• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
  • ထိုင်း-မြန်မာနယ်စပ် ဖုပ်ဖရအနီးတွင် မြန်မာ ၄၄ ဦး ဖမ်းမိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ပြည်တွင်းသတင်း»“အဓိက လိုအပ်တာက လုံခြုံစိတ်ချစွာ နေထိုင်နိုင်မယ့် Camp တစ်ခုပါ “
ပြည်တွင်းသတင်း

“အဓိက လိုအပ်တာက လုံခြုံစိတ်ချစွာ နေထိုင်နိုင်မယ့် Camp တစ်ခုပါ “

thanlwinkhetBy thanlwinkhetJanuary 27, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

“အဓိက လိုအပ်တာက လုံခြုံစိတ်ချစွာ နေထိုင်နိုင်မယ့် Camp တစ်ခုပါ “
**************************************

Saw Smith
ဇန်နဝါရီ ၂၇ ၊ ၂၀၂၃ ။

စစ်ကောင်စီ၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်အားလုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုလအတွင်း လေကြောင်းမှ တိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း၌ တိုက်ခိုက်ခံခဲ့ရသော အကြိမ်ရေထက် ၆ ဆအထိ ပိုများနေခဲ့သည်။

၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးအပစ်အခတ်ရပ်နားမည်ဟုကြေညာထားသည့် စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်းကို ယခုလအစပိုင်းကတည်းက ဖုန်းလိုင်းများဖြတ်တောက်၍ ဝေဟင်၊ မြေပြင်တို့မှ ထိုးစစ်ဆင်နေခဲ့သည်။

စစ်ကောင်စီက ကျေးရွာများ၊ ကျောင်းများ၊ စစ်ရှောင်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တိုက်လေယာဥ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီ၏ ယာယီအထိုင်ရုံးဖြစ်သည့် ပလိပ်ထွီ ဘုန်းကြီးကျောင်းအဆောက်အဦးပေါ်ကို ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုနေ့တစ်ရက်အတွင်း စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံး တစ်လုံးပျက်စီးပြီး အဖွဲ့ဝင်အားလုံး ထိခိုက်ခဲ့သည်။

“ အဖွဲ့သား တွေက လက်ရှိမှာ ၉ ဦးရှိပါတယ် ။၂ ဦးက ပြင်းထန် ဒဏ်ရာ ရရှိပြီး ကျန်အဖွဲ့၀င်တွေအားလုံးက အသေးစား ဒဏ်ရာ ရရှိကြပါတယ် ” ဟု ကော်မတီဝင် ကိုယောကီးက သံလွင်ခက်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသော အဖွဲ့ဝင်အားလုံးသည် စစ်ဘေးရှောင်များဖြစ်ကြပြီး စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များအဖြစ် တာဝန်ယူလုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ကော်မတီအဖွဲ့ဝင်များအားလုံးသည် လက်ရှိတွင် ခဏတာ ရှောင်တိမ်း၍ ဆေးကုသမှုခံယူနေကြပြီး ဆက်လက်၍ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ရရှိရေးနှင့် ရိက္ခာဖြန့်ချီရေး လုပ်ငန်းများကို ပြန်လည်ကြိုးစားဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဗုံးကြဲမှုကြောင့် အဖွဲ့ဝင်များ ထိခိုက်ခဲ့သည့်အပြင် ရုံးအတွင်းရှိငွေသားသိန်း ၃၀၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါးပျက်စီးဆုံးရှုံးခဲ့ရသည်။

“ နေရော ညပါ လေကြောင်းနဲ့ တိုက်လိုက် လက်နက်ကြီး နဲ့ ထုလိုက်လုပ်နေပါတယ်။ ပြည်သူလူထုတော်တော် များများ ဗုံးလန့်နေကြပါတယ်။ အဓိက လိုအပ်တာက လုံခြုံစိတ်ချစွာ နေထိုင်နိုင်မယ့် Camp တစ်ခုပါ ” ဟု ကိုယောကီးကပြောသည်။

စစ်ကောင်စီက ယခုလတွင် မင်းတပ်မြို့နယ်အတွင်းကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်အထိပြုလုပ်ထားခဲ့ရာ စစ်ရှောင်ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ၍ စစ်ရှောင်များခိုနားရာဘုန်ကြီးကျောင်းများ၊ ပြည်သူပိုင်နေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးခဲ့ရသည်ဟု မင်းတပ် CDF က ဖော်ပြထားသည်။

” စစ်ရှောင်စခန်းတွေ ကျေးရွာတွေအတွင်းမှာ ကျွန်တော်တို့ CDF တွေမရှိပါဘူး။ ကျေးရွာတွေအတွင်းတပ်စခန်းလုပ်ပြီးတည်ဆောက်တာမျိုးကို ကျွန်တော်တို့ မလုပ်ဘူး။ ပြီးတော့ ကျွန်တော်တို့ကိုပဲ ပစ်မှတ်ထားတာမဟုတ်ဘဲ လူသားမျိုးနွယ်စုအပေါ်မှာ လူမဆန်စွာ သတ်ဖြတ်တဲ့ လုပ်ရပ်ပါ။

ပြည်သူ့တော်လှန်ရေး ဖြစ်သလို တိုက်လေယာဥ်တွေနဲ့အသုံးပြုတာဟာ လူမျိုးသုန်းသတ်ဖြတ်တာ ဖြစ်တယ်“ဟု မြို့နယ်အလိုက် CDF များအပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ဖြင့် စုစည်းထားသည့် CJDC ကော်မတီအထွေထွေအတွင်းရေးမှူး ၂ က သံလွင်ခက်ကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်မီ လေယာဥ်၊ ဒရုန်းများဖြင့် ကင်းထောက်မှုများ အကြိမ်ကြိမ်ပြုပြီး မှတ်ပစ်များကို သေချာသည့် အခြေအနေရှိမှ ဗုံးကြဲနေခြင်းဖြစ်ရာ စစ်ကောင်စီက အရပ်သားမှတ်ပစ်များကိုပင် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု လေတပ်မှ CDM ဗိုလ်ကြီးဇေသူအောင်က မှတ်ချက်ပြုပြောဆိုသည်။

အာဏာသိမ်းကာလအစပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက တိုက်ပွဲများပြင်းထန်ဖြစ်ပွားနေခဲ့သော မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ဖြင့် ပြည်သူများကို ပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

နှစ်နှစ်နီးပါးကြာမြင့်လာသည့် စစ်ကောင်စီ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့်စစ်ဘေးရှောင်စခန်းများရှိ သောင်းဂဏန်းထိရှိသော ပြည်သူများသည် ရိက္ခာနှင့်ဆေးဝါးလိုအပ်နေသည်ဟု သိရသည်။

ဆေးဝါးအခက်အခဲများကြောင့် ရက်လွန်သည့်ဆေးဝါးများကိုပင် အသုံးပြုနေကြရသည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။

နဂိုကတည်းက ဆေးဝါးနှင့်ရိက္ခာအခက်အခဲများနှင့်ကြုံနေရသော မင်းတပ်မြို့နယ်ရှိ ပြည်သူများနှင့်စစ်ဘေးရှောင်များသည် ယခုလအတွင်း၌ စစ်ကောင်စီ၏ ဝေဟင်၊ မြေပြင်တို့မှ ထိုးစစ်ဆင်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်နေသည်ဟု သိရသည်။

ပုံစာ – ဗုံးကြဲမှုကြောင့် မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံးပျက်စီးမှုများ ။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
နေ့စဉ်သတင်း
Share. Facebook Twitter WhatsApp
Previous Article” သူ့အမေက စျေးဝယ်သွားနေတာ ရွာထဲလက်နက်ကြီးကျတယ်ပြောလို့ အပြေးပြန်သွားတော့ သမီးလေးကိုသေနေတာတွေ့ရပြီး မေ့မျောသွားတာ “
Next Article အင်အား ၁၀၀ ကျော်စစ်ကြောင်း ကသာ၊ န​န့်စမ်းကျေးရွာကို မီးတင်ရှို့နေ
thanlwinkhet
  • Website

Related Posts

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025

ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.