ့သို့ဖြစ်စဥ်များဖြစ်ပွားခဲ့သည့် စစ်ရှောင်စခန်းများတွင် အမျိုးသမီးလုံခြုံရေးကို ပိုမိုအလေးထားကြောင်း လည်း တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ရှောင်အမျိုးသား ၁ ဦးက ဆိုသည်။
” ဒီဘက်မှာက လုံခြုံရေးနဲ့ပတ်သတ်လို့ ကျွန်တော်တို့ အလေးထားပါတယ်။ ကလေးငယ်တွေ စခန်းအပြင်ထွက် တာကအစ ဂရုစိုက်ကြဖို့ ပြောထားကြတယ်။ ဒါပေမယ့် အကုန်လုံးကတော့ မလိုက်နာနိုင်ဘူးပေါ့။ စားဝတ်နေ ရေးကလည်း တစ်ဘက်ရှိတော့ အလုပ်ထွက်လုပ်ကြရတယ်။ ဒါကြောင့် အပြင်သွားရင်လည်း တစ်ယောက်တည်း မသွားဖို့ အတတ်နိုင်ဆုံးတော့ ပြောဆိုထားရတယ် “ဟု ၎င်းကဆိုသည်။
အဓမ္မကျူးလွန်မှုများရှိလာရခြင်းမှာ ထင်သာမြင်သာရှိသည့် ပြစ်မှု၊ ပြစ်ဒဏ်မရှိသည့်အတွက်ဖြစ်ကြောင်း ရခိုင့်ရှေ့ ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူ က ဆိုသည်။
“အဓိကအချက်ကတော့ တရားဥပဒေစိုးမိုးရေးပါပဲ။ ဥပဒေအရ တောက်လျှောက်ဖမ်းဆီးပြီး ရာဇဝတ်ကောင်လို့ ထင်ရတဲ့လူတွေကို ဖမ်းဆီးတာနည်းတယ်။ အခုက တရားဥပဒေက ၂ ခု ဖြစ်နေတော့ တစ်ခုကမဟုတ်ရင် နောက် တစ်ခုက အဲဒီလူတွေကို ဖမ်းပြီးတော့ ယူသွားတယ်လို့ သိရတယ်။ ဒါပေမယ့် ထိရောက်တဲ့ အရေးယူမှုတွေ ကတော့ မတွေ့ရဘူး ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ၁ လခွဲအတွင်း အဓမ္မမှု ၇ မှုအထိ ရှိခဲ့ပြီး ယင်းထဲတွင် သက်ငယ်မုဒိန်းမှုက အများဆုံးဖြစ်သည်။
အဓမ္မမှုများမှာ နေရာအများအပြားတွင် ကျယ့်ပြန်စွာဖြစ်ပွားလာသည့်အတွက် အဓမ္မမှုကျူးလွန်သူများကို အစိုးရ အနေဖြင့် ထိရောက်သောအရေးယူအပြစ်ပေးမှုများဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှုများကို နေ့စဥ်ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့နေကြရပြီး အကြောင်းအမျိုး မျိုးကြောင့် လူရှေ့သို့မရောက်လာနိုင်ဘဲ ပျောက်ပျက်သွားရမှုများလည်း ရှိနေကြောင်း အမျိုးသမီးရေးလှုပ်ရှားသူ များက ထောက်ပြကြသည်။