နန်းဆုပန်ခန့်
ဧပြီ ၉ ၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး မဲကနဲကျေးရွာတွင် စစ်ကောင်စီတက်နှင့်BGFတပ်တို့ကို ကော်ဘရာစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲတွင်း၌ ပါဝင်သည့်ရဲဘော်များထံမှ သိရသည်။
ယနေ့ဧပြီလ၉ရက်၊ နံနက်၉နာရီဝန်ကျင်း၌ မြဝတီကုန်သွယ်ရေးဇုန်ထိပ် မဲကနယ်ကျေးရွာတွင် ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၄၊ တပ်ခွဲ ၅ နှင့်အတူ Venom စစ်ကြောင်းတို့ပူးပေါင်းပြီး စစ်ကောင်စီတပ် ၊ BGF တပ်တို့နှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“စစလာတာလေယာဉ်နဲ့ ကင်းထောက်လာတာလား ဘာလားတော့မသိဘူး၊၊ဘာမှတော့လုပ်မသွားဘူး၊၊ ခဏနေတော့ ကျွန်တော်တို့နေတဲ့နေရာကို စကစနဲ့ BGF ပေါင်းပြီးတက်လာတာ၊၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ကျွန်တော် တို့နေတဲ့နေရာကို တက်လာတော့တာပဲ ” ဟု တိုက်ပွဲတွင်းပါဝင်သည့်ရဲဘော်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
အင်အား၈၀ဦးဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်နှင့်BGF တပ်တို့ကို ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများသည်ဟု ရဲဘော်များကပြောသည်။
အဆိုပါတိုက်ပွဲတွင်း၌ စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများကြောင်းကိုလည်း
ကော်ဘရာ တပ်ခွဲ ၄ ပေ့(ချ်) တွင်ဖော်ပြထားသည်။
Venom စစ်ကြောင်းသည် ယခု ဧပြီလ၆ရက်တွင် ကော်ဘရာစစ်ကြောင်းသို့ ပူးပေါင်းလာသောကြောင့် ကော်ဘရာစစ်ကြောင်း၏ဖွဲ့စည်းပုံအား စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု ကော်ဘရာစစ်ကြောင်းကယနေ့တွင် ထုတ်ပြန်သည်။
ထိုသို့ပြန်လည်ဖွဲ့စည်းရာတွင် ကော်ဘရာစစ်ဆင်ရေးမှူး အဖြစ် ဗိုလ်ဒါဘော၊စစ်ကြောင်း ၁ စစ်ကြောင်းမှူးအဖြစ်ဗိုလ်စောကော်၊ စစ်ကြောင်း ၁ ဒုစစ်ကြောင်းမှူးအဖြစ် ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့၊ စစ်ကြောင်း ၂ စစ်ကြောင်းမှူးအဖြစ် ဗိုလ်စောဝင်းမြင့်နှင့် စစ်ကြောင်း ၂ ဒုစစ်ကြောင်းမှူးအဖြစ် ဗိုလ်စောငြိမ်းချမ်းဝင်းတို့ အသီးသီးတာဝန်ယူထားသည်။
ယနေ့တိုက်ပွဲဖြစ်ပွားသည့် မဲကနယ်ကျေးရွာ၏ အနီးမြဝတီကုန်သွယ်ရေးဇုန်တွင် ပြီးခဲ့သောမတ်လ ၂၅ရက်တွင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိချိန်ထိစစ်ရေးတင်းမာနေကာမကြာခဏ ထိတွေ့မှုများဖြစ်ပွားနေသည်ဟု သိရသည်။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3465
Website ->https://eng.thanlwinkhet.net