ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ ကိုယ်ပိုင်ဆေးခန်းဖွင့်
******************************
ဇန်နဝါရီ ၂၇ ၊ ၂၀၂၃ ။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ စစ်ရေးမစ်ရှစ်များစွာ ဆောင်ရွက်နေသည့် ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့သည် ကိုယ်ပိုင်ဆေးခန်းတစ်ခုကို ဖွင်လှစ်နိုင်ခဲ့သည်ဟု သိရသည်။
ရေးဘီလူးတပ်ဖွဲ့၏ စခန်းတွင်းတစ်နေရာ၌ ဆေးခန်းဖွင့်လှစ်လိုက်ခြင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်တွင် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဖော်ပြခဲ့သည်။
” ဆေးခန်းကို ကျွန်တော်တို့ ၁၅ သိန်းကျော်ကျော် လောက်ဆေးဝါးတွေ ဝယ်ပြီးဖွင့်လှစ်လိုက်တယ်။ ပြီးတော့ကျွန်တော်တို့တပ်ဖွဲ့ထဲက ဆေးသူနာပြုသင်တန်းတွေ တက်ပြီးတော့ ဖွင့်လှစ်လိုက်တာဖြစ်တယ်။ ဆေးခန်းကိုကျတော့ အနီးအနားက သူတွေလာတက်လို့ရတယ်။ နောက်ရဲဘော်တွေရဲ့ အခက်အခဲ မကြုံရအောင် စဥ်းစားပြီး အမြန်ဆုံး ဖွင့်လှစ်လိုက်တာပေါ့ ” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က သံလွင်ခက်ကို ပြောသည်။
ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများအပါအဝင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တယားများ လည်ပတ်စေနိုင်ရန် စစ်ကောင်စီဒေါက်တိုင်များကို ဖြိုချ၊ ဖျက်ဆီးသည့် မစ်ရှင်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်နေသော ရေးဘီလူးတပ်ဖွဲ့သည် နယ်မြေထိန်ချုပ်မှုများကိုပါ ဆောင်ရွက်လာခဲ့သည်။
ယခုလ ဇန်နဝါရီလ ၁၉ ရက်တွင် ရေးမြို့နှင့် ၂ မိုင်ခန့်အကွာရှိ ကျုံလောင်းရွာဟောင်းကို ရေးဘီလူးတပ်ဖွဲ့က ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးများ ပြုလုပ်ခဲ့သည်။