• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားနယ်မြေများကို ထိုးစစ်ဆင်မှုမြင့်လာနိုင်
နေ့စဉ်သတင်း

၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားနယ်မြေများကို ထိုးစစ်ဆင်မှုမြင့်လာနိုင်

thanlwinkhetBy thanlwinkhetFebruary 9, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားနယ်မြေများကို ထိုးစစ်ဆင်မှုမြင့်လာနိုင်
************************************

ဖေဖော်ဝါရီ ၉၊၂၀၂၃။

၂၀၂၃ ခုနှစ်အတွင်း တိုင်းရင်းသားနယ်မြေများကို ထိုးစစ်ဆင်မှုများ မြင့်လာနိုင်သည်ဟု လေ့လာသူများက သံလွင်ခက်ကို ပြောသည်။

တစ်နိုင်ငံလုံးက စစ်ကောင်စီ ထိန်းချုပ်ရခက်နေသည့် ဒေသများကိုပါ ထိုးစစ်ဆင်လာနိုင်သည့်အတွက် လေကြောင်းတိုက်ခိုက်မှုများအတွက်ပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၅ ပြောခွင့်ရ ပဒိုမန်းမန်းကပြောသည်။

၎င်းက “ ဘယ်ပြည်နယ်ရယ်လို့တော့ပြောလို့မရဘူး။စစ်ကောင်စီဘက်ကတော့ ဘယ်တော့မှလျှော့မှာမဟုတ်ဘူး။ တိုင်းပြည်ကိုဆက်ပြီးတော့အုပ်ချုပ်ဖို့ ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်ပြည်နယ်၊ဘယ်ဒေသဆိုတာထက်၊နိုင်ငံတ၀န်းမှာ စစ်ကောင်စီက ကြမ်းကြုတ်မှုကို ဒီတစ်နှစ်အတွင်းမှာတော့ မီးကုန်ယမ်းကုန်လုပ်ဖို့ရှိနိုင်တယ် ” ဟုပြောသည်။

၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးအဖြတ်နှစ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ဖော်ပြောဆိုထားသည်။

NUG အစိုးရက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံက ၁၅၇ မြို့နယ်ကို အရေးတကြီး ထိန်းချုပ်ရန်လိုအပ်သည်ဟု စစ်ကောင်စီခေါင်းဆောင်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်တိုက်တွေ့ဆုံ ထိုးစစ်ဆင်မှုများမြင့်တက်လာနိုင်သည်ဟု မြန်မာ့အရေးလေ့လာ သုံးသပ်သူများက လည်း သုံးသပ်ထားကြသည်။

အရပ်သားများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ဗုံးခိုကျင်းများတူးကြရန် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ပြောဆိုထားမှုများလည်းရှိသည်။

စစ်ရေးအရှိန်မြင့်လာနိုင်သည့်အတွက် တာ၀န်ရှိအဖွဲ့အစည်းများနှင့် ကာကွယ်ရေးတပ်ဖွဲ့၀င်များက ပြည်သူများကို လေကြောင်းရန်ကာကွယ်နည်းများကို လက်တွေ့ပညာပေးရန် လိုအပ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ဆိုသည်။

“ ပြည်သူလူထုက တာ၀န်ကျေနေတဲ့အတွက် ပြည်သူလူထုနဲ့သင့်တော်တဲ့ နေရာတွေမှာ ဗုံးခိုကျင်းတူးပြီးတော့ ကိုယ့်ရဲ့လုံခြုံရေးကိုကာကွယ်ပေးထားဖို့။ နောက်တစ်ခုက ပြည်သူလူထုတွေအပေါ် ဘာလုပ်ပေးနိုင်မလဲ။ NUG ၊ MOD (ကာကွယ်ရေးဝန်ကြီးဌာန)၊ EROs(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ)တွေ အနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲ။ အဲ့ဒါတွေကိုလည်း ထိရောက်တဲ့ဆောင်ရွက်မှုမျိုးတွေကို လုပ်ပေးဖို့လည်းတိုက်တွန်းတောင်းဆိုချင်တယ် ” ဟု ဦးထွန်းကြည်ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေးအဆုံးအဖြတ်နှစ်ဖြစ်သည်ဟု ထုတ်ပြန်ထားသည့်အတွက် ပြည်သူများအနေဖြင့် သတိပြုပြင်ဆင်ထားရန်လိုအပ်သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးကပြောသည်။

“ ကျွန်တော်တို့အနေနဲ့ကတော့ဒီနှစ်ဟာအဆုံးအဖြတ်ပေးနိုင်မယ့်နှစ်တစ်နှစ်လို့ထင်တယ်။တိုက်ပွဲတွေလည်းရှေ့လျှောက်ပိုပြီးပြင်းထန်လာနိုင်မယ်။ တိုက်ပွဲတွေများလာတာနဲ့အမျှ ထိခိုက်ဆုံးရှုံးမှုတွေလည်းပိုများနိုင်တဲ့ အတွက်ကြောင့် ပြည်သူတွေအနေနဲ့ ပိုပြီးသတိထားရမယ်။ ပြင်ဆင်သင့်တာတွေ၊စားနပ်ရိက္ခာတွေပြင်ဆင်ထားကြပါ ” ဟု ပြောသည်။

NUG အစိုးရကလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် ဗုံးခိုကျင်းတူးရာတွင် လိုအပ်မည့်အကြံပြုချက်များကို ယခုလ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အာဏာသိမ်းကာလကို ၆ လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် ဖေဖော်ဝါရီ ၂ ရက်နေ့က ထုန်ပြန်ကြေညာထားသည်။

ပုံစာ – စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်တွင် ပြင်ဆင်ထားသည့် ဗုံးခိုကျင်း။
ဓာတ်ပုံ − MOHADM၊

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Articleအမှတ်၁၄ ယမ်းချက်စက်ရုံကို ပူးပေါင်းတပ်ပစ်ခတ်
Next Article ငွေညှစ်တောင်းခံနေသည့် စစ်ဆေးရေးဂိတ်တစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.