• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁
  • စစ်ကောင်စီထံသို့ ဆက်သွယ်ရေးအချက်အလက်များ ပေးပို့ခဲ့သည့် တယ်လီနောအား တိုင်ချက်ဖွင့်
  • ပျံ့နှံနေသော တရုတ်နှင့် TNLA တွေ့ဆုံမှု ရလဒ် အတည်မပြုနိုင်သေးဟု TNLAပြော
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»အမှောင်ခေတ်ထဲ အမှန်တရားရှာသူ
သတင်းဆောင်းပါး

အမှောင်ခေတ်ထဲ အမှန်တရားရှာသူ

thanlwinkhetBy thanlwinkhetApril 28, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်

ဧပြီ ၂၈၊ ၂၀၂၃။

သတင်းမီဒီယာများကို စတုတ္ထမဏ္ဏိုင်ဟု ခေါ်ဆိုကြပြီး သတင်းသမားများ၏ တာဝန်မှာ အမှန်တရားကို ပြည်သူများထံ အစီရင်ခံရခြင်းဖြစ်သည်။

အာဏာသိမ်းသည့်အချိန်ကစ၍ မြန်မာသတင်းသမားများသည် စောင့်ကြည့်ခံရမှု၊ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံရမှုများကို ရင်ဆိုင်နေရသည်။ ဖမ်းဆီးထိန်းသိမ်းပြီး နောက်ဆက်တွဲ ကြီးလေးသော ပြစ်မှုပြစ်ဒဏ်များနှင့်အတူအသက်ဆုံးရှုံးရသည့် အခြေအနေများအထိ ရှိလာသည်။

အာဏာသိမ်း၂ နှစ်တာကာလအတွင်း Mizzima၊ DVB၊ 7 Days နှင့် Myanmar Now အပါအဝင် သတင်းဌာန ၁၄ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် လက်ရှိအချိန်အထိ သတင်းသမား ၇၇ ယောက် ဖမ်းဆီးခံထားရဆဲဖြစ်သလို လေးဦးသည် စစ်တပ်၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF က ထုတ်ပြန်ထားသည်။ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားများသည် သတင်းမီဒီယာဥပဒေနှင့် အရေးယူခံရခြင်း မဟုတ်ဘဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းဆက်သွယ်ရေးဥပဒေများဖြင့် တရားစွဲဆိုခံနေရသည်။

အာဏာသိမ်းသက်တမ်း ၂ နှစ်ကျော်လာသည့်အချိန်တွင် နောက်ဆက်တွဲ သက်ရောက်မှုများနှင့်အတူ သတင်းသမားအများစုသည် အလုပ်ပြောင်းလဲလုပ်ကိုင်ခြင်းနှင့် ပြောင်းရွှေ့အခြေချနေထိုင်မှုများ ရှိလာသည်။

သတင်းမီဒီယာလုပ်ငန်း ဆက်လက်လုပ်ကိုင်လိုသူ အများစုမှာမူ အိမ်နီးချင်းနိုင်ငံများအထိ ပြောင်းရွှေ့နေထိုင်အလုပ်လုပ်ကိုင်နေကြရသည်။ အိမ်နီးချင်းနိုင်ငံများတွင် တရားမဝင် ပြောင်းရွှေ့နေထိုင်ရသည့် လုံခြုံရေးသည်လည်း ထင်သလောက် မလွယ်ကူလှပေ။

လုံခြုံရေးစိန်းခေါ်မှုများကြားမှ သတင်းမီဒီယာသမားများသည် နေထိုင်စားသောက်ရေး လုံလောက်ရန် လုပ်ခလစာစိန်ခေါ်မှုများလည်းရှိနေသည်။

အခြားနိုင်ငံများကို တရားမဝင် ရွှေ့ပြောင်းသွားလာနေထိုင်ပြီး စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်နေသူများ လိုအပ်သည့် အထောက်အထားကဒ်များကို မီဒီယာတိုက်အများစုက စွမ်းဆောင်ပေးနိုင်ခြင်းမရှိဘဲ လုပ်ခလစာဖူလုံမှုသည်လည်း အလှမ်းဝေးနေဆဲ ဖြစ်သည်။

နေ့စဉ်နှင့်အမျှ တိုက်ပွဲများကြား ဒေသခံနေအိမ်များမီးရှို့ခံရမှု၊ စစ်ဘေးတိမ်းရှောင်ရမှုများကို မြင်တွေ့ကြားသိပြီးတင်ဆက်ရေးသားနေရသူများ၏ စိတ်ခံစားမှုများသည် မွန်းကြပ်နေသည်ဟု သတင်းထောက်များက ပြောသည်။

စိတ်မချမ်းမြေ့ဖွယ် သတင်းများကြားထဲ ပိတ်ရက်မရှိ အလုပ်ချိန်များနေမှုများသည် ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့ရသည်ဟု သတင်းထောက်အမျိုးသမီးတစ်ဦးက ဆိုသည်။

“သတင်းတိုက်တွေဘက်က လုပ်ခလစာကို သူတို့ စိတ်ကြိုက်ပဲ ပေးနေတာ။ တောင်းဆိုလို့လည်း မရဘူး။ မလိုက်လျောပေးလည်း သူတို့ ဘာလုပ်နိုင်မှာလဲဆိုပြီး အဲဒီလို ပုံစံမျိုးတွေ ရှိတယ်။ ခေါင်းပုံဖြတ်ခံရတာမျိုးတွေလည်း ရှိတယ်။ ထွက်မယ်ဆိုရင်တောင် အလုပ်သမားကဒ်တွေ လုပ်ပေးထားတာကို တိုက်ကို ပြန်ပေးရမယ်လို့ခြိမ်းခြောက်တယ်။ ကိုယ့်မှာ ရွေးချယ်စရာ မရှိဘူး။ မလုပ်ချင်လည်း ဆက်လုပ်နေရတာပဲ” ဟု ၎င်းက ပြောသည်။

ပြည်ပနိုင်ငံမှာဖြစ်စေ၊ပြည်တွင်းမှာဖြစ်စေ သတင်းသမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှားပါးပြီး လုပ်အားနှင့် လစာ မညီမျှမှုများသည် ကောင်းမွန် အရည်အသွေးရှိသည့် သတင်းများကို ယုတ်လျော့စေသည်ဟု အယ်ဒီတာတစ်ဦးက မှတ်ချက်ပြုသည်။

ပြည်ပနိုင်ငံများရောက် သတင်းသမားများထက် မြန်မာပြည်တွင်းမှာ ရှိသည့် သတင်းသမားများ၏ လုံခြုံရေးခြိမ်းခြောက်ခံရမှုကလည်းနှစ်ဆမြင့်တက်လာသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ CPJ က သတင်းသမားများကို ဖမ်းဆီးပြီးနောက် သေဆုံးမှုများအတွက် ရာဇဝတ်မှုကနေ ပြစ်ဒဏ်ကင်းလွတ်နေသည့် နိုင်ငံ ၁၁နိုင်ငံတွင် မြန်မာနိုင်ငံကိုပါ ထည့်သွင်းဖော်ပြထားသည်။

သို့သော် သတင်းသမားများမှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် အခြားစိန်ခေါ်မှုများကြားမှ ယနေ့အချိန်အထိပြည်သူများဆီ သတင်းအချက်အလက်များဖြင့် ပေါင်းကူးပေးနေကြဆဲဖြစ်သည်။

ပြည်တွင်းမှာ ရှိနေသည့် ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာန အယ်ဒီတာတစ်ဦးက “ကျွန်တော်တို့အခြေစိုက်တဲ့ ရှမ်းပြည်က နေရာတော်တော်များများက ဖုန်းလိုင်းတွေ မရကြဘူး။ ပြည်တွင်းမှာပဲ နေမယ်ဆိုရင်မြေပြင်သတင်းတွေ ပိုရနိုင်တယ်လို့ ယူဆတယ်ပေါ့နော်။ ခရီးသွားရင်တောင် စစ်ကောင်စီဘက်က ဘယ်အချိန်စောင့်ဖမ်းမလဲ။ ဘယ်အချိန် ကျွန်တော်တို့ဆီ ဗုံးလာကြဲမလဲဆိုတာတော့ စိုးရိမ်ရတာပေါ့” ဟု လက်ရှိ ကြုံတွေ့နေသည့် အခြေအနေကို ဆိုသည်။

စစ်ကောင်စီက သတင်းသမားများကို ဖမ်းဆီးရိုက်နှက်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်နေခြင်းကို  နိုင်ငံတကာ အဖွဲ့အစည်းများက အရေးယူပေးရန် လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း Free Expression Myanmar က ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် တောင်းဆိုခဲ့သည်။

တော်လှန်ရေးခရီးအတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် ပြစ်မှုများကို မှတ်တမ်းယူနေသည့် သတင်းထောက်များသည် ပုန်းရှိုးကွယ်ရှိုး သက်စွန့်ဆံဖျား လုပ်ဆောင်နေရသည်ဟု ဓါတ်ပုံသတင်းထောက် ကိုထွန်းကျော်ကဆိုသည်။

၂၀၁၄ ခုနှစ် မတ်လတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် သတင်းမီဒီယာဥပဒေတွင် သတင်းသမားတစ်ဦးအနေဖြင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်ခွင့် ရှိပြီး သတင်းနှင့် သက်ဆိုင်သည့်ပစ္စည်များကို သိမ်းဆည်းခြင်း မပြုလုပ်ရဟု ပြဌာန်းထားသည်။

NLD အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် သတင်းမီဒီယာကောင်စီကိုလည်း စစ်တပ်က ပယ်ဖျက်ခဲ့ပြီး အငြိမ်းစားအရာရှိကြီးများအပါအဝင် စစ်တပ်ထောက်ခံသူများဖြင့် ကောင်စီသစ်ကို ဖွဲ့စည်းခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်တော့ စစ်ကောင်စီသည် သတင်းမီဒီယာဥပဒေကို လေးစားလိုက်နာမှု မရှိသည့်အပြင် သတင်းထောက်များကိုလည်း ပုဒ်မ အမျိုးမျိုးတပ် တရားစွဲဆိုကာ သတင်းလွတ်လပ်ခွင့်များကို ပိတ်ပင်ခဲ့သည်။

အကြပ်အတည်းကာလကို တန်းတူရင်ဆိုင်နေရသည့် အချိန် သတင်းသမားများအပေါ် ထိရောက်သည့် ကာကွယ်မှုမျိုးကို ပြည်တွင်းရော ပြည်ပအဖွဲ့အစည်းများက မပံ့ပိုးနိုင်တော့ဟု သတင်းမီဒီယာလုပ်ကိုင်သူများက သုံးသပ်ကြသည်။

လတ်တလော ဖြစ်ပေါ်နေသည့် မြန်မာသတင်းမီဒီယာသမားများ၏ အခက်အခဲစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်ကျစ်လစ်ခိုင်မာသည့် မီဒီယာအဖွဲ့အစည်းများ လိုအပ်သည်ဟု Myanmar Women Journalist Network မှအထွေထွေအတွင်းရေးမှူး မတင်ဇာအောင်က ပြောသည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၇၆ တွင် ရှိနေသည်။

ပြည်တွင်းမှာ နေထိုင်သည့် သတင်းသမားများ ဖမ်းဆီးခံရပြီးနောက် သေဆုံးမှုနှင့် ထောင်ချခံရမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြန်မာနိုင်ငံမှာ ဒုတိယနေရာတွင် ရှိသည်။

နေထိုင်ရပ်တည်ရေးနှင့် အခွင့်အရေးချိုးဖောက်ခံရမှုများ၊ စိန်ခေါ်မှုများကို ကူညီပေးမည့် အဖွဲ့အစည်းတစ်ခု အမြန်ဆုံးပေါ်ပေါက်စေချင်သည်ဟု သတင်းထောက်အမျိုးသမီးတစ်ဦးက ပြောသည်။

“အာဏာသိမ်းပြီးနောက် သတင်းတိုက်တွေရဲ့ အခွင့်အရေးကို ထိရောက်အောင် ဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းတွေ မရှိတော့ဘူးပေါ့နော်။ တစ်စုံတစ်ရာ ထောက်ပံ့ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ ပြန်ဖြစ်လာနိုင်ဖို့ မျှော်လင့်နေမိတာပေါ့” ဟု သူက ပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီရှင်သန်ရေးသည် သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ပြည်သူများ သတင်းအချက်အလက်ရရှိပိုင်ခွင့်ပေါ် များစွာ မူတည်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ အမှောင်ခေတ်ကို ဖြတ်သန်းနေကြသော သတင်းမီဒီယာသမားများအတွက်မှာမူသတင်းအချက်အလက်မှန်ကန်စွာရရှိရေး ကြိုးပမ်းနေရမှုသည် ရှင်ရေးထက်ပင် လေးလံလွန်းလှသည်။

ဓါတ်ပုံ – လမ်းပေါ်ဆန္ဒပြပွဲတွင် သတင်းရယူနေသော သတင်းသမားများ(သံလွင်ခက်)

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/859

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3901

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleချင်းမြောက်ပိုင်း တလန်လိုရွာ ဗုံးကြဲခံရပြီး အရပ်သား၂ဦးထက်မနည်း သေဆုံး
Next Article ဖမ်းဆီးခံ လက်ဝှေ့သမားတူးတူး ပစ်ခတ်ခံရ၍ သေဆုံးပြီဟု သတင်းထွက်
thanlwinkhet
  • Website

Related Posts

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

မြန်မာရွှေ့ပြောင်းတွေအတွက် စိန်ခေါ်မှုဖြစ်နေသေးတဲ့ ထိုင်းကျန်းမာ‌ရေးစောင့်‌ရှောက်မှု – ၁

July 27, 2025

Leave A Reply Cancel Reply

Recent Posts

  • နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း
  • ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း
  • မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်
  • ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား
  • စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နတ်ရေကန်စခန်း မကျဆုံးစေရန် စစ်ကောင်စီ အင်အား ၁၅၀၀ နီးပါး ဖြည့်တင်း

September 1, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? ဇာတ်သိမ်းပိုင်း

August 31, 2025

မာန်အောင်ကျွန်းအနီးက စစ်သင်္ဘော တစ်စီးကို AA ပစ်ခတ်

August 30, 2025

ထိုင်းဝန်ကြီးချုပ်အား ရာထူးမှအပြီးသတ်ဖယ်ရှား

August 29, 2025

စစ်တွေမှ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ပုဏ္ဏားကျွန်းဒေသခံများ နေရပ်စွန့်ခွာ

August 29, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.