• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်
  • ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်
  • မန္တလေးသပိတ်ခေါင်းဆောင် အဖမ်းခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ
  • စစ်တပ် လက်နက်ကြီးကြောင့် ကျိုက်ထိုတွင် အရပ်သား နှစ်ဦးသေဆုံး၊ ရွာသားအချို့ လူသားဒိုင်းအဖြစ် ဖမ်းဆီခံရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ချင်းတောင်တန်းလမ်းကြောင်း‌တွေဆီက စစ်ကောင်စီယာဉ်တန်းတွေရဲ့ လားရာ
သတင်းဆောင်းပါး

ချင်းတောင်တန်းလမ်းကြောင်း‌တွေဆီက စစ်ကောင်စီယာဉ်တန်းတွေရဲ့ လားရာ

thanlwinkhetBy thanlwinkhetApril 22, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

စောစမစ်၊ ဘိုဟန်(MCIJ)

ဧပြီ ၂၂၊ ၂၀၂၃။

ယခုလ ဧပြီရဲ့ ဒုတိယပတ်ဟာ ချင်းပြည်နယ်ထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ စစ်ကောင်စီကားတွေအတွက်နောက်ဆုံးအသက်ရှုဖို့ အခွင့်အရေးသာ ပေးခဲ့ပါတယ်။ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်တွေက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ချုံးရွာအနီးအနားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ စစ်ကောင်စီတပ်သားတွေရဲ့ တင့်ကား နှစ်စီးနဲ့ ထောက်ပို့ကား ကိုးစီးကို ဖျက်ဆီးပစ်ခဲ့တာပါ။

အဲဒီကားတွေဟာ မတ်လ ဒုတိယပတ်ကတည်းက ယာဉ်အစီးရေ ၁၀၀ ကျော်၊ စစ်သည်အင်အား ၇၀၀ ဝန်းကျင်နဲ့လက်နက်၊ ခဲယမ်း၊ ရိက္ခာတွေတင်ပြီး ချင်းတောင်တန်းတွေဆီ ခရီးစတင်ခဲ့တဲ့ စစ်ကောင်စီ ကားတွေထဲကနောက်ဆုံးအနေနဲ့ တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံခဲ့ရတဲ့ ကားတွေဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ဒုတိယအပတ်မှာ ချင်းမြောက်ပိုင်း (ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊တွန်းဇံ) ဘက်ကို ယာဥ်အစီး ၃၀ ကျော်နဲ့ စစ်သားအင်အား ၂၀၀ ကျော်၊ ချင်းတောင်ပိုင်း (မင်းတပ်၊ ကန်ပက်လက်၊မတူပီ၊ ပလက်ဝ) ဘက်ကို ယာဥ်အစီး ၈၀ ကျော်နဲ့ အင်အား ၄၀၀ ကျော်တို့နဲ့ တက်လာခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ချင်းပြည်နယ်ဆီ စစ်ဆင်ရေးနဲ့ ရိက္ခာတင်ပို့မှုကို ကုန်းကြောင်းကနေပြုလုပ်မယ်ဆိုရင် အဓိကလမ်းမကြီး နှစ်ခုကို အသုံးပြုရပါတယ်။ ပထမတစ်ခုက  ပခုက္ကူ−ကျောက်ထု−မင်းတပ်−မတူပီလမ်းဖြစ်ပြီး နောက်တစ်ခုက ဂန့်ဂေါ−ကလေး−တီးတိန်−ဖလမ်း−ဟားခါး− ထန်တလန်လမ်းတို့ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ ချင်းပြည်နယ်အတွင်း မြေပြင်စိုးမိုးမှု ကျဆင်းလာတဲ့အခါ စစ်ကောင်စီတပ်တွေဟာ ၂၀၂၂ ခုနှစ် နှစ်လယ်ကစပြီး ထောက်ပို့နဲ့ တိုက်ခိုက်မှုတွေအတွက် လေကြောင်းကိုသာ အဓိကထား အသုံးပြုခဲ့ရပါတယ်။ဒါကြောင့်ပဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လထဲမှာ   လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၁၅ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ချင်းပြည်နယ်သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။ ဒီလိုနဲ့ တစ်နှစ်နီးပါးကြာ အသုံးမပြုခဲ့တဲ့ ကုန်းလမ်းအဓိကလမ်းမကြီးတွေကို ၂၀၂၃ ခုနှစ်၊ မတ်လမှာမှ ပြန်သုံးလာခဲ့ကြပါတယ်။

ချင်းမြောက်ပိုင်း တိုက်ခိုက်ခံရမှုများ

အစောက ရှင်းပြခဲ့တဲ့ လမ်းကြောင်း နှစ်ခုထဲက မြောက်ပိုင်းဘက်အခြမ်းကို စစ်ကောင်စီတပ်ဟာ တင့်ကား နှစ်စီးအပါအဝင် စစ်ဆင်ရေးနဲ့ ရိက္ခာထောက်ပို့ယာဥ် အစီး ၃၀ ကျော်၊ စစ်သည်အင်အား ၂၀၀ ကျော်နဲ့ မတ်လ ၇ ရက်မှာကလေးမြို့ကနေ စတင်ထွက်ခွာခဲ့ပါတယ်။ ယာဉ်တန်းမှာ  သံချပ်ကာကား နှစ်စီး၊ မြေထိုးစက် JCB တစ်စီး၊ အရပ်သုံး ဆယ့်နှစ်ဘီးကား၊ ဆယ်ဘီးကား၊ ၆ ဘီးကား ၂၇ စီးတို့ ပါဝင်ပါတယ်။

ကလေး–ဖလမ်း–ဟားခါး လမ်းကြောင်းအတိုင်း ချင်းမြောက်ရှိ ဟားခါးမြို့ စစ်ကောင်စီဗျူဟာဆီကို အရောက်သွားရမယ့် အဲဒီယာဥ်တန်းဟာ ကလေးမြို့က ထွက်ထွက်ချင်း ကလေး–ဖလမ်း လမ်းပိုင်းမှာပဲ အကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ကလေးကနေ မတ်လ ၇ ရက်က ထွက်ခွာလာတဲ့ ယာဉ်တန်းဟာ အချိန် တစ်နာရီသာ သွားလာရတဲ့ ချင်းပြည်နယ်တောင်မြောက်လမ်းဆုံမှာရှိတဲ့ သိုင်းငင်းကျေးရွာကို မတ် ၁၁ ရက်မှသာ ရောက်ရှိခဲ့ပါတယ်။ မတ် ၁၀ ရက်နဲ့၁၁ရက်တို့မှာ ချင်းတောင်တန်းပေါ် တက်လာတဲ့ အဲဒီယာဉ်တန်းကို  ဒေသကာကွယ်ရေးတပ်ဖွဲ့‌တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ချင်းအမျိုးသားတပ်မတော် CNA /CNF နဲ့ ဖလမ်းအခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တို့အပါအဝင် ထန်တလန်၊ ဟားခါး စတဲ့ မြို့နယ်အလိုက် CDF တွေနဲ့ ချင်းမျိုးနွယ်စုအလိုက် ကာကွယ်ရေးတပ်တွေရှစ်ဖွဲ့လောက် ပူးပေါင်းပြီး စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဒီယာဥ်တန်းဟာ တစ်ရက်တာမျှ သွားရတဲ့ ခရီးကို အချိန် တစ်လကျော်ကြာ ခရီးဆက်ခဲ့ရပြီး ချင်းပူးပေါင်းတပ်တွေရဲ့ အကြိမ် ၃၀ လောက် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်မှာ ယာဥ်အားလုံးဟာ ပျက်စီးသွားခဲ့ရပါတယ်။

အခုလ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်က ဟားခါးမြို့နယ် ချွန်ချုံးရွာမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှာ နောက်ဆုံးကျန်ရှိတဲ့ တင့်ကား နှစ်စီးအပါအဝင် ထောက်ပို့ယာဥ် ကိုးစီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

“နောက်ဆုံး ဖျက်ဆီးနိုင်တာက ခုနစ်စီးပါ။ တင့်ကား နှစ်စီးနဲ့ဆို စုစုပေါင်း ကိုးစီးပါ။ စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တစ်စီးမျှ ဟားခါးဗျူဟာထဲကို မရောက်ဘူး” လို့ သူက ပြောပါတယ်။

ချင်းမြောက်ပိုင်းမှာ စစ်ကောင်စီထောက်ပို့ယာဥ်တန်း အထိခိုက်ပျက်စီးမှုများခဲ့တာက ဖလမ်း–ဟားခါးလမ်းပိုင်းမှာဖြစ်ပြီး ယာဥ်အစီး ၃၀ ထဲဲမှာ ၂၀ ကျော်က အဲဒီလမ်းပိုင်းမှာ ပျက်စီးခဲ့တာဖြစ်ပါတယ်။ ကလေးမြို့ကနေ တက်လာတဲ့ အဲဒီယာဉ်တန်းမှာ မော်လိုက်အခြေစိုက် ခမရ (၃၆၅)၊  မိုင်းဆတ်အခြေစိုက် ခလရ (၂၇၈)၊ တပ်မ (၂၂) လက်အောက်ခံ ၂၀၄ တပ်ရင်းတို့ လိုက်ပါခဲ့ကြတာလည်းဖြစ်ပါတယ်။ သူတို့ရဲ့ မူလရည်မှန်းချက်က ချင်းမြောက်ပိုင်း စစ်ကောင်စီတပ် ဗျူဟာကုန်းရှိရာ ဟားခါးကို ဦးတည်ခဲ့တာဖြစ်ပေမယ့် အဲ့ဒီဗျူဟာကုန်းကို ရောက်ရှိမသွားခဲ့ကြပါဘူး။

စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်တာက ဒရုန်းနဲ့ မိုင်းတွေနဲ့သာ အဓိကဖြစ်တယ်လို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

“ကျွန်တော်တို့က ဒီမြေပြင်မှာ သူတို့နဲ့ အနီးကပ်ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ဘူး။ မလုပ်နိုင်ဘူးပေါ့။ ဆိုတော့ ဒရုန်းနဲ့ ကျွန်တော်တို့ အဓိက ကြဲချတာပေါ့နော်။ ပြီးတော့ ဒရုန်းနဲ့ အပေါ်ကနေကြည့်ပြီး အတည်ပြုချက် ယူတာပေါ့။တစ်ခါတစ်ခါကို ဗုံးသီး အလုံးရေ ၂၀ လောက် ကြဲနိုင်တယ်” လို့ ဆိုပါတယ်။

ဒရုန်းတွေ ပျံလို့ မရအောင် စစ်ကောင်စီဘက်က ဂျန်ပါနဲ့ တားဆီးတာတွေရှိပြီး အဲဒီတားဆီးမှုတွေက နိမ့်နိမ့်ပဲ ပျံလို့ရတဲ့ ဒရုန်းအသေးစားတွေကတော့ ပျက်စီးစေတာတွေ ရှိခဲ့ပါတယ်။

“ခပ်နိမ့်နိမ့်ပဲ ပျံလို့ ရတဲ့ အသေးစားဒရုန်းတွေက သူတို့ ဂျန်ပါနဲ့ ဖမ်းနိုင်တယ်ပေါ့နော်။ အခုက သူတို့ ဂျန်ပါနဲ့ မဖမ်းနိုင်အောင် အမြင့်ကြီးကို ပျံနိုင်တဲ့ ဒရုန်းအမျိုးအစားတွေ သုံးတာ” လို့ ဆလိုင်းထက်နီက ကုန်းလမ်းစစ်ကြောင်းတွေကို ဘယ်လိုဖြိုခွင်းတယ်ဆိုတာနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

စစ်ကောင်စီဘက်က မဖျက်ဆီးနိုင်တဲ့ ဒရုန်းတွေနဲ့ နည်းပညာအဆင့်မြှင့်တင်ပြီး ပိုမို အသုံးချလာနိုင်တဲ့ ချင်းပူးပေါင်းတပ်တွေဟာ လမ်းကြောင်းကျွမ်းကျင်မှု အားသာမှုတွေပါ ထပ်ရှိနေတော့ ယာဥ်တန်းကို အထိအခိုက်များအောင် တိုက်ခိုက်နိုင်တာလည်း ဖြစ်ပါတယ်။ သူတို့က ယာဥ်တွေကို မိုင်းဆွဲလို့ ကောင်းတဲ့ နေရာတွေမှာအကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်တာ၊ အနီးကပ်ကြားဖြတ်တိုက်ခိုက်လို့ ကောင်းတဲ့ နေရာမှာ စောင့်ကြို ကြားဖြတ်တိုက်ခိုက်တာတွေပါ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုနည်းလမ်းပေါင်းစုံ တိုက်ခိုက်မှုတွေကြောင့် ယာဥ်တန်းအားလုံး ပျက်စီးခဲ့ရသလို့ စစ်ကောင်စီတပ် အင်အား၂၀၀ ကျော်လောက်ကလည်း ၁၂၀ ကျော်အထိ သေဆုံးခဲ့ပါတယ်။ ကျန်သူတွေမှာ ဒဏ်ရာရသူတွေများတယ်လို့ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။

ထိခိုက်မှုများတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ယာဥ်တန်းဖြတ်တဲ့ တစ်လကျော်ကာလအတွင်း ဖလမ်းနဲ့ ဟားခါးမြို့နယ်မှာရှိတဲ့ ကျေးရွာ ရှစ်ရွာလောက်က ချင်းပြည်သူတွေရဲ့ အိမ်ခြေ ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ပြီးတော့ သူတို့ တိုက်ခိုက်ခံရတဲ့နောက်မှာ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု၊တိုက်လေယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ရပါတယ်။

ချင်းကာကွယ်ရေးတပ်တွေက ရရှိတဲ့ မြေပြင်အချက်အလက်တွေအရ ချင်းမြောက်ပိုင်းကို စစ်ကောင်စီထောက်ပို့ယာဥ်တန်း ဖြတ်သန်းခဲ့တဲ့ တစ်လကျော်ကာလရဲ့ ထိတွေ့တိုက်ပွဲတွေအတွင်းမှာ ချင်းပူးပေါင်းတပ်တွေဘက်က ရှစ်ဦး ကျဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ချင်းတောင်ဘက်လမ်းကြောင်း ဖြိုခွင်းခံရမှုများ

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ ထွက်လာတဲ့ စစ်ယာဥ်တန်း အစီးရေ ၈၃ စီးပါစစ်ကြောင်းဟာ ပခုက္ကူ–ကျောက်ထု–မင်းတပ်–မတူပီလမ်းအတိုင်း ပုံတောင်ပုံညာကို ဖြတ်ပြီး ချင်းတောင်ဘက်တက်လာခဲ့ရာ မတ်လ ၁၃ ရက်မှာ ကျောက်ထုအမြောက်တပ်ထဲကို ရောက်ရှိခဲ့ပါတယ်။ သူတို့ဘက်မှာတော့ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ အပါအဝင် အခြားတပ်ရင်းတွေကနေ စုစုပေါင်း စစ်သားအင်အား ၄၀၀ ဝန်းကျင်ပါဝင်ပါတယ်။

ယာဉ်တန်းက လမ်းတစ်လျှောက် ရှေ့ပြေးကင်းယူပြီး ပခုက္ကူမှ ပေါက်၊ ပေါက်မှတစ်ဆင့် ပုံတောင်ပုံညာကို ကျော်ပြီးနောက် ယောနယ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ မတ် ၁၀ ရက်က‌နေ ၁၃ ရက်အတွင်း ပေါက်၊ ဆောနဲ့ ကျောက်ထုတို့မှာ အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရမှုကြောင့်  အသေအပျောက်လည်း ရှိသလို  ကား နှစ်စီး ပျက်စီးသွားတယ်လို့ မျက်မြင်တွေက အတည်ပြုပါတယ်။ မတ် ၁၃ ရက်မှာ အဲဒီယာဉ်တန်းက ကျောက်ထုအမြောက်တပ်ထဲဝင်သွားခဲ့ပါတယ်။

ကျောက်ထုအမြောက်တပ်အရောက်မှာ အစီး ၈၀ ကျော်ပါ ယာဉ်တန်း အနက် ၃၂ စီးက ဂန့်ဂေါ၊  ၃၅ စီးက မင်းတပ်ကို ထွက်ခွာလာခဲ့ပြီး ကျန် ၁၅ စီးက ကျောက်ထုအမြောက်တပ်ထဲမှာပဲ ချန်ရစ်ခဲ့ပါတယ်။

အဲဒီအထဲက စစ်ကား  ၃၂ စီးဟာ ကျောက်ထုအမြောက်တပ်ကနေ မတ်လ ၁၅ ရက်မှာ ကျောက်ထု– ထီးလင်း–ဂန့်ဂေါလမ်းဘက်ကို ထွက်ခွာလာခဲ့တယ်။ ဒီအဖွဲ့တွေကို ဒေသတွင်း ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။

စစ်ကောင်စီတပ်ယာဥ်တန်းဟာ သုံးရက်တာကာလအတွင်း ၁၈ မိုင်ခန့်သာခရီးရောက်ခဲ့ပြီး သေဆုံး ၄၀ ကျော်နှင့်ဒဏ်ရာရသူ ၃၀ ကျော် ရှိခဲ့ပါတယ်။

“မိုင်းဆွဲရဲဘော်တွေက သူတို့ မျက်စိရှေ့မှာ မြင်တွေ့ခဲ့ရတာတွေ၊ ကားပေါ် ဆွဲတင်သွားတာ မြင်တွေ့ခဲ့ရတာတွေနဲ့တခြားက ခိုင်လုံတဲ့ သတင်းပေးပို့ချက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်တာဖြစ်ပါတယ်” လို့ YRA (ထီးလင်း) အဖွဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

အဲဒီယာဥ်တန်းကို ဂန့်ဂေါခရိုင်တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း၊  ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)-YNRF၊ ယောကာကွယ်ရေးတပ်-YDF နဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ကျောက်ထုကနေ မင်းတပ်–မတူပီလမ်းမအတိုင်း မတူပီဗျူဟာကို စစ်လက်နက်ပစ္စည်းနဲ့ ရိက္ခာတွေကို ယာဥ်နဲ့ ပို့နေခဲ့ရာမှာ ချင်းကာကွယ်တပ်တွေရဲ့အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် အရင်အခေါက်တွေက အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျောက်ထု–ထီးလင်း–ဂန့်ဂေါလမ်းပိုင်းကို စမ်းသုံးခဲ့တာမှာ ထပ်မံအထိနာခဲ့တာဖြစ်ပါတယ်။

“သူတို့ အရင်က ကားအစီး ၈၀၊ ၉၀ လောက် တက်ခဲ့တဲ့အခါမှာ တောင်ပေါ်ဒေသတွေမှာ အထိနာမှုတွေ အများကြီးရှိခဲ့တာပေါ့နော်။ အခုတစ်ခေါက် ကျွန်တော်တို့ဘက် လမ်းကြောကို ကားတချို့ ခွဲထွက်လာတာက ဒီလမ်းပိုင်းရဲ့အခြေအနေရော အင်းအားစုတွေရဲ့ အခြေအနေပါ စမ်းကြည့်တဲ့အနေနဲ့ လမ်းဖောက်ကြည့်တဲ့ သဘောလို့ ယူဆပါတယ်” လို့ သခင်ဇော်က ပြောပါတယ်။

ကျောက်ထု–ထီးလင်း–ဂန့်ဂေါလမ်းကြောင်းဟာ ချင်းတောင်ဘက်ခြမ်း မတူမီဗျူဟာဘက်နဲ့ ချင်းမြောက်ဘက်ခြမ်း ဟားခါးဗျူဟာဘက်ကို တက်နိုင်တာဖြစ်ပေမယ့် ဂန့်ဂေါမြို့နယ်ထဲမှာ ထောက်ပို့တပ် ၃၂ စီး ယာဥ်တန်းဟာရှေ့ဆက်မတိုးနိုင်ဖြစ်ခဲ့ရတာပါ။

ဒါ့အပြင် ကျောက်ထုအမြှောက်တပ်ထဲမှာ ကျန်ခဲ့တဲ့ ထောက်ပို့ယာဥ်တွေထဲက ၃၅ စီးဟာ မတ်လ ၁၆ ရက်မှာအင်အား ၁၀၀ ဝန်းကျင်နဲ့ မင်းတပ်မြို့ဘက် ထွက်လာခဲ့ရာ ယောဒေသကာကွယ်ရေး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) တို့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

အဲဒီယာဥ်တန်းဟာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ထဲကို ထိခိုက်ဒဏ်ရာရသူတွေနဲ့ ခက်ခက်ခဲခဲ ရောက်ရှိသွားခဲ့ပြီး မတူပီဘက်ကို ရှေ့ဆက်မသွားတော့ဘဲ မင်းတပ်မြို့တွင်းကနေပဲ ကျောက်ထုဘက် ပြန်ဆင်းသွားတယ်လို့ မင်းတပ်CDF ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်က ဆိုပါတယ်။

အရင်က ထောက်ပို့ယာဥ်တန်းတွေ ဖြတ်ရင် ရှေ့ပြေးတပ်စစ်ကြောင်းတွေ လွှတ်ပြီး လမ်းကြောင်းကြိုရှင်းလေ့ရှိတဲ့စစ်ကောင်စီတပ်ဟာ အခုလ ပထမအပတ်တွင်းမှာ အင်အား ၁၅၀ လာက်နဲ့ မင်းတပ်နဲ့ ကျောက်ထုအစပ်ဘက်ကိုစစ်ကြောင်း နှစ်ကြောင်းခွဲထိုးလာခဲ့ရာမှာ မင်းတပ် CDF နဲ့ ယောဒေသကာကွယ်ရေးတပ်တွေ တိုက်ခိုက်လို့ ၁၈ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ စစ်ကြောင်းဟာလည်း ကျောက်ထုအမြောက်တပ်ထဲ ပြန်ဝင်သွားခဲ့ရတယ်လို့ကျောက်ထုကာကွယ်ရေးတပ် တာဝန်ခံ ဗိုလ်ရန်ကင်းက ရှင်းပြပါတယ်။

ထောက်ပို့ယာဥ်တန်းတွေနဲ့ နယ်မြေခံတပ်စခန်းတွေ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ အခုလအတွင်းမှာချင်းပြည်နယ်ထဲကို လေကြောင်းက အကြိမ် ၃၀ ကျော် ပစ်ခတ်ခိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် အထိနာနေတဲ့ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဧပြီလ ၁၀ မှာ ဖလမ်းမြို့နယ်ဝေဘူလမြို့မှာ ပြည်သူ ကိုးဦးနဲ့  ဧပြီ ၁၆ ရက်က မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) မှာ ဒေသခံ သုံးဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေစိုးမိုးမှု

ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိပေမယ့် ပလက်ဝကလွဲပြီး ကျန် ရှစ်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခံထားရပါတယ်။ ဒါဟာလည်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေအစိုးမရမှု ပိုများလာတာကို ပြသနေတာလည်း ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရှစ်မြို့နယ်ထဲမှာ တိုက်ပွဲပေါင်း ၅၅၀ ထက်မနည်းဖြစ်ခဲ့သလို အာဏာသိမ်းပြီးချိန်က‌နေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ ချင်းပြည်နယ်အတွင်း  တိုက်ပွဲပေါင်း၅၉၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ISP Myanmar ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်အတွင်းမှာ အခြေစိုက်တပ်တွေရှိနေပေမယ့် နယ်မြေစိုးမိုးမှု မရှိသလောက်ဖြစ်နေသလို မြို့ပေါ်တွေမှာသာ ကင်းလှည့်မှု အနည်းငယ်လောက်ပဲ ရှိနေတာလည်း ဖြစ်ပါတယ်။ သူတို့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ တချို့နေရာတွေအထိလည်း တော်လှန်ရေးတပ်တွေက လာရောက်တိုက်ခိုက်နေကြတာလည်း မကြာခဏဆိုသလို ရှိနေပြန်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက် ဖျက်ဆီးခြင်း ခံခဲ့ရတဲ့ ထန်တလန်မြို့ဆိုရင်လည်း လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်က စစ်ကောင်စီတပ်ကုန်းတစ်ခုကိုသာ နေရာယူထားပေမယ့် ကျန်တစ်မြို့လုံးကိုတော့ ချင်းအမျိုးသားတပ်ဦး (CNF) က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း သူတို့ ပုံမှန် စိုးမိုးနေတဲ့ ချင်းပြည်နယ်ရဲ့ ဒေသတွေဟာ သူတို့လက်အောက်ကနေ တဖြည်းဖြည်း ထွက်ခွာကုန်ကြတာလည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့် တောင်တန်းတွေ ဝန်းရံထားတဲ့ ချင်းဒေသကို စစ်ကောင်စီတပ်တွေက ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ ပို့ရာမှာ ကုန်းလမ်းကိုသာ အဓိက အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ချင်းပြည်မှာ စစ်ကောင်စီတပ်တွေဟာ ချင်းတောင်ပိုင်းအတွက် မတူပီဗျူဟာနဲ့ ချင်းမြောက်ပိုင်းအတွက် ဟားခါးဗျူဟာဆိုပြီး ရှိတယ်။ အဲဒီဗျူဟာတွေကို  ပခုက္ကူ−ကျောက်ထု− မင်းတပ်−မတူပီလမ်းနဲ့ ကလေး− ဖလမ်း−ဟားခါး လမ်းကြောင်းတွေကနေ အဓိက ပို့ဆောင်နေတာဖြစ်ပါတယ်။

“အာဏာမသိမ်းခင်ကတည်းက စစ်တပ်တွေက လေးလ တစ်ခါ၊ ခြောက်လ တစ်ခါ စသဖြင့် ရိက္ခာကို ယာဥ်တန်းကြီးနဲ့ ပို့လေ့ရှိတာပေါ့။ အခုလည်း အဲဒီပုံစံပါပဲ။ ဒီကာလမှာတော့ ယာဥ်တန်းကြီးတွေနဲ့ ရိက္ခာတွေ ပို့တယ်။ တပ်ချိန်း၊ တပ်ပြောင်းတွေ လုပ်လေ့ရှိတယ်။ အကြိမ်ကြိမ်တိုက်ခိုက်ခံရတော့ မနှစ်ကတည်းက တစ်မိုးတွင်းလုံး ရိက္ခာပို့မလာနိုင်တော့ဘူးပေါ့” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းပြည်နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်တွေအပြင် ယောဒေသကာကွယ်ရေးတပ်တွေပါ လှုပ်ရှားမှု ရှိနေပါတယ်။  CNF/ CNA ရယ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ရယ်၊ ချင်းပြည်သူ့ကာကွယ်ရေးတပ်တွေရယ်၊ချင်းပူးပေါင်းတပ်တွေရယ် စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား အနည်းဆုံး နှစ်သောင်းဝန်းကျင် ရှိနေတဲ့အတွက် စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်အတွင်းမှာ နယ်မြေပြန်လည်စိုးမိုးဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ စစ်တပ်ဟာ ၂၀၁၅ ခုနှစ် ကိုးကန့်အဖွဲ့ MNDAA နဲ့ လောက်ကိုင်မှာ တိုက်ပွဲဖြစ်ခဲ့တုန်းကတပ်ရင်းပေါင်း ၇၀၊ စစ်သည်အင်အား ၈၀၀၀ လောက်နဲ့ကို တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပေမယ့် လက်ရှိကာလမှာအင်အား ရာဂဏန်းလောက်သာ အသုံးပြုနိုင်တဲ့ အနေအထားလည်းဖြစ်နေပါတယ်။

“သူတို့ ရိက္ခာ မပို့နိုင်တာက အဓိကလမ်းကြောင်းတွေကို ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက ဖြတ်တိုက်​တော့ သူတို့မထိန်းနိုင်တော့လို့။ ရဟတ်ယာဉ်နဲ့ ပို့တာကလည်း သိပ်မပို့နိုင်တော့ သိပ်မထိရောက်ဘူး” လို့ ဆလိုင်းထက်နီကရှင်းပြပါတယ်။

“မြေပြင်မှာ လမ်းကြောင်းတွေကို ကျွန်တော်တို့ ပူးပေါင်းတပ်တွေက စိုးမိုးထားနိုင်တယ်” လို့လည်း လက်ရှိချင်းပြည်နယ်ထဲက လမ်းကြောင်းတွေမှာ ချင်းကာကွယ်ရေးတပ်တွေ စိုးမိုးထားနိုင်မှုနဲ့ ပတ်သက်ပြီး သူက ဆိုပါတယ်။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/772

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3746

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူ ၈ ဦးခန့်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်းရှိ
Next Article KNU တပ်မဟာ ၃ နယ်မြေအတွင်းကို စစ်ကောင်စီ လေကြောင်းသုံးတိုက်
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ
  • စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်
  • စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး
  • ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး
  • မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဘင်္ဂလားဒေ့ချ် ငါးဖမ်းသမားများ ရခိုင်ရေနက်ပိုင်း ခိုးဝင်မှုများ နေ့စဉ်ရှိနေ

December 20, 2025

စစ်တမ်းဖြေဆိုသူ ထိုင်းရောက်မြန်မာ ၉၈ ရာခိုင်နှုန်း စစ်ကော်မရှင် ရွေးကောက်ပွဲကို သပိတ်မှောက်

December 19, 2025

စစ်တွေတွင် စစ်တပ်နှင့် အေအေနှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု စစ်တပ်အရာရှိ တချို့ သေဆုံး

December 18, 2025

ဝက်လက်ကို စစ်တပ် နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်၍ အရပ်သား လေးဦး သေဆုံး

December 18, 2025

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုတွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသည့် ကလေးငယ် လေးဦး အကူအညီ လိုအပ်

December 18, 2025

ထိုင်းဘုရင့်မယ်တော် သီရိခေတ်နတ်ရွာစံခြင်း ရက်၉၀ပြည့် အောက်မေ့ဖွယ်အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်

December 18, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.