သံလွင်ခက်။
မေ ၂၂ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပန်မွန်းကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယမန်နေ့ မေလ ၂၁ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၀ ရက်တွင် TNLA တပ်ဖွဲ့ရှိရာ ပန်မွန်း ကျေးရွာဘက်သို့ စစ်ကောင်စီတပ် စကခ–၁ လက်အောက်ခံခမရ–၅၀၄ တပ်ရင်းမှ ထိုးစစ်ဆင် လာသဖြင့် ညနေပိုင်း ၄နာရီ ၁၀ မိနစ် မှ ၆ နာရီ ၃၀ မိနစ်ထိ (၂) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု မရှိခဲ့ဟု TNLA ပြောရေးဆိုခွင့်ရှိသူရုံးမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” နှစ်ဖက် ထိခိုက်တာလည်းမရှိဘူး၊ စကစဘက်က ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်သွားတော့ တိုက်ပွဲ ငြိမ်သွားပါတယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် မေလ (၁၈)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ရှိ ဆက်သွယ်ရေးကုန်းမှ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – TNLA တပ်ဖွဲ့ဝင်တစ်ဦး
Photo – PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1157
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.net/?p=4493
Website ->https://eng.thanlwinkhet.net